ဝီစကီ Whiskey ကောင်းတစ်ခွက်ဟာ သူ့ချည်းသက်သက်လည်း သောက်လို့ကောင်းတာပါပဲ။ ဒါပေမယ့်လည်း အစားအသောက်ကောင်းကောင်းနဲ့ တွဲဖက်လိုက်ရင် အပြစ်ဆိုရက်စရာမရှိတဲ့ ယမကာဝိုင်းတစ်ခုဖြစ်သွားနိုင်ပါတယ်။ ဝီစကီ Whiskey အနေနဲ့ ဘော်ဘွန်း ၊ စကော့ ၊ Rye ၊ ဂျပန် ဝီစကီ ကြိုက်နှစ်သက်သလို သောက်နိုင်ပြီး ဒီ ဝီစကီ Whiskey တွေအတွက် အလိုက်ဖက်ဆုံး မြည်းစရာ တွေအကြောင်းကိုတော့ ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) Dark Chocolate

Chocolate

Photo : the whiskypedia

ဟိုးရှေးရှေးကတည်းက စကော့တလန်သားကြီးတွေဟာ Scotch သောက်မယ်ဆိုရင် ချောကလက်လေး ဘေးချပြီး မြည်းလေ့ရှိကြတယ်လို့ ဆိုပါတယ်။ Dark Chocolate တွေဟာ စကော့ ဝီစကီ Whiskey တင် မဟုတ်ဘဲ ဘော်ဘွန်းတွေနဲ့လည်း တွဲမြည်းလို့ ကောင်းတယ်လို့ ဆိုပါတယ်။ Dark Chocolate အရည်ကို ဖြစ်ဖြစ် ချောကလက်တုံးလိုက် ဖြစ်ဖြစ် ဝီစကီ Whiskey ထဲ နှစ်ထားပြီးလည်း မြည်းစမ်းနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဝီစကီလေး တစ်ကျိုက်လောက် ချပြီး အရသာခံပြီးမှ ချောကလက်လေး ကိုက်မြုံ့ရတာလည်း အရသာတစ်မျိုး ဖြစ်စေမှာပါ။

(၂) Cheese

Cheese

Photo : the whiskypedia

Cheese နဲ့ ဝီစကီ Whiskey တို့ တွဲဖက်လိုက်တဲ့ အရသာဟာ သစ်သီးနံ့ ၊ သစ်စေ့သစ်ဆံနံ့လည်း ရွှမ်းသလို ကျပ်ခိုးနံ့ Smoky မျိုးလည်း ထွက်စေပါတယ်။ ကွဲပြားတဲ့ ရနံ့တွေ လျှာပေါ်မှာ ဟိုဒီပြေးနေတာကို ဖမ်းရင်း ယစ်မူးစေမယ့် အရသာမျိုးပါ။ ၁၂ နှစ်သားလိုမျိုး သက်တမ်းရင့် ဝီစကီ Whiskey မျိုးတွေဆို အငံဓါတ်ကဲတဲ့ Cheddar ချိစ်မျိုးနဲ့ တွဲဖက် မြည်းသင့်ပါတယ်။ အဝင်ညက်ပြီး Smooth ဖြစ်တဲ့ ဝီစကီ Whiskey မျိုးဆိုရင်တော့ ခရင်မ်ပြည့် Cow Cheese ပျော့လေးနဲ့ အရသာခံသင့်ပါတယ်။ ဒါက ကော့တ်တေးလ်ပါတီတွေအတွက် အလိုက်ဖက်ဆုံး မြည်းစရာပါပဲ။ သစ်သီးနံ့လေး ထည့်စွက်ချင်ရင်လည်း ဖြစ်ပါတယ်။ အရသာက Smoky ဖြစ်တဲ့အပြင် လတ်ဆတ်တဲ့ ရနံ့လည်း ထွက်လာစေနိုင်ပါတယ်။

