မနေ့ညက အန်ဖီးလ် ကွင်းမှာ လီဗာပူးလ်အသင်းနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင် လီဗာပူးလ်က ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဖိုင်နယ် ရှုံးကြွေးကို ပြန်မဆပ်နိုင်ခဲ့ပဲ အကြွေးပါ ထပ်တင်သွားခဲ့ရပြန်ပါတယ်။

salah

Photo Credit : Twitter

လီဗာပူးလ်က ဒီပွဲစဉ်မှာ ပွဲအစ (၁၅)မိနစ်လောက်ကတည်းက ရီးယဲလ်အသင်းကို (၂)ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်က (၄)မိနစ်လောက်ကတည်းက လှတပတ ဂိုးကန်သွင်းချက်နဲ့ အဖွင့်ဂိုး စတင် သွင်းယူခဲ့သလို ရီးယဲလ် ဂိုးသမား ကော်တိုအာရဲ့ မသေသပ်မှုကနေလည်း ဆာလာက နောက်တစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။

vini

Photo Credit : Twitter

(၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားပေမဲ့ မနှစ်က ဖိုင်နယ်မှာ တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဗင်နီစီယပ်စ်ရဲ့ တိုးအားတွေနဲ့ ပထမပိုင်းအတွင်းမှာပဲ (၂)ဂိုးလုံး ပြန်လည် ချေပနိုင်ခဲ့ပါတယ်။ ဗင်နီရဲ့ ဒုတိယ ချေပဂိုးကတော့ လီဗာပူးလ် ဂိုးသမား အယ်လီဆန်ရဲ့ အမှားကြောင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် ရောက်ရှိချိန်မှာတော့ လီဗာပူးလ်ရဲ့ ခံစစ်ကစားပုံက ပိုဆိုးလာခဲ့ပါတယ်။ ဗင်နီကို ဟန့်တားရာကနေ ဖရီးကစ် ကန်သွင်းဖို့ ဖြစ်လာခဲ့ရင်း ဖရီးကစ် ကန်ချိန်မှာလည်း marking သိသိသာသာ လွတ်နေတဲ့ မီလီတာအိုက ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။

real madird

Photo Credit : Twitter

(၂-၀) ကနေ (၂-၃) ဖြစ်သွားချိန်မှာ လီဗာပူးလ် ခံစစ်က ပိုလို့တောင် ဆိုးရွှားသွားပြီး ဘန်ဇီမာကပဲ လက်ကျန် (၂)ဂိုးကို ထပ်မံ သွင်းယူရင်း အဆုံးသတ်မှာတော့ (၂-၅)ဆိုတဲ့ ရလဒ်ကြီး ဖြစ်သွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမှာ ဘယ်အသင်းကိုမှ ခုလို (၅)ဂိုးထိ ခွင့်မပြုထားခဲ့ရပေမဲ့ လက်ရှိမှာ ဘယ်လိုမှ လက်မခံနိုင်စရာ ပုံစံမျိုးနဲ့ အရှုံးပေးခဲ့ရလို့ ဒုတိယအကျော့ ဘာနေဗျူးကွင်းမှာ ပြန်လာနိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်သလောက်ပါပဲ။ ဒါ့အပြင် ၂၀၀၉ခုနှစ် နောက်ပိုင်းကတည်းက ရီးယဲလ်နဲ့ ဆုံတိုင်း (၇)ပွဲဆက်တိုက် လုံးဝ အနိုင်မရသေးတဲ့ အစဉ်အလာဆိုးကိုလည်း မကျော်ဖြတ်နိုင်သေးပဲ ပိုဆိုးတဲ့ ရလဒ်ကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Featured Photo : Twitter