လက်ရှိ ဘောလုံးရာသီမှာ အလွန် ဂိုးမြူးနေတဲ့ မန်ချက်စတာစီးတီး တိုက်စစ်ကစားသမား အာလင်း ဟာလန်း နဲ့ ပတ်သတ်ပြီး ဒီကစားသမားက ဘောလုံးကို ဘယ်လို ကစားရမလဲဆိုတာတောင် မသိရှိထားဘူးလို့ ဘောလုံးသမားဟောင်းကြီး ကာဆာနို က မှတ်ချက်ပြုပြီး ပွဲရှာသွားခဲ့ပါတယ်။

haaland

Photo Credit : ESPN

ဟာလန်းက ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ဂိုးအထိကို သွင်းယူထားပြီး ဂိုးပါဝင်ပတ်သတ်မှု (၅၁)ဂိုး ပြုလုပ်ထားကာ အလွန်ကို ခြေစွမ်းပြထားခဲ့ပါတယ်။ ဒါပေမယ့် အီတလီ တိုက်စစ် ကစားသမားဟောင်းကြီး ကာဆာနို က နည်းပြကြီး ဂျိုဆေးမော်ရင်ဟိုကို ဝေဖန်ထားသလို အခုလည်း ဟာလန်းကိုပါ ထပ်ပြီး ဖဲ့လာပြန်ပါတယ်။

movic adriano

Photo Credit : The Sun

“ဟာလန်းက အင်တာမီလန်အသင်းမှာ အက်ဒရီယာနို ရှိနေတဲ့အချိန်တွေကို သတိရမိစေတယ်။ အီဘရာဟီမိုဗစ်လို ပုံစံမျိုးနဲ့ အက်ဒရီယာနိုလို အမြန်နှုန်းမျိုး ရှိနေတဲ့ ကစားသမားလား ဆိုရင်တော့။ ဟုတ်တယ်ဗျ။ ကျွန်တော် ဒါကို သဘောတူတယ်။ မိုဗစ်ကတော့ ဟာလန်း ထက် နည်းစနစ်ပိုင်းထက် သာလွန်တယ် ဆိုရင်တောင်။ ဟာလန်းက အက်ဒရီယာနို နဲ့ ဗီယာရီကို ပေါင်းစပ်ထားသလိုမျိုးပဲ။ ရောဘတ် လီဝန်ဒေါစကီး နဲ့ ကာရန် ဘန်ဇီမာတို့လို တိုက်စစ်ကစားသမားတွေက ဘောလုံး ဘယ်လို ကစားရမလဲဆိုတာ သိထားကြတယ်။ ဟာလန်းကတော့ ဘောလုံး ဘယ်လို ကစားရမလဲဆိုတာတောင် မသိဘူး”

cassano haaland

Photo Credit : Trend Online

“သူက ဂိုးသွင်းကောင်းတဲ့ သူ။ အရမ်း ထူးချွန်တဲ့ ကစားသမား။ ဒါပေမယ့် ဘောလုံးကို ဘယ်လို ကစားရမလဲဆိုတာ သိထားတဲ့ တိုက်စစ် ကစားသမားမျိုးကိုပဲ ခင်ဗျား ပိုသဘောမကျဘူးလား” လို့ ကာဆာနို က ပြောလိုက်ပါတယ်။ ကာဆာနို ပြောသလို လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါကလည်း ပြောဆိုခဲ့ဖူးပြီး ဟာလန်း မပါဝင်ရင် မန်စီးတီးအသင်းရဲ့ ကစားပုံက ပိုကောင်းတတ်တယ်လို့ သုံးသပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဟာလန်းကိုယ်တိုင်ကတော့ ဒီလို ပြောဆိုမှုတွေအပေါ် အာရုံစိုက်နေမှာ မဟုတ်ပဲ သူရဲ့ မန်စီးတီးအသင်းအတွက်ကိုသာ ဂိုးတွေ လောင်လောင် သွင်းယူပေးဖို့ပဲ 100% focus ထားနေမှာ သေချာပါတယ်။

Featured Photo : Abc News