ဒီကနေ့ ည ဇွန်လ (၁)ရက်နေ့ မနက်အစောပိုင်း ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့က ပွတ်ရှ်ကပ် အရီနာ ဘောလုံးကွင်းကြီးမှာ ယူရိုပါလိဂ် သခင်ကြီး ဆီဗီလာအသင်း နဲ့ UEFA Finals ပွဲတိုင်းမှာ ဗိုလ်စွဲထားသူ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းတို့က ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားကြပါမယ်။

Photo Credit : Eurosport

ဆီဗီလာက လာလီဂါမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေတာ သူတို့အသင်းရဲ့ နည်းပြ အပြောင်းအလဲကို ကြည့်ကြည့်ရင် သိနိုင်ပါတယ်။ တစ်ရာသီတည်းမှာပဲ နည်းပြ (၃)ဦးအထိ အပြောင်းအလဲ လုပ်ထားရတဲ့ ဆီဗီလာက အခုမှသာ မန်ဒီလီဘာကို ခန့်အပ်ပြီးနောက်မှ အသင်းက နည်းနည်း ဟန်ချက်ညီလာခဲ့တာပါ။ နောက်ပြီး ဆီဗီလာက ရီးယဲလ်လိုပါပဲ။ လာလီဂါမှာသာ form မကောင်းရင်နေမယ် ဥရောပ ပြိုင်ပွဲတွေမှာတော့ ရလဒ်ပိုင်းတွေက အံ့အားသင့်လောက်အောင် ကောင်းမွန်တတ်ပြီး ယူရိုပါလိဂ်မှာလည်း ဖလား (၆)ကြိမ်အထိ ပိုင်ဆိုင်ထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ်နဲ့ ရပ်တည်နေပါတယ်။

jose mourinho

Photo Credit : AS USA – Diario AS

တစ်ဖက်က ရိုးမားကတော့ ပြီးခဲ့တဲ့ ရာသီကမှ ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့တာပါ။ ဒါပေမယ့် ရိုးမားမှာ ဆျာမော်ဆိုတဲ့ မော်ရင်ဟို ရှိနေပါတယ်။ မော်ရင်ဟိုဆိုတာကလည်း ဘောလုံးလောကမှာ အရမ်းကို အထင်ကြီးလောက်စရာ အောင်မြင်မှုတွေကို ဆွတ်ခူးထားနိုင်တဲ့ နည်းပြကြီး ဖြစ်သလို ဥရောပပြိုင်ပွဲတွေရဲ့ ဖိုင်နယ်ပွဲတွေဆီ ရောက်ရှိချိန်တိုင်းမှာလည်း သူ ကိုင်တွယ်တဲ့ အသင်းတိုင်းကို ဖလားရအောင် စွမ်းဆောင်ပေးနိုင်သူပါ။ ဒါကြောင့် ဒီလို နည်းပြကြီးနဲ့ ယူရိုပါလိဂ် ဖိုင်နယ်တိုင်းမှာ အနိုင်ရယူထားဖူးတဲ့ ဆီဗီလာလို အသင်းမျိုး ထိပ်တိုက် တွေ့ဆုံတာဟာ တကယ်ကြီးကို စိတ်ဝင်စားစရာပါ။

europa league final

Photo Credit : Lavisionweb

ဒီလို တွေ့ဆုံမှုမှာ ဘယ်အသင်းက အသာရသွားမလဲဆိုတာ စဉ်းစားရ ခက်နိုင်ပါတယ်။ သေချာတာကတော့ ဆျာမော်ဟာ ခံစစ် အသားပေး နည်းစနစ်ကို ဦးစားပေးလာနိုင်ပြီး တစ်ဖက်က ယူရိုပါလိဂ် အတွေ့အကြုံရင့် အသင်း ဖြစ်နေတာတောင်မှ မန်ဒီလီဘာလို ဥရောပ အတွေ့အကြုံ နည်းပါးသူကို မော်ရင်ဟိုက သူ့နည်းစနစ်တွေနဲ့ ဒုက္ခ ကောင်းကောင်းပေးနိုင်လိမ့်မယ်လို့တော့ ထင်မိပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဆျာ်မော်တို့ ယူရိုပါလိဂ် သခင်ကြီးကို အလဲထိုးသွားနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။