(၃) Steaks And Meat

Steaks

Photo : the whiskypedia

အမဲကင် Steak နဲ့ တခြား အသားတောက်တောက်စင်းလုံးကြော်တွေကလည်း ဝီစကီ Whiskey နဲ့ အလိုက်ဖက်ဆုံးထဲမှာ ပါပါတယ်။ အသားကင်ရဲ့ ရနံ့ဟာ ဝီစကီ Whiskey ရဲ့ ပြင်းရှတဲ့ ဆွဲဆောင်မှုကို ပိုလို့ နှိုးဆွပေးနိုင်ပါတယ်။ ဘော်ဘွန်းလို အရသာ အချိုဘက်ရောက်တဲ့ ဝီစကီ Whiskey တွေမှာ ကျပ်တိုက်နံ့ပါတဲ့ အသားကင် Steak တွေက အတော်လေး လိုက်ဖက်ပါတယ်။ သိပ်မပြင်းတဲ့ ခပ်ပျော့ပျော့ Light ဆန်တဲ့ ဝီစကီ Whiskey တွေမှာဆို အသားခြောက် ကင်/ကြော်တွေက ဆွဲဆောင်မှုပို ရှိပါတယ်။ အယ်လ်ကိုဟော ပါဝင်မှု မြင့်တဲ့ Peaty Drinks တွေမှာလည်း အသားလုံးကြော်တွေက အဆင်ပြေပါတယ်။ အထူးသဖြင့် စကော့ချ် ခပ်ပြင်းပြင်းမျိုး ဖြစ်ပါတယ်။

(၄) Seafoods

Seafood

Photo : the whiskypedia

တကယ်လို့ ကွီးတို့ အနီးအနားမှာ ပင်လယ်စာ စားသောက်ဆိုင်ကောင်းကောင်းရှိရင်လည်း ဝီစကီ Whiskey အတွက် အကောင်းဆုံးအမြည်း ထူးပြီး ရှာစရာ မလိုတော့ပါဘူး။ အငံဓါတ်ပါပြီး ခပ်ရှရှ Spicy ဆန်တဲ့ သစ်သီးနံ့ပါ ဝီစကီတွေ သောက်မယ်ဆိုရင် ပင်လယ်စာ Seafoods တွေက အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ အရသာပိုကောင်းဖို့ဆိုရင် ဂဏန်း ၊ တူနာ ၊ ဂုံး ၊ ဆယ်လ်မွန် ၊ ပုဇွန်နဲ့ ကမာတွေကို ပင်လယ်နံ့မပျောက်ဘဲ ဖန်တီးထားတဲ့ အစားအသောက်တွေ ရွေးချယ်သင့်ပါတယ်။

ဒါတွေကတော့ ဘယ် ဝီစကီ Whiskey နဲ့ မဆို လိုက်ဖက်တဲ့ မြည်းစရာ အမယ်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဝီစကီ Whisky အမျိုးအစားပေါ်လိုက်ပြီး သီးသန့် ရွေးချယ်နိုင်တဲ့ အမြည်းလေးတွေလည်း ရှိပါတယ်။ ချိုပြီး Full-Bodied အနှစ်ပြည့်အရသာ ထွက်တဲ့ Bourbon တွေဆိုရင် အာလူးကြော် Kettle-Style Potato Chips ၊ ဂျာမန် ဝက်အူချောင်းချဉ်စပ် Bratwurst / Kielbasa ၊ ကမာကောင်ဆော့စ်ချဉ်စပ် Oysters Rokefeller ၊ Manchego/Emmental ချိစ် ၊ Candied Pecans စွန်ပလွန်ယိုတို့က လိုက်ဖက်ပြီးသားပါ။

Rye ဝီစကီ Whiskey အတွက် Tangy Goat Cheese ၊ Onion Rings ကြော် ၊ ပုဇွန်ကော့တ်တေးလ် ၊ စွန်ပလွန်သီး ဆားငံအရသာ နဲ့ Spicy Dark Chocolate တို့က အကောင်းဆုံး တွဲဖက်အမြည်းတွေ ဖြစ်ပြီး Single Malt ဝီစကီ Whiskey အတွက်ဆို Cheddar Cheese ၊ ရို့စ်မယ်ရီ နဲ့ သံလွင်ဆီပေါင်းပြီး ဖုတ်ထားတဲ့ အီတလီပေါင်မုန့် Focaccia ၊ ဆယ်လ်မွန် ကျပ်တိုက် Smoked Salmon ၊ အယ်လ်မွန်စေ့လှော် ၊ Devils on Horseback လို့ခေါ်တဲ့ ချိစ် ၊ အစေ့အဆံနဲ့ ဝက်ပေါက်ခြောက်တွေ ပါဝင်တဲ့ Appetizer တို့က အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။

Blended Whisky တွေထဲမှာဆို ကနေဒီယန် နဲ့ အိုင်းရစ် ဝီစကီ Whiskey တို့အတွက် Cheese Cracker ၊ Dark Chocolate ၊ စကင်ဒီနေးဗီးယားရဲ့ ကျော်ကြားလှတဲ့ ဝက်အသည်း ၊ ကြက်သွန်နီ ၊ ကြက်ဥ ၊ ဂျုံမုန့် ၊ ငရုတ်ကောင်းတွေ ပါတဲ့ Liver Pate တို့နဲ့ တွဲဖက်ဖို့ အသင့်ဆုံးပါပဲ။

Featured Photo : the whiskypedia