ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းက လူတစ်ယောက်အတွက် မဖြစ်အနေလိုအပ်ပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုတာ ကွီးတို့ အားလုံး သိပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် ဘယ်လေ့ကျင့်ခန်းမဆို ခန္ဓာကိုယ်အတွက် အကျိုးပြုတာ ချည်းပါပဲ။ ထိုအထဲမှာမှ လမ်းလျှောက်ခြင်း၊ ပြေးခြင်းစတဲ့ လေ့ကျင့်ခန်းတွေက ထိခိုက်မှုနည်းပါးပြီး လူတိုင်း အသက်အရွယ်မရွေးလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ အခုလို ဆောင်းရာသီဟာ အပြေးလေ့ကျင့်ခန်း ကို လုပ်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။

အပြေးလေ့ကျင့်ခန်းကို ဘယ်အချိန်မှာ

Photo :Phathlete

ဒီလို အပြေးလေ့ကျင့်ခန်းကို နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ လုပ်ရင်အကောင်းဆုံးပါလဲ။ Journal of Strength and Conditioning Research ရဲ့ လေ့လာမှုတစ်ခုအရ ပြေးဖို့ အကောင်းဆုံးအချိန်က ကွီးတို့ခန္ဓာကိုယ်အပူချိန် အမြင့်ဆုံးဖြစ်ပြီး ဒီအချိန်က ညနေ ၄ နာရီမှ ည ၇ နာရီကြား အထိ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီးတော့ ကွီးတို့ကို ပြေးတဲ့ အချိန်လိုက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာ ပြောပြပေးသွားပါမယ်။

မနက်ခင်းမှာ ပြေးခြင်း

Photo : Freepik

တစ်နေ့တာလုံး လန်းဆန်းပြီး အလုပ်မှာ တတ်တတ်ကြွကြွ ဖြစ်ချင်တယ်ဆိုရင်တော့ အပြေးလေ့ကျင့်ခန်းကို နေ့တစ်နေ့ရဲ့ မနက်ခင်းမှာ လုပ်တာ အကောင်းဆုံးပါပဲ။ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းက ရုံးတွင်း တီထွင်ဖန်တီးမှု စွမ်းအားကို တိုးမြှင့်ပေးတဲ့ Adrenaline နှင့် Endorphins ဆိုတဲ့ (‘ပျော်ရွှင်သော’ ဓာတုပစ္စည်းများ) ကိုထုတ်လွှတ်ပေးတာကြောင့် ကွီးတို့ကို ပိုမိုတက်ကြွစေပြီး တစ်နေ့တာလုံး လန်းဆန်းစေပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေတယ်ဆိုရင် မနက်ခင်းစောစော အချိန်မှာ ပြေးတာကလည်း အမှန်ပင် ထိရောက်ပါတယ်။ ကွီးတို့ရဲ့ ဝမ်းဗိုက်က ကယ်လိုရီတွေကို မြန်မြန်လောင်ကျွမ်းစေဖို့အတွက် မနက်စာမစားခင် အပြေးလေ့ကျင့်ခန်းကို လုပ်သင့်ပါတယ်။

ညနေပိုင်းမှာ ပြေးခြင်း

running

Photo : Running.es

ညနေ ၄ နာရီမှ ည ၇ နာရီကြားတွင် ကွီးတို့ရဲ့ ခန္ဓာကိုယ်အပူချိန် အပူချိန်အမြင့်ဆုံးဖြစ်ပြီး စွမ်းဆောင်ရည်အမြင့်ဆုံးသို့ ရောက်ရှိနေပါတယ်။ ထိုအချိန်မှာ အပြေးလေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့အတွက် ပိုမိုလွယ်ကူစေပြီး ပိုကြာကြာ ပြေးနိုင်မယ်လို့ ဆိုပါတယ်။ ။ National Institutes of Health တွင်ဖော်ပြထားသော လေ့လာမှုတစ်ခုအရ ကွီးတို့ရဲ့ အဆုတ်က နေ့ခင်းပိုင်းနဲ့ ညနေပိုင်းများတွင် ၆ ရာခိုင်နှုန်း ပိုကောင်းတယ်လို့ဆိုပါတယ်။ ၎င်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်အပူချိန်နဲ့အတူ ခြေလက်ကြွက်သားများအပြင် ကွီးတို့ရဲ့ သက်လုံနှင့် ပြေးနိုင်မှုစွမ်းရည်ကို တိုးမြင့်စေပါတယ်လို့ ဆိုပါတယ်။ ညနေခင်း ဆည်းဆာအောက်မှာ သဘာဝတရားကို ထိတွေ့ရင်း ပုံမှန် ပြေးခြင်းက ကွီးတို့ရဲ့ တစ်နေ့တာ စိတ်ရော၊ ကိုယ်ပါပင်ပန်းမှုများကို ပြေပျောက်စေပါလိမ့်မယ်။ ဒါ့အပြင် ညဘက်မှာလည်း ကောင်းစွာ အိပ်ပျော်စေပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် အပြေးလေ့ကျင့်ခန်းကို ဘယ်အချိန်မှာ လုပ်ရင် ဘယ်လိုကောင်းကျိုးရမလဲ ဆိုတာပါပဲ။ ဒါပေမဲ့ အပြေးလေ့ကျင့်ခန်းကို လုပ်တာက ကွီးတို့ ခန္ဓာကိုယ် အကျိုးရှိဖို့ပဲ ဖြစ်တာကြောင့် ဘယ်အချိန်မှာ ပဲ ဖြစ်ပါစေ၊ တစ်နေ့ကို နာရီဝက်ခန့် အချိန်ပေးပြီး ပြုလုပ်သင့်ပါတယ်။ ကြံ့ခိုင်မှုရဲ့ စစ်မှန်သောလျှို့ဝှက်ချက်မှာ လိုက်လျောညီထွေရှိမှု ဖြစ်တာကြောင့် ကွီးတို့ကိုယ်တိုင်အတွက် အဆင်ပြေတဲ့ အချိန်မှာ အပြေးလေ့ကျင့်ခန်းကို လုပ်ပါ။ ဘယ်လို လေ့ကျင့်ခန်းမဆို ပုံမှန်လုပ်သွားဖို့က အရေးအကြီးဆုံး ပါပဲ။

Source : Evo Fitness

Featured Photo : Men’s Health