ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေအတွက် မဲနှိုက် ရေးဆွဲမှုတွေ ပြုလုပ်ခဲ့ချိန် ပထမဆုံးသော ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ရီးယဲလ် မက်ဒရစ်နဲ့ ချဲလ်ဆီးအသင်းတို့ ထပ်မံ တွေ့ဆုံနေပြန်ပါတယ်။ ချန်ပီယံလိဂ် ဖူးစားလားလို့ မေးယူရလောက်အောင် ဒီအသင်းနှစ်သင်းက (၃)နှစ်ဆက်တိုက်အထိ ချန်ပီယံလိဂ်မှာ ဆုံနေကြရပြီး ဒီတစ်ပတ်ထဲမှာလည်း တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ရီးယဲလ်နည်းပြကြီး အန်စလော့တီ ရဲ့ အသင်းဟောင်း အဲဗာတန်နဲ့ပါ ဆုံတွေ့ခဲ့ရပါတယ်။

potter

Photo Credit : Daily Post Nigeria

“ပထမဆုံး အဲဗာတန်အသင်းကို အနိုင်ယူပြီး ဒီ သောက် ချန်ပီယံလိဂ်ဖလားကြီးကို ရယူဖို့ ကြိုးစားကြတာပေါ့” လို့ ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက ချန်ပီယံလိဂ် မဲနှိုက်မှု မပြုလုပ်ခင်မှာ ပြောဆိုခဲ့ပါတယ်။ သူ ပြောခဲ့တဲ့ စကားအတိုင်း အဲဗာတန်ကို အနိုင်ယူဖို့ အနီးစပ်ဆုံး အနေအထားထိ ရောက်နေချိန်မှာ သူရဲ့ ကစားသမား လဲလှယ်မှုတွေက မေးခွန်ထုတ်စရာ ဖြစ်နေခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန်ထဲ နှစ်ကြိမ်တိုင်တိုင် ပွဲကို ဦးဆောင်ထားခွင့် ရခဲ့ပေမယ့် နိုင်ပွဲကို မပိုင်ဆိုင်ခဲ့ရပဲ အသင်းက ရလဒ်တွေ ပြန်လည် ကောင်းမွန်နေချိန်မှာ (၂)မှတ် ဆုံးရှုံးသွားခဲ့ရပါတယ်။

cfc draw against eve

Photo Credit : Chelsea’s Twitter

ချဲလ်ဆီးက ဒီမတ်လထဲမှာ အတော်လေးကို သူတို့ရဲ့ ခြေစွမ်းပိုင်းတွေနဲ့အတူ ရလဒ်တွေလည်း ပြန်ကောင်းမွန်ထားပြီး ပြိုင်ပွဲစုံ (၃)ပွဲလုံး နိုင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။ အခု အဲဗာတန်နဲ့ ပွဲစဉ်မှာလည်း အဲဗာတန်ကို အနိုင်ယူနိုင်လောက်တဲ့ performance မျိုး ပြသနိုင်ခဲ့ပေမယ့် နည်းပြပေါ်တာရဲ့ လူစားလဲမှု အမှားအယွင်းတွေနဲ့ နိုင်ပွဲဆက်မှုက ရပ်တန့်သွားခဲ့ရပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြီးဆုံးခါနီးပြီဖြစ်လို့ တန်းဆင်းဇုန်ထဲက ကလပ်အသင်းတွေရဲ့ ရုန်းအားတွေဟာလည်း သတိထားစရာ ဖြစ်လာရပြီး စနေညမှာပဲ ချဲလ်ဆီး နဲ့ စပါးတို့လို လန်ဒန်အသင်းကြီးတွေက (၂)မှတ်စီ ဆုံးရှုံးခဲ့ရပါတယ်။

Chelsea boss Graham Potter hails 'incredible' Real Madrid manager Carlo Ancelotti

Photo Credit : Sportskeeda

ချဲလ်ဆီးနည်းပြ ပေါ်တာအတွက် ပိုအထိနာစေခဲ့တာက အန်စလော့တီ ကိုင်တွယ်နေတဲ့ ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်တွင် မဆုံရသေးခင် အန်စလော့တီရဲ့ အသင်းဟောင်း အဲဗာတန်အသင်းကို အနိုင်မယူနိုင်ခဲ့တာက ခံရခက်စေနိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရာသီ ချန်ပီယံလိဂ်မှာ ဆုံခဲ့စဉ်တုန်းက နှစ်သင်းလုံး တစ်ကြိမ်စီ ကျော်ဖြတ်ထားနိုင်ခဲ့ကြလို့ ဒီတစ်ခါ တတိယမြောက်အဖြစ် ဆုံတွေ့စဉ် ဘယ်အသင်းက အသာရသွားနိုင်မလဲဆိုတာ…