ယနေ့ခေတ်ရဲ့ စားသောက်နေထိုင်မှုပုံစံကြောင့်ဖြစ်စေ၊ အမျိုးမျိုးသော အစားအစာတွေကြောင့်ဖြစ်စေ၊ အထိုင်များလို့ဖြစ်စေ၊ ဝမ်းဗိုက်ပိုင်းမှာအဆီတွေ စုလာကြပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြောင့် နဲ့ ကိုယ်လက် လှုပ်ရှားမှုနည်းလို့ ဖြစ်စေ ဗိုက်မှာ အဆီတွေစုနေတာမျိုးဖြစ်နိုင်ပါတယ်။ လူတချို့က ခန္ဓာကိုယ် ဝပြီး ၀မ်းဗိုက်မှာပါ အဆီစုပါတယ်။ တချို့ကလည်း ခန္ဓာကိုယ် ပိန်ပေမဲ့ ဝမ်းဗိုက်မှာပဲ အဆီ စုနေမျိုးဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်မှာ အဆီတွေစုနေတာဟာ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ရင်းနဲ့ ဝမ်းဗိုက်ကအဆီကျဖို့ လေ့ကျင့်ခန်းတွေပါ ထည့်သွင်းသင့်ပါတယ်။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်စေ၊ လုပ်လို့ရတဲ့ ဝမ်းဗိုက်က အဆီတွေ လောင်ကျွမ်းစေဖို့ အကူကိရိယာမလိုတဲ့ Workout များ ကိုဖော်ပြပေးချင်ပါတယ်။

(၁) Plank

ဝမ်းဗိုက်က Workout

Photo : Gfycat

ဝမ်းဗိုက်က အဆီတွေ လောင်ကျွမ်းစေဖို့ အကူကိရိယာမလိုတဲ့ Workout တွေကိုပြောမယ်ဆိုရင် Plank ထောက်ခြင်းကတော့ မပါမဖြစ်ပါပဲ။ Plank ထောက်ခြင်းက ကွီးတို့ရဲ့ ဝမ်းဗိုက်အဆီသာမက တစ်ကိုယ်လုံးက အဆီတွေကိုပါ လောင်ကျွမ်းစေတဲ့ တစ်ကယ်ကိုထိရောက်မှုရှိတဲ့ Workout ပဲဖြစ်ပါတယ်။ Plank ထောက်မယ်ဆိုရင် အရင်ဆုံး ပုံစံအနေအထားမှန်မှန် ဖြစ်ဖို့ အရေးကြီးပါတယ်။ အခုမှ စလုပ်မဲ့လူတွေကတော့ Plank ကို စက္ကန့် ၃၀ ခန့်ထောက်ပြီးနောက် ၁ မိနစ်နဲ့ ၂ မိနစ်အထိ ထိန်းနိုင်အောင် ကြိုးစားပါ။ တစ်ခေါက်နဲ့ တစ်ခေါက်ကြားထဲမှာ ၁၀ စက္ကန့်ခန့်အနားယူပါ။

(၂) Sit-Ups

ဝမ်းဗိုက်က Workout

Photo : 24 Life

Sits-Ups တစ်နည်းအားဖြင့် အိပ်ထမတင်ပြုလုပ်ခြင်းက ချပ်ရပ်သော ဗိုက်ဖြစ်စေရန် ရေပန်းအစားဆုံးနှင့် အသုံးအများဆုံးလေ့ကျင့်ခန်း လည်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်အား ခံနိုင်ရည်ရှိစေမဲ့ လေ့ကျင့်မှုဖြစ်ပြီး ဝမ်းဗိုက်ကြွက်သားများကို လုံးဝ ပစ်မှတ်ထားတဲ့လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဦးစွာ ဖျာပေါ်တွင် လှဲလိုက်ပြီး ခြေဖဝါးကိုကြမ်းပြင်တွင်ချထားပါ။ ထို့နောက် လက်များကိုရင်ဘတ်မှာ ကပ်ပြီးဝမ်းဗိုက်နဲ့ ပခုံးကြွက်သားများကိုသုံး၍ ဖြည်းဖြည်းချင်း ခေါင်းကိုမတ်ပြီးပြန်ချပါ။

(၃) Lying Leg Raises

Fat belly

Photo : Delhi Royale

ဝမ်းဗိုက်က အဆီတွေကျစေဖို့ နောက်ထပ် Workout တစ်ခုကတော့ Lying Leg Raises ပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် အရင်ဆုံး ဖျာပေါ်တွင် လှဲ အိပ်ပါ။ ထို့နောက် လက်ဖဝါးများကို မှောက်လျက် ကြမ်းပြင်ပေါ်တွင်ချထားပါ။ ခြေဖဝါးကို ကြမ်းပြင်မှ ကြွပါ။ ခြေထောက်နှစ်ဖက်လုံးကို ၉၀ ဒီဂရီ အထိမြှင့်ပြီး ဖြေးဖြေးချင်း ပြန်ချပါ။ ခြေထောက်များကို ကြမ်းပြင် အထိမချဘဲ နောက်တစ်ကြိမ် ထပ်ပြီး ၉၀ ဒီဂရီ အထိပြန်မြှင့်ပါ။ ထိုသို့ ၁၅ ကြိမ် ၃ ခါလုပ်ပါ။ ခြေထောက်များကို ပြန်ချချိန်တွင် ကြမ်းပြင်နဲ့ လုံးဝမထိပါနဲ့။ ခြေထောက်များကို မြှောက်ထားနိုင်ဖို့ တင်ပါးကိုလက်နဲ့တွန်းထားပြီး အားယူပါ။

အခုဖော်ပြပေးလိုက်တဲ့ ဝမ်းဗိုက်က အဆီတွေ လောင်ကျွမ်းစေဖို့ အကူကိရိယာမလိုတဲ့ Workout များကို ကွီးတို့အနေနဲ့ Gym သွားစရာမလိုဘဲ၊ ကိုယ့်အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်လို့ ရပါတယ်။

Source : Swirster

Featured Photo : Men’s Journal