အားကစားလောကမှာ ဘောလုံး ၊ ဂေါက်နဲ့ NBA ဘတ်စကတ်ဘောသမားတွေပဲ ချမ်းသာတယ်လို့ မထင်ပါနဲ့ ။ ခရစ်ကတ်ကစားသမားတွေထဲမှာလည်း ဒေါ်လာသန်း ရာနဲ့ချီ ချမ်းသာတဲ့သူတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ခရစ်ကတ် အားကစား လောကသားတွေထဲက ထိပ်ထိပ်ကြဲ အချမ်းသာဆုံး ကစားသမား တွေအကြောင်း မျှဝေတင်ဆက်ပေးချင်ပါတယ်။

(၁) Sachin Tendulkar

Sachin Tendulkar

Photo : dnaindia

The God Of Cricket လို့ တင်စားခံရတဲ့ အိန္ဒိယအမျိုးသားအသင်းရဲ့ ကပ္ပတိန်လည်း ဖြစ်သလို နိုင်ငံတကာ ခရစ်ကတ် ကစားသမား တစ်ဦးလည်း ဖြစ်တဲ့ Sachin Tendulkar ကို ခရစ်ကတ် သမိုင်းမှာ အကြီးကျယ်ဆုံး Batsman တစ်ဦးအဖြစ် အသိအမှတ်ပြုထားကြပါတယ်။ ၂၀၁၃ မှာ နိုင်ငံတကာ ခရစ်ကတ် လောကထဲကနေ အနားယူခဲ့တဲ့ သူဟာ ဒေါ်လာ သန်း ၁၇၀ (ရူပီး ကုဋေ ၁၂၅၀ ) အထိ ချမ်းသာပါတယ်။

(၂) MS Dhoni

MS Dhoni

Photo : indianexpress

အိန္ဒိယအသင်းကပ္ပတိန်ဟောင်း Mahendra Singh Dhoni ဟာ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး ခရစ်ကတ် သမားဖြစ်ပြီး ဒေါ်လာ ၁၁၃ သန်း ( ရူပီးကုဋေ ၈၆၀ ) ခန့် ချမ်းသာတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ အိန္ဒိယအသင်းဟာ ICC Champions ဆု ၊ Asia Cups ၂ ခု ၊ ICC T20 World Cup နဲ့ 2011 Cricket World Cup ဖလားတို့ ရယူနိုင်ခဲ့ပါတယ်။

(၃) Virat Kohli

Virat Kohli

Photo: CNN

Virat Kohli ဟာ Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအမြင့်ဆုံး အားကစား သမားများ စာရင်းမှာ ပါခဲ့တဲ့ တစ်ဦးတည်းသော ခရစ်ကတ် ကစားသမား ဖြစ်ပြီး ခရစ်ကတ် ကစားသမား တွေထဲမှာ အကျော်ကြားဆုံးတစ်ယောက် အပါအဝင်လည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တတိယမြောက်အချမ်းသာဆုံး ခရစ်ကတ်ကစားသမားဖြစ်တဲ့ Virat Kohli ဟာ ဒေါ်လာ ၁၁၂ သန်း ( ရူပီး ၈၅၂ ကုဋေ) ပိုင်ဆိုင်ပြီး နာမည်ကျော် ဖက်ရှင်အမှတ်တံဆိပ်တွေ ဖြစ်တဲ့ Wrogn နဲ့ One8 တို့လို Brands တွေကိုလည်း ပိုင်ဆိုင်ပါတယ်။

(၄) Ricky Ponting

Ricky Ponting

Photo : Sky Sports

ဩစတြေးလျခရစ်ကတ်အသင်း ခေါင်းဆောင်ဟောင်း Ricky Ponting ဟာ ကမ္ဘာ့စတုတ္ထမြောက် အချမ်းသာဆုံး ခရစ်ကတ် ကစားသမား အဖြစ် ရပ်တည်နေပါတယ်။ ၂၀၁၂ ခုနှစ်က ခရစ်ကတ်လောကထဲကနေ အနားယူသွားခဲ့ပေမယ့် သူ့ရဲ့ ပိုင်ဆိုင်မှုဟာ အသားတင် ဒေါ်လာသန်း ၇၀ (ရူပီး ၅၁၅ ကုဋေ) ခန့် ရှိပါတယ်။

(၅) Brian Lara

Brian Lara

Photo : Scroll

West Indies ရဲ့ ခရစ်ကတ် ကစားသမား ဟောင်း Brian Lara ဟာ ကမ္ဘာ့ အချမ်းသာဆုံး ခရစ်ကတ်သမားများစာရင်းမှာ နံပါတ် ၅ နေရာက ရှိပါတယ်။ Brian Lara ရဲ့ အသားတင် ပိုင်ဆိုင်မှုဟာ ဒေါ်လာသန်း ၆၀ (ရူပီး ၄၁၅ ကုဋေ) ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Featured Photo : DNA India