ဒီဆောင်းပါးလေးကတော့ ဝိတ်မချ ချင်ဘူး ဝိတ်တက်အောင် ပြုလုပ်ချင်တယ်ဆိုတဲ့ ကွီး တို့နဲ့ မသက်ဆိုင်တဲ့ ဆောင်းပါးတစ်ခုပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခုဆက်လက်ဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကတော့ ဝိတ်ချဖို့ ကြိုးစားနေသူများအတွက်ပါ။

ဝိတ်မချ ချင်တဲ့ ကွီး တို့ကတော့ Weight Gain ဆောင်းပါးလေးကို အစားထိုးဖတ်ရှုနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ အဆီပိုများကြောင့် စိတ်ညစ်နေရတဲ့ ကွီးတို့ကတော့ ဒီနေ့ကစပြီး ဒီလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ အချိန်အတိုင်းအတာတစ်ခုကျော်လွန်သွားတဲ့အခါ ခန္ဓာကိုယ်ရှိ အဆီပိုများ ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

ဝိတ်မချ ကွီး

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။ ပြုလုပ်ရမယ့် အကြိမ်ရေကတော့ အကြိမ် ၂၀ ၊ ၃ ကျော့ပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ဝိတ်မချ ကွီး

Source: The Progrm

ဒီလေ့ကျင့်ခန်းလေးရဲ့ နာမည်ကတော့ Box Jumps ပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် သေတ္တာတစ်လုံး (သို့) ခုံတစ်လုံး လိုအပ်ပါလိမ့်မယ်။ ကွီးတို့က ထိုခုံပေါ်မှာ ပုံပါအတိုင်း ခုံရမှာပဲဖြစ်ပါတယ်။ အကြိမ်ရေကတော့ ၁၀ ကြိမ်၊ ၃ ကျော့ပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ဝိတ်မချ ကွီး

Source: Menshealth

လေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် ပုံပါအတိုင်း အရင်ဦးဆုံး လှဲလျောင်းနေပါ။ ထို့နောက် ပုံပါအတိုင်း ဒူးခေါင်းကို တဖြည်းဖြည်းချင်းစီ ထောင်လိုက်ရမှာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ဝိတ်မချ ကွီး

Source: Gifs.com

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် အလေးတုံး နှစ်တုံး လိုအပ်ပါလိမ့်မယ်။ အလေးတုံးကို ဆွဲမကာ လက်ကို အပေါ်သို့ ပင့်တင်ရမှာဖြစ်ပါတယ်။ တစ်ဖက်စီကို ၁၀ ကြိမ်၊ ၃ ခါ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

man workout

Source: Gfycat

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုက်ထိုးလေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

man workout

နောက်လေ့ကျင့်ခန်းတစ်ခုကတော့ ပြေးစက်ပေါ်မှာ ၁၀ မိနစ်ခန့် ပြေးရမှာပဲဖြစ်ပါတယ်။ ပြေးနေစဥ်အတွင်းမှာ အသက်ကို မှန်မှန် ရှူသွင်း ရှူထုတ် ပြုလုပ်ဖို့လည်း မမေ့ပါနဲ့။

လေ့ကျင့်ခန်း (၇)

man workout

Source: Menshealth

ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်နေပါ။ ထို့နောက် လက်နှစ်ဖက်ကို ဘေးတစ်ဖက် တစ်ချက်စီသို့ ဆန့်ထုတ်ကာ အပေါ်သို့ ပျံသန်းရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၈)

man workout

Source: Pinterest

ခြေထောက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ထားလိုက်ပါ။ ထို့နောက် ဝမ်းဗိုက်ကြွက်သားအားကို အသုံးပြုကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွပေးလိုက်ပါ။ စုစုပေါင်း ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

Source: Nuffieldhealth

Featured Image: Freepik