ဝိတ်ကျချင်နေတဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ ပျော်စရာကောင်းပြီး ရိုးရှင်းတဲ့ Cardio လေ့ကျင့်ခန်းတွေက အဆီနဲ့ ကယ်လိုရီများစွာကို လောင်ကျွမ်းစေတယ်ဆိုတာ သိပါသလား။ ကွီးတို့အနေနဲ့ အရမ်းကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်မှ ဝိတ်ကျနိုင်မယ်လို့ ထင်တဲ့အတွေးကို ရပ်တန့်ပစ်လိုက်ပါ။ ဒီနေ့မှာတော့ ဝိတ်ကျချင်တဲ့ ကွီးတို့အတွက် အကောင်းဆုံး နဲ့ ရိုးရှင်းလွယ်ကူတဲ့ Cardio လေ့ကျင့်ခန်းများကို ဝေမျှသွားပါမယ်။

(၁) လမ်းလျှောက်ခြင်း

ဝိတ်ကျချင်တဲ့ Cardio

Photo : FITrebel

ဝိတ်ကျချင်တဲ့ ကွီးတို့ အတွက် အကောင်းဆုံး Cardio လေ့ကျင့်ခန်းတွေထဲက အရိုးရှင်းဆုံး တစ်ခုကတော့ လမ်းလျှောက်ခြင်း ပဲဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းက ကယ်လိုရီများကို လောင်ကျွမ်းစေသည့် နည်းလမ်းကောင်း တစ်ခုသာမကဘဲ လူအများစု အထူးသဖြင့် အသက်အရွယ်မရွေး လုပ်ဆောင်နိုင်တဲ့ ထိခိုက်မှုနည်းပါးသည့် လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။ တစ်နာရီ လမ်းလျှောက်ခြင်းဖြင့် ကယ်လ်လိုရီ ၃၀၀ ကနေ ၄၀၀ အထိ လောင်ကျွမ်းစေပါတယ်။ သို့သော် အေးအေးဆေးဆေး လမ်းလျှောက်ခြင်းမျိုးထက် ခပ်သွက်သွက် လမ်းလျှောက်ခြင်းက ပိုပြီး ထိရောက်ပါတယ်။ တစ်နေ့လျှင် မနက်စောစော အနည်းဆုံး နာရီဝက်ခန့် ခပ်သွက်သွက် လမ်းလျှောက်ပေးပါ။

(၂) လှေကား အတတ်အဆင်းတွင်ပြေးခြင်း

ဝိတ်ကျချင်တဲ့ Cardio

Photo : Muscle & Fitness

ရိုးရှင်းသော လှေကားအတတ်အဆင်း လုပ်ခြင်းကလည်း ဝိတ်ကျချင်တဲ့ ကွီးတို့အတွက် တကယ်ကို ထိရောက်မှု ကြီးမားတဲ့ အကောင်းဆုံး Cardio လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း ကဲ့သို့ပင် လှေကား အတက်အဆင်းတွင် ပြေးခြင်းကလည်း ကယ်လိုရီလောင်ကျွမ်းမှုကို ကြီးမားစေပါတယ်။ တစ်နာရီကြာ လှေကားထစ်များတွင် ပြေးခြင်းက ကယ်လိုရီ ၁၀၀၀ ကိုလောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ကွီးတို့အနေနဲ့ တစ်ခုထက်ပိုတဲ့ လှေကားထစ်များ ကိုရှာရန်တော့ လိုပါတယ်။ အိမ်မှာလုပ်ချင်ရင်တော့ ကိုယ့်အိမ်တွင်းက လှေကားထစ်များမှာ ခပ်သွက်သွက် အဆင်းအတတ် လုပ်ပေးတာမျိုး လုပ်လို့ရပါတယ်။ လှေကားထစ်များစွာရှိပြီး အတန်ငယ်မြင့်တဲ့နေရာတွေမှာ လုပ်မယ်ဆိုရင်တော့ ထိခိုက်ဒဏ်ရာ မဖြစ်အောင် ဂရုစိုက်ဖို့ လိုပါတယ်နော်။

(၃) ကြိုးခုန်ခြင်း

exercise

Photo : Times of India

နောက် ဖော်ပြပေးချင်တဲ့ Cardio လေ့ကျင့်ခန်း တစ်ခုကတော့ ကြိုးခုန်ခြင်းပဲ ဖြစ်ပါတယ်။ ကြိုးခုန်ခြင်းက တစ်နာရီကို ကယ်လိုရီ ၆၀၀ ခန့်လောင်ကျွမ်းစေပါတယ်။ ကြိုးခုန်ခြင်းက ပိုလျှံနေတဲ့ ကယ်လိုရီတွေ လျင်မြန်ထိရောက်စွာ လောင်ကျွမ်းစေရုံသာမက ကွီးတို့ရဲ့ အရိုးသိပ်သည်းဆကို အထောက်အကူပြုပြီး ခြေထောက်များကို ပိုမိုသန်မာစေပါတယ်။ နှလုံးကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ကွီးတို့ရေ အခု ဖော်ပြပေးလိုက်တာကတော့ ဝိတ်ကျချင်တဲ့ ကွီးတို့ အတွက် အကောင်းဆုံး Cardio လေ့ကျင့်ခန်းများ ပဲ ဖြစ်ပါတယ်။ အခု ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေက ဘာအကူကိရိယာမှမလိုဘဲ ကွီးတို့အဆင်ပြေတဲ့ အချိန်မှာ လုပ်လို့ရတယ်အပြင် အမှန်တကယ်ထိရောက်တဲ့ လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ ထို့ပြင် အခြားလေ့ကျင့်ခန်းများဖြစ်တဲ့ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်း စတဲ့ လေ့ကျင့်ခန်းများကိုလည်း လုပ်လို့ရပါတယ်။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဝိတ်ကျဖို့ အတွက်သာမကဘဲ ခန္ဓာကိုယ် အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အကျိူးကျေးဇူးများစွာကို ရရှိစေပါတယ်။

Source : Get Healthy

Featured Photo : Shopc