ဝိတ်ကျချင်ပေမယ့် လေ့ကျင့်ခန်း မလုပ်ချင် ဖြစ်နေပါသလား။ လေ့ကျင့်ခန်း မလုပ်လည်း ဝိတ်ကျတယ်ဆိုတဲ့ ဆေး လေးများ မရှိဘူးလားဆိုပြီး စိတ်ကူးယဥ်နေပါသလား။

ဒါဆိုရင်တော့ ကွီးတို့ စိတ်ကူးယဥ်နေတာကို ရပ်တန်းက ရပ်လိုက်ပါတော့။ ကမ္ဘာပေါ်မှာ လေ့ကျင့်ခန်း မလုပ်ဘဲ သူ့အလိုလို ဝိတ်ကျသွားတယ်ဆိုတဲ့ ဆေး မရှိသေးပါဘူး။

ကွီးတို့က အမှန်တကယ် ဝိတ်ကျချင်တယ်ဆိုရင် မပျင်းမရိဘဲနဲ့ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရမှန်းမသိ ဖြစ်နေပါသလား။ ဒါဆိုရင်တော့ ဒီလေ့ကျင့်ခန်းများကို ပြုလုပ်ကြည့်လိုက်ပါ။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း

Source: Menshealth

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ လက်နှစ်ဖက်ကိုလည်း ဘေးတစ်ဖက်တစ်ချက်စီမှာ ချထားလိုက်ပါ။ ထို့နောက် တင်ပါးကြွက်သားကို ညှစ်ပြီး တင်ပါးကို အပေါ်သို့ မြှောက်လိုက်ပါ။ စုစုပေါင်း ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားပါ။ ဒူးနှစ်ဖက်ကို အနည်းငယ်ကွေးထားကာ ခါးက တစ်ဝက်ခန့် ကိုင်းညွှတ်ထားပါ။ လက်နှစ်ဖက်က အလေးတုံး ကိုင်ထားပါ။  ထို့နောက် ဒူးနှစ်ဖက်ကို ဆန့်တန်းကာ ခါး မတ်မတ်ပြန်နေပါ။  တစ်ဖန် ဒူးကွေးကာ ခါးကို ပြန်ကွေးညွှတ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

လေ့ကျင့်ခန်း ဆေး

ဒီလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာတော့ စက်အကူအညီနဲ့ လွယ်လွယ်ကူကူ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ စက် ခြေနင်းပေါ် တက်ပြီး ဘယ်တစ်ချက် ညာတစ်ချက်စီ နင်းပေးရမှာပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် နင်းပေးပါက လုံလောက်ပါတယ်။

လေ့ကျင့်ခန်း (၄)

လေ့ကျင့်ခန်း ဆေး

ဒီလေ့ကျင့်ခန်းကိုလုပ်မယ်ဆိုလျှင် ပထမဆုံးအနေနဲ့ မတ်မတ်ရပ်ပါ။ ပြီးလျှင် ဘေးနှစ်ဖက်တွင် Dumbbell အလေးတုံးများကို ကိုင်ထားပါ။

ထို့နောက် မတ်တပ်ရပ်နေသော အနေအထားကနေ ဘယ်ခြေထောက်ဖြင့် ရှေ့တစ်လှမ်းတိုးကာ ဒူးနှစ်ဖက်ကို ၉၀ ဒီဂရီကွေးပြီး တင်ပါးကို ကြမ်းပြင်ဆီသို့ နှိမ့်ချလိုက်ပါ။

ထိုအခါ ညာခြေရဲ့ဒူးဆစ်သည် ကြမ်းပြင်ဆီသို့ ကွေးညွှတ်သွားသော်လည်း အမှန်တကယ်ကြမ်းပြင်ကိုမထိပါဘဲ ခြေကျင်းဝတ်အပေါ်နား လောက်သာရှိသင့်ပါတယ်။

ထို့နောက် ဘယ်ခြေထောက်ကို ကွေးညွှတ်စေပြီး ညာခြေထောက်ကိုတစ်ဖန် ရှေ့သို့ တစ်လှမ်းတိုးပါ။

ထို့သို့ဖြင့် ရှေ့ကို ဘယ်ခြေတစ်လှည့် ညာခြေတစ်လှည့် လုပ်သွားပါ။

လေ့ကျင့်ခန်း (၅)

လေ့ကျင့်ခန်း ဆေး

ကွီးတို့အကြိုက်ဆုံး လေ့ကျင့်ခန်းပါပဲ။ အချိန်ကုန်တာ မြန်တယ်လို့ထင်ရင် ဒီလေ့ကျင့်ခန်းကိုသာ ပြုလုပ်ကြည့်လိုက်ပါ။ တစ်မိနစ်က တစ်နာရီအလား ကြာလွန်းလှတာကို သိသွားပါလိမ့်မယ်။ စစချင်းပြုလုပ်တဲ့ရက်မှာတော့ စက္ကန့် ၃၀ လောက် ပြုလုပ်ပြီး တဖြည်းဖြည်းနဲ့ အချိန်ကို တိုးမြှင့်ကာ ပြုလုပ်ပေးနိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ဖို့ ရယ်ဒီပဲလား။

ကွီးတို့သာ ဒီလေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်မယ်ဆိုရင်တော့ ကွီးတို့ ခန္ဓာကိုယ်က ဟောလိဝုဒ် မင်းသားတောင် အရှုံးပေးသွားရမှာပါ။

Source: Mensjournal

Featured Image: Stock.adobe.com