အမျိုးသမီးတစ်ဦးကို နေအိမ်မှာ မုဒိမ်း ပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မော်ရိုကို wingback ကစားသမား ဟာခီမီ ဟာ လက်ရှိမှာ ဒီအမှုအခင်းကို ရင်ဆိုင်နေရသလို သူရဲ့ဇနီးသည် ဟီဘာအဘုခ်နဲ့ လက်တွဲဖြုတ်ရနိုင်တဲ့ အလားအလာမျိုးနဲ့ပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Photo Credit : Pulse Sports Nigeria
ပီအက်စ်ဂျီအသင်းရဲ့ ညာနောက်ခံကစားသမား ဟာခီမီဟာ အသက်(၂၃)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို နေအိမ်မှာ မုဒိမ်းပြုကျင့်ခဲ့တယ်လို့ အခု သတင်းအပတ်အတွင်းမှာပဲ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဟာခီမီ ရဲ့ ဇနီးသည် ဟီဘာအဘုခ်က ဆိုရှယ်မီဒီယာပေါ်က သူမနဲ့ ဟာခီမီတို့ အတူတကွ ရိုက်ကူးထားခဲ့တဲ့ ဓါတ်ပုံတချို့ကို စတင် ဖျက်ပစ်လာခဲ့ပါတယ်။ ဒါ့အပြင် အခုလို ဟာခီမီရဲ့ မုဒိမ်းသတင်း ထွက်ပေါ်မှုက ဟာခီမီနဲ့ အဘုခ်တို့ရဲ့ကြားက ဆက်ဆံရေးတွေ ဆုတ်ယုတ်လာခြင်းနဲ့ ကြုံတွေ့လာရဖွယ်လည်း ရှိနေပါတယ်။
Photo Credit : Pulse Sports Nigeria
အသက်(၂၄)နှစ်အရွယ်ရှိ မော်ရိုကို ကစားသမား ဟာခီမီနဲ့ စပိန်လူမျိုး ရုပ်ရှင်မင်းသမီး အဘုခ်တို့နှစ်ယောက်ဟာ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ကြတဲ့ အကြင်လင်မယားတွေဖြစ်ပြီး အခု ထွက်ပေါ်နေတဲ့ ဟာခီမီရဲ့ သတင်းတွေကြောင့် လင်မယားနှစ်ဦးကြားမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပေမဲ့ ဟာခီမီ ကိုယ်တိုင်ကတော့ သူ့အနေနဲ့ မုဒိမ်းမှုကို လုံးဝ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး ဒီကိစ္စတွေက လုံးဝကို မှန်ကန်မှု မရှိဘူးလို့လည်း ထွက်ဆိုထားခဲ့ပါတယ်။ ဟာခီမီရဲ့ ရှေ့နေတွေကလည်း သူရဲ့အမှုသည်မှာ အပြစ်မရှိကြောင်းနဲ့ စုံစမ်း စစ်ဆေးမှုများတွင်ပါ အာဏပိုင်များနဲ့ ပူးပေါင်း ဆောင်ရွှက်လိုကြောင်းပါ ပြောဆိုထားခဲ့ပါတယ်။
Photo Credit : Goal
ဒီ ၂၀၂၃ခုနှစ်အတွင်းမှာ ဘောလုံးသမားတွေဟာ မုဒိန်းမှုများနဲ့ စွပ်စွဲခံရမှုတွေ ရှိနေရပြီး ဟာခီမီ မတိုင်ခင်ကလည်း နောက်ထပ် ညာနောက်ခံ ကစားသမားကြီး ဒန်နီအဲလ်ဗက်စ်က ၂၀၂၃ခုနှစ် ဇန်နဝါရီ (၂၀)ရက်နေ့မှာပဲ မိန်းကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စပိန်ရဲများက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲ့ဒီလို အခြေအနေမျိုး ရောက်ရှိချိန်မှာ အဲလ်ဗက်စ်ရဲ့ ဇနီးသည်က အဲလ်ဗက်စ်နဲ့ ဓါတ်ပုံတွေကို ဖျက်ပစ်ခဲ့ပြီး အခု ဟာခီမီရဲ့ ဇနီး အဘုခ်ကလည်း အဲလ်ဗက်စ်ရဲ့ ဇနီးသည် လမ်းစဉ်အတိုင်း လုပ်ဆောင်ခဲ့ကာ အိမ်ထောင်ရေး အခြေအနေတွေဟာလည်း လှုပ်ခတ်လာခဲ့ ရပါတယ်။
Featured Photo : Twitter