ဖေဖော်ဝါရီလ တစ်လတာအတွင်း အကောင်းဆုံးသော ပရီးမီးယားလိဂ် ကစားသမားဆုနဲ့ နည်းပြဆုတွေကို ထုတ်ပြန် ကြေညာလာခဲ့ရာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်တို့ ဆရာ တပည့် နှစ်ဦးတို့က ဆုတွေ အသီးသီး ရယူသွားနိုင်ခဲ့ကြပါတယ်။

erik

Photo Credit : Twitter

မန်ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ပရီးမီးယားလိဂ်ပွဲပေါင်း (၄)ပွဲ ကစားခဲ့ရပြီး အဲ့ဒီ(၄)ပွဲထဲမှာ ခရစ္စတယ်ပဲလေ့စ်ကို (၂-၁) ၊ လိဒ်စ်ယူနိုက်တက်နဲ့ အဝေးကွင်းပွဲမှာ (၀-၂) ၊ လက်စတာကို (၃-၀)တို့နဲ့ အနိုင်ရရှိခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ လိဒ်စ်ကို ဧည့်ခံခဲ့စဉ်ကပဲ (၂)ဂိုးစီ သရေကျခဲ့ရပါတယ်။ ဒီ(၄)ပွဲမှာ လုံးဝကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် ယူနိုက်တက် နည်းပြ တန်ဟက်ဂ်က ဖေဖော်ဝါရီလရဲ့ တစ်လတာ အကောင်းဆုံး နည်းပြဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ရတာ ဖြစ်ပါတယ်။

rashy

Photo Credit : Twitter

ဒီ(၄)ပွဲအတွင်း ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က စုစုပေါင်း သွင်းဂိုး (၅)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဖေဖော်ဝါရီလရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရပ်ဖို့ဒ်အနေနဲ့ ၂၀၂၃ခုနှစ်ထဲ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီ (၂)လဆက်တိုက် တစ်လတာ အကောင်းဆုံး ကစားသမားဆုတွေကို ပိုင်ဆိုင်ခဲ့ရသလို ဒီနှစ် ဘောလုံးရာသီမှာဆိုရင်လည်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို (၃)ကြိမ်အထိပင် ပိုင်ဆိုင်ထားခဲ့ရပြီပဲ ဖြစ်ပါတယ်။ ဒီလို ဆရာ တပည့် နှစ်ဦးသာ ဖေဖော်ဝါရီရဲ့ အကောင်းဆုံးဆုတွေကို ပိုင်ဆိုင်ခဲ့တာ မဟုတ်ပဲ ယူနိုက်တက်ရဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာပါ လက်စတာနဲ့ပွဲက ဂိုးပေါက် ကာကွယ်မှုနဲ့ တစ်လတာအတွင်း အကောင်းဆုံး ကာကွယ်နိုင်မှုဆုကိုပါ ပိုင်ဆိုင်ခဲ့ရပါသေးတယ်။

rashy erik

Photo Credit : BT Sport’s Twitter

လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာ ရမှတ်(၄၉)မှတ်နဲ့ ရပ်တည်နေပြီး ယူရိုပါလိဂ်မှာလည်း ကွာတားအထိ တတ်လှမ်းဖို့ အခြေအနေကောင်းနေသလို အက်အေဖလားဘက်မှာတော့ ပရီးမီးယားလိဂ်က ဖူလ်ဟမ်အသင်းနဲ့ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။

Featured Photo : Squawka’s Twitter