အပြေး အားကစားနှင့် စက်ဘီး အားကစား နှစ်ခုစလုံးသည် အကောင်းဆုံးသော Cardio လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ သို့သော် ဘယ်အားကစားက ပိုပြီးကောင်းပါသလဲ။

အပြေး အားကစားရော စက်ဘီး အားကစား နှစ်မျိုးစလုံးသည် နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပြီး အဆုတ်ကျန်းမာရေး၊ အောက်စီဂျင် သုံးစွဲမှု စသည်တို့ကိုပါ ကောင်းမွန်စေတာဖြစ်ပါတယ်။ ထိုအားကစားနှစ်မျိုးစလုံးက နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အားကစားတွေဖြစ်ပါတယ်။ သို့သော် နှစ်မျိုးစလုံးအနက် ဘယ်အားကစားက ကျန်းမာရေးအတွက် ပိုကောင်းမွန်ပါသလဲ။ သူတို့နှစ်ခုကြားက ခြားနားချက်တွေ၊ အားသာချက်၊ အားနည်းချက်တွေက ဘယ်အရာဖြစ်မလဲ။

အရင်ဦးဆုံး အပြေးအားကစားရဲ့ အားသာချက်များနှင့် ကောင်းကျိုးများကို လေ့လာကြည့်လိုက်ရအောင်။

အပြေးလေ့ကျင့်ခန်းသည် သဘာဝအတိုင်း သူ့အလိုလိုဖြစ်တည်လာတဲ့အရာပါ

အပြေး စက်ဘီး

Photo: iStock

ပြေးခြင်းသည် အားကစားတစ်ခုလို့ မသိခင်ကတည်းက လူသားတွေသည် သဘာဝအတိုင်း ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ ငယ်စဉ်အရွယ်မှာ သူငယ်ချင်းတွေနဲ့ ပြေးတမ်း လိုက်တမ်း ကစားရင်းနဲ့ အပြေးလေ့ကျင့်ခန်းကိုလည်း သဘာဝအတိုင်း သူ့အလိုလို ပြုလုပ်ဖူးကြပါလိမ့်မယ်။ အပြေးလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် တန်ဖိုးကြီး ကိရိယာပစ္စည်းများ မလိုအပ်ပါဘူး။ သူမတူတဲ့ ထူးခြားတဲ့ အရည်အချင်းများလည်း မလိုအပ်ပါဘူး။ ကွီးတို့ဆီမှာ ပြေးချင်တဲ့စိတ်အားထက်သန်မှု၊ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်အား စသည်တို့သာ လိုအပ်တာဖြစ်ပါတယ်။

ယခုမှ လေ့ကျင့်ခန်း စလုပ်မယ့် Beginner များအတွက် အပြေးလေ့ကျင့်ခန်းသည် ပြီးပြည့်စုံတဲ့ လေ့ကျင့်ခန်းတစ်ခုပါ

အပြေး စက်ဘီး

အခုမှ လေ့ကျင့်ခန်း စလုပ်မယ့်သူတွေအတွက်လည်း အပြေးလေ့ကျင့်ခန်းသည် လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ရပ်ကွက်ထဲပတ်ပြီး မပြေးချင်ဘူးဆိုတဲ့သူတွေအတွက်လည်း ပြေးစက်တွေက ကူညီပေးနိုင်ပါသေးတယ်။

ကိုယ့်ရဲ့ ခံနိုင်ရည်အားပေါ် မူတည်ပြီး အလွယ်တကူ ချိန်ညှိနိုင်ခြင်း

အပြေး စက်ဘီး

Photo: Runnersworld

ဒီနေ့ကတော့ အလုပ်မှာ နည်းနည်းပင်ပန်းနေလို့ ၁၅ မိနစ်လောက်ပဲ ပြေးလိုက်ဦးမယ်။ ခန္ဓာကိုယ်က အားအင်ပြည့်နေလို့ မနေ့ကထက် ပိုပြီး ပြေးလိုက်ဦးမယ် စသည်ဖြင့် ကိုယ့်ရဲ့ ခံနိုင်ရည်အားပေါ် မူတည်ပြီး အလွယ်တကူ ချိန်ညှိနိုင်ခြင်းကတော့ အပြေးလေ့ကျင့်ခန်းရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်ခြင်း

