ပန်းသေပန်းညှိုးခြင်း (Erectile Dysfunction) ဟာ လိင်အင်္ဂါ သွေးစီးဆင်းမှုနဲ့ တိုက်ရိုက် ဆက်နွယ်နေတယ်ဆိုတာ ကွီးတို့သိပါသလား။ လိင်အင်္ဂါ ကမောက်ကမ,ဖြစ်ခြင်းဟာ ယူအက်မှာရှိတဲ့ အမျိုးသား ၁၈ ရာခိုင်နှုန်းကနေ ၄၇ ရာခိုင်နှုန်းအထိ သက်ရောက်လေ့ရှိပြီး အဓိကအားဖြင့် အသက်ကြီးပိုင်း အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ မျိုးရိုးဗီဇ ၊ အသက်အရွယ်နဲ့ ရောဂါအခြေအနေတွေဟာ ခန္ဓာကိုယ် သန်စွမ်းမှုနဲ့ ကြံ့ခိုင်မှုကိုလျော့ကျစေပြီး ရလဒ်အနေနဲ့ လိင်အင်္ဂါတစ်ရှူးတွေဆီ သွေးစီးဆင်းမှု ကို အနှောင့်အယှက် ဖြစ်စေတာပဲ ဖြစ်ပါတယ်။ ဒီကနေတဆင့် ပန်းသေပန်းညှိုးခြင်း ၊ လိင်အင်္ဂါ သန်စွမ်းမှု လျော့ကျခြင်းတွေ ဖြစ်လာတာပါ။ လိင်အင်္ဂါ သွေးစီးဆင်းမှု ကောင်းစေဖို့အတွက် ဆိုရင်တော့ လေ့ကျင့်ခန်း နည်းတွေနဲ့ ပြန်လည်ကုစားလို့ ရပါတယ်။ ကဲဒါဆို ကွီးတို့ ဆေးဝါး အကူအညီတွေ ယူစရာမလိုပဲ သဘာဝအတိုင်း သန်စွမ်းချင်ရင်တော့ အခုပြောပြမယ့် လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။

(၁) Kegel လေ့ကျင့်ခန်း

လေ့ကျင့်ခန်း

Photo : Wil – Male Pelvic Floor Trainer

Kegel လေ့ကျင့်ခန်းတွေဟာ တင်ပါးဆုံတွင်းကြွက်သားတွေကို ပစ်မှတ်ထားတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက အမျိုးသားတွေရဲ့ ဆီးအိမ်ကြွက်သား ကျုံ့ဆန့်နိုင်စွမ်းကို ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ကူညီပေးသလို လိင်အင်္ဂါသွေးစီးဆင်းမှု ကောင်းစေတဲ့အတွက် လိင်တံ တောင်မတ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

(၂) Aerobic လေ့ကျင့်ခန်း

လေ့ကျင့်ခန်း

Photo : 30 Day Fitness Challenge

Aerobic လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ လိင်အင်္ဂါ သန်စွမ်းမှုလျော့ကျတဲ့ အမျိုးသားတွေအတွက် အထူးသင့်လျော်ပါတယ်။ လိင်အင်္ဂါကမောက်ကမဖြစ်တာ ၊ ထောင်မတ်နိုင်စွမ်း လျော့ကျတာ စတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ဆိုရင် Cardio Training တွေက သေချာပေါက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေပါ။ Cardio လေ့ကျင့်ခန်းတွေထဲမှာ Rowing ဆွဲတာ ၊ လက်ဝှေ့ထိုးတာ ၊ ပြေးတာနဲ့ စက်ဘီးနင်းတဲ့အပြင် တခြားသော ရွေးချယ်ကစားနိုင်တဲ့ ကစားနည်းတွေ များစွာရှိပါတယ်။

(၃) Squats လေ့ကျင့်ခန်း

လေ့ကျင့်ခန်း

Photo : Verywell Fit

Squats ထိုင်တာဟာ ပေါင်ခြံနဲ့ တင်ပါးဆုံကြွက်သားတွေဆီ သွေးစီးဆင်းမှုကို မြှင့်တင်ပေးနိုင်တဲ့ အကျိုးကျေးဇူး အများဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ Compound Exercise တစ်ခု ဖြစ်တာနဲ့အညီ Squat လေ့ကျင့်ခန်းဟာ Glutes ၊ Quadriceps ၊ Hamstrings ၊ ပေါင်ခြံ ၊ ခြေသလုံး ကြွက်သားတွေနဲ့ တင်ပါးဆုံ ကြွက်သားကဲ့သို့ မတူညီတဲ့ ကြွက်သားအုပ်စုတွေများစွာကို ထိရောက် မှုရှိစေပါတယ်။

(၄) Knee Fallouts လေ့ကျင့်ခန်း

လေ့ကျင့်ခန်း

Photo : Runner’s World

Knee Fallouts လေ့ကျင့်ခန်းဟာ လိင်တံ သွေးစီးဆင်းမှုကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး Pilates လေ့ကျင့်ခန်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတွေကတော့ ဝမ်းဗိုက် ကြွက်သားတွေ သန်မာစေခြင်း ၊ တင်ပါးဆုံ ကြွက်သားတွေရဲ့ တည်ငြိမ်မှု တိုးစေခြင်း ၊ ခါးနာမှုကို သက်သာစေခြင်း ၊ Core ကြွက်သားတွေကို သန်မာစေခြင်းနဲ့ လိင်အင်္ဂါတဝိုက်သွေးစီးဆင်းမှု ပိုမိုကောင်းမွန်စေခြင်းတို့ ဖြစ်ပါတယ်။

Featured Photo : Private Gym