ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား တိုနီ ကရူးစ် က သူ့အသင်းဖော် အီဒင် ဟာဇက် ကလပ်အသင်းမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေအပေါ် ကိုယ်ချင်းစာပေးစရာ မလိုအပ်ဘူးလို့ ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။

hazard kroos

Photo Credit : Twitter

အသက် (၃၂)နှစ်အရွယ် ဘယ်လ်ဂျီယံ ထိပ်တန်း ကစားသမား ဟာဇက်ဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် လာလီဂါ (၃)ပွဲ ချန်ပီယံလိဂ် (၃)ပွဲနဲ့ ကိုပါဒယ်ရေး (၁)ပွဲသာ ပါဝင်ထားခဲ့ရပြီး ၂၀၂၃ ခုနှစ်ထဲမှာလည်း ကာဆီရီနိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ကိုပါဒယ်ရေးပွဲကိုသာ ပါဝင်ခဲ့ရပါတယ်။ ရီးယဲလ်အသင်းရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၈)ပွဲဆက်တိုက် အရန်စာရင်းမှာ ပါဝင်လာပြီး unused substitute အဖြစ်သာ ရှိနေခဲ့ပါတယ်။

real madrid cf

Photo Credit : Marca

ဟာဇက် နဲ့ ရီးယဲလ် နည်းပြ ကားလို့ အန်စလော့တီတို့ကြားမှာလည်း စကားပြောဆိုမှု ရှိမနေတာ ဆက်ဆံရေးတွေ အေးစက်နေတာက အန်စလော့တီအနေနဲ့ ဟာဇက်ကို လူစားဝင် ကစားသမားအဖြစ်တောင် အသုံးမပြုတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်ပြီး ကရူးစ် က “စာနာမှုဆိုတာ ဘောလုံးမှာ နေရာ မရှိတော့ဘူး။ အေဒင်မှာ ခက်ခဲ ကြမ်းတမ်းတဲ့ ဘဝမျိုး ရှိနေတယ်လို့ ကျွန်တော် မထင်မိပါဘူး။ ဘဝတွေကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ သူတွေကိုတော့ သနားကရုဏသက်နိုင်ပါတယ်။ ဘောလုံးလောကမှာတော့ ဘယ်သူ့အတွက်မှ ကိုယ်ချင်းစာနာ ပေးစရာ မလိုဘူးလို့ပဲ ထင်ပါတယ်”

eden kroos

Photo Credit : CaughtOffside

“ဟုတ်ပါတယ်။ အခြေအနေတွေက အချိန် အတော်ကြာအောင် ခက်ခဲနေရတယ် ဆိုပေမယ့် နောက်ဆုံးမှာတော့ လူတိုင်းက ကိုယ့်အခြေအနေအတွက် အတိုင်းအတာတစ်ခုအထိ တာဝန်ရှိပါတယ်။ အဲ့ဒါကြောင့် ဒါကို စာနာစရာလို့ မထင်ပါဘူး။ ကျွန်တော်က အီဒင်နဲ့ ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့က မကြာခဏလည်း စကားပြောကြတယ်။ ဒါပေမယ့် ကျွန်တော်က တကယ်ကို အခြေအနေ ဆိုးလွန်းတဲ့ သူတွေကိုပဲ သနားစာနာပါတယ်။ အီဒင်က ဒီလို အခြေအနေမှာ ရှိနေတဲ့သူလည်း မဟုတ်ပါဘူး” လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။