အပြေး စက်ဘီး

သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်က ကိုယ်အလေးချိန်ကျဖို့ဆိုရင်တော့ အပြေးအားကစားသည် အရွေးချယ်သင့်ဆုံး အားကစားတစ်ခုပါပဲ။ ၅ မိနစ်ကနေ ၁၅ မိနစ်ခန့် အားသွန်ခွန်စိုက် ပြေးခြင်းအားဖြင့် ကွီးတို့ရဲ့ ဝမ်းဗိုက်ရှိ အဆီပိုများ ကျသွားမှာပဲဖြစ်ပါတယ်။

ကြွက်သားများကို သန်မာတောင့်တင်းစေပြီး အရိုးအဆစ်များကို သန်မာစေခြင်း

အပြေး စက်ဘီး

အပြေးအားကစားသည် ခန္ဓာကိုယ် အောက်ပိုင်းရှိ ကြွက်သားများအတွက် ပိုပြီး အကျိုးရှိစေပြီး ထိုကြါက်သားများကို ပိုမိုသန်မာစေပါတယ်။ အရိုးအဆစ်များကိုလည်း တောင့်တင်းစေကာ သိပ်သည်းကျစ်လျစ်စေပါတယ်။

စက်ဘီးအားကစား ပြုလုပ်နည်းရဲ့ အားသာချက်များနှင့် ကောင်းကျိုးများကရော ဘယ်အရာတွေဖြစ်မလဲ။

အလုပ်သွားတဲ့အခါ စက်ဘီးဖြင့် သွားလာနိုင်ခြင်း

အပြေး စက်ဘီး

Photo: Bicycling

အချို့တွေသည် ရုံးတက်ရုံးဆင်းသွားတဲ့အခါ စက်ဘီးဖြင့် သွားလာကြပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင် ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေသလို ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။ ဒါ့အပြင် လေ့လာတွေရှိချက်များအရ စက်ဘီးစီးကာ အလုပ်သွားသူများသည် ကားမောင်းကာ အလုပ်သွားသူများထက် ပိုပြီး ပျော်ရွှင်ကြပြီး အလုပ်တာဝန်များကို Productive ဖြစ်စွာနှင့် များများလုပ်ဆောင်နိုင်ကြတယ်လို့ သိရှိရပါတယ်။

ခန္ဓာကိုယ်ရှိ ကယ်လိုရီများကို လောင်ကျွမ်းစေခြင်း

cycling vs running

အပြေးလေ့ကျင့်ခန်းက ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများကို အသုံးပြုရတဲ့အတွက်ကြောင့် အပြေးလေ့ကျင့်ခန်းက စက်ဘီးစီးခြင်းထက် ပိုပြီး ထိရောက်မှုရှိပြီး ကယ်လိုရီ ပိုလောင်ကျွမ်းနိုင်တယ်လို့ သင် ထင်ကောင်း ထင်ပါလိမ့်မယ။် ဒါပေမယ့် တကယ်တမ်းကျတော့ စက်ဘီးစီးခြင်းနှင့် ပြေးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကယ်လိုရီ လောင်ကျွမ်းမှုသည် ပမာဏအတူတူနီးပါးပဲဖြစ်ပါတယ်။

ကြွက်သားများ ဖွံ့ထွားသန်မာလာစေခြင်း

cycling vs running

Photo: 220triathlon

စက်ဘီးစီးတဲ့အခါ ခန္ဓာကိုယ်ရှိ ကြွက်သာများ အထူးသဖြင့် ခြေသလုံးနှင့် ပေါင်ကြွက်သားများအတွက် ကောင်းမွန်ပါတယ်။ ထိုကြွက်သားများ သန်မာကျစ်လျစ်စေချင်တယ်ဆိုရင်တော့ စက်ဘီးစီးလေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။

စက်ဘီးမစီးတတ်သူများသည်