ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများသည် ကယ်လိုရီ များများ လောင်ကျွမ်းအောင် ကူညီပေးပြီး ဝိတ်ချဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ကွီးတို့ ဝိတ်ချတဲ့အခါ ကိုယ့်ရဲ့ လက်ရှိ အလေးချိန်၊ အသက်၊ စားသုံးတဲ့ အစားအစာ ပမာဏတို့ကို ထည့်တွက်ကာ ဝိတ်ချရမှာပဲဖြစ်ပါတယ်။ ဒါမှ အထာကျကျ ဝိတ်ချ နိုင်မှာပဲဖြစ်ပါတယ်။

ဒါ့အပြင် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာလျှင် ကိုယ် သတ်မှတ်ထားတဲ့အချိန်အတိုင်းအတား တစ်ခုရောက်တဲ့အခါ သိသိသာသာ ဝိတ်ကျသွားမှာပဲ ဖြစ်ပါတယ်။

လမ်းလျှောက်ပါ

လမ်းလျှောက်ပါ

Harvard ကျန်းမာရေး ငှာနရဲ့ လေ့လာချက်အရ ကိုယ်အလေးချိန် ၁၅၅ ပေါင်ခန့်ရှိသော လူတစ်ယောက်သည် ပုံမှန် လမ်းလျှောက်နှုန်းဖြင့် မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးပါက ၁၇၅ ကယ်လိုရီခန့် လောင်ကျွမ်းနိုင်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် တစ်ပတ်လျှင် ၃ ရက်၊ ၁ ရက်လျှင် မိနစ် ၅၀ မှ ၇၀ အတွင်း ပုံမှန် လမ်းလျှောက်ပေးပါက ရက်သတ္တပတ် ၁၂ ပတ် ကြာတဲ့အခါမှာတော့ သိသိသာသာ ဝိတ်ကျသွားတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အခုမှ စလုပ်မယ်ဆိုရင် တစ်ရက်လျှင် မိနစ် ၃၀ ခန့် အစပြုကာ လမ်းလျှောက်ပေးနိုင်ပါတယ်။ တဖြည်းဖြည်း အမောခံနိုင်လာပါက သတ်မှတ်အချိန်ကို တိုးမြှင့်ကာ ပြုလုပ်နိုင်ပါတယ်။

ပြေးပါ

အထာကျကျ ဝိတ်ချ

အပြေးလေ့ကျင့်ခန်းသည်လည်း အထာကျကျ ဝိတ်ချချင်သူများအတွက် အသင့်တော်ဆုံး နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ရပ်ကွက်တစ်ပတ် ပတ်ပြေးနိုင်သလို အပြင်ထွက်ကာ မပြေးချင်ဘူးဆိုရင်လည်း ပြေးစက်ပေါ်မှာ ပြေးနိုင်ပါတယ်။ ဒီလို ပုံမှန် ပြေးခြင်းအားဖြင့် အဆီပိုများ ကျစေတဲ့အပြင် နှလုံးရောဂါနှင့် ဆီးချိုရောဂါများရဲ့ အန္တရာယ်မှ ကင်းဝေးနိုင်အောင်လည်း ကူညီပေးပါတယ်။

စက်ဘီးစီးပါ

အထာကျကျ ဝိတ်ချ

စက်ဘီးစီးရတာ ဝါသနာပါသူများအတွက်တော့ ဝိတ်တက်လာတယ်ဆိုတာ ဘာလဲလို့တောင် မေးယူရလောက်တဲ့အထိ အဆီပိုများကို ဖယ်ရှားပေးရာမှာ အစွမ်းထက်ပါတယ်။ ကွီးတို့အနေနဲ့ စက်ဘီး မစီးတတ်လို့လည်း ဘာမှမဖြစ်ပါဘူး။ ပြေးစက်လိုမျိုး အလားသဏ္ဍာန်တူ စက်ဘီးစက် ရှိပါတယ်။ ထိုစက်ပေါ်မှာ မိနစ် ၃၀ ခန့် နင်းကာ လေ့ကျင့်ခန်း ပြုလုပ်လို့လည်း ရပါတယ်။

ရေကူးပါ

အထာကျကျ ဝိတ်ချ

Harvard ကျန်းမာရေးငှာနရဲ့ ထပ်မံ လေ့လာချက်အရ ၁၅၅ ပေါင် ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသားတစ်ဦးသည် မိနစ် ၃၀ ခန့် ရေကူးခြင်းအားဖြင့် ၂၁၆ ကယ်လိုရီ လောင်ကျွမ်းနိုင်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် သက်လတ်ပိုင်း အမျိုးသားများကို စမ်းသပ်ထားတဲ့ လေ့လာချက်အရ တစ်နေ့လျှင် ၁ နာရီခန့်၊ တစ်ပတ်လျှင် ၃ ရက်ခန့် ပုံမှန် ရေကူးပါက ရက်သတ္တပတ် ၁၂ ပတ်ကြာတဲ့အခါ ကိုယ်အလေးချိန်က သိသိသာသာ လျော့ကျသွားတာကို သိရှိရပါတယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများအားလုံးကို အလှည့်ကျဖြင့် မှန်မှန်ပြုလုပ်ပေးနိုင်သလို မိမိကြိုက်နှစ်သက်ရာ လေ့ကျင့်ခန်းအမျိုးအစားတစ်ခုကို ရွေးချယ်ကာ ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

အထာကျကျ ဝိတ်ချ ချင်တဲ့ ဘော်ဒါတို့အတွက် နောက်ထပ် သိထားသင့်တဲ့ လျှို့ဝှက်ချက်များလည်း ရှိပါသေးတယ်။ ထိုလျှို့ဝှက်ချက်ကတော့ မနက်စာ အလွတ်မခံရမှာပဲဖြစ်ပါတယ်။ ဝိတ်ကျချင်တယ်ဆိုရင် မနက်စာ နေ့တိုင်း စားသုံးပါ။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် များများစားသုံးပါ။ ရေ များများသောက်ပါ။ ပမာဏ နည်းနည်းဖြင့် အကြိမ်ရေ များများ စားသုံးပေးရမှာဖြစ်ပါတယ်။

ဒီလျှို့ဝှက်ချက်တွေကတော့ ဝိတ်ချချင်သူများအတွက် မဖြစ်မနေ သိထားသင့်ပြီး ပြုလုပ်သင့်တဲ့အချက်များပဲဖြစ်ပါတယ်။

ကွီးတို့ရော ဝိတ်ချဖို့အတွက် ဘယ်လိုမျိုး ကြိုးစားလေ့ရှိပါသလဲ။

Source: Healthline

Featured Image: Freepik