အာလင်း ဟာလန်းက ဒေါ့မွန်ကနေ တခြား အသင်း တစ်သင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေချိန်မှာ သူနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ မာတင် အိုဒီဂတ်က အာဆင်နယ်အသင်းဆီ ပြောင်းလာဖို့ ဟာလန်းကို ဖိတ်ခေါ်ခဲ့ပါသေးတယ်။ တကယ်လို့သာ ဟာလန်းက အာဆင်နယ်ဆီသာ ရောက်ခဲ့မယ်ဆိုရင် ဆင်ပျံကြီးတို့ အတောင်ပံနဲ့ မဟုတ်ပဲ မော်တာနဲ့ပါ ပျံသန်းဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ဟာလန်းက မန်စီးတီးအသင်းဆီကိုပဲ ရောက်ရှိသွားခဲ့ပြီး မန်စီးတီးဟာလည်း အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် တကယ်ကို လိုအပ်နေတဲ့ ကစားသမားကို အရ ခေါ်ယူနိုင်ခဲ့ပါတယ်။ အခုဆိုရင်ပဲ ဟာလန်းက စီးတီးအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲ ကစားထားပြီး စုစုပေါင်း သွင်းဂိုး (၄၂)ဂိုး သွင်းယူထားသလို ရာသီမကုန်ခင်မှာပဲ ဟက်ထရစ် (၆)ကြိမ်အထိပါ သွင်းယူခဲ့ပါတယ်။

odegard

Photo Credit : Eurosport

ဒီအချိန်မှာပဲ ဟာလန်းရဲ့ လက်ရွေးစင် အသင်းဖော် ကွင်းလယ်လူ အိုဒီဂတ်ဟာလည်း ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားပြီး အသင်းနဲ့ အနှစ်နှစ်ဆယ်လောက် ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကိုပါ ရယူပေးနိုင်ဖို့ အလားအလာ အလွန်ကောင်းနေရပါတယ်။

norway

Photo Credit : Football London

နိုင်ငံအသင်းမှာ အသင်းဖော်တွေ ဖြစ်နေတဲ့ ဟာလန်း နဲ့ အိုဒီဂတ်တို့ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အပြိုင်အဆိုင် ဖြစ်လို့နေရပြီး လက်ရှိမှာတော့ အိုဒီဂတ်က ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ အခြေအနေကောင်းနေပါတယ်။ ဒါပေမယ့် ဟာလန်းက မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲပါ ဆင်နွဲသွားရဖို့လည်း ရှိနေတဲ့အတွက် ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်ခဲ့မယ်ဆိုရင်တောင် ချန်ပီယံလိဂ်ဖလားကို မျှော်မှန်းနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဟာလန်းနဲ့ အိုဒီဂတ်တို့ နှစ်ဦးဟာ အသင်းလိုက်အရ အပြိုင်အဆိုင် ဖြစ်နေရုံတင်မကပဲ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုလို့ တစ်ဦးချင်းဆုတွေမှာလည်း သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှုကိုပါ ဆက်လက် မြင်တွေ့သွားရနိုင်ပါတယ်။ လက်ရှိမှာတော့ ဟာလန်းက ပေါင်ခြံဒဏ်ရာ ခံစားနေရလို့ အိုဒီဂတ်နဲ့အတူ နော်ဝေရဲ့ ယူရိုခြေစစ်ပွဲကို ပါဝင်နိုင်မှာ မဟုတ်ပဲ နှစ်ပွဲလုံး လွဲချော်သွားရမယ်လို့ သိရပါတယ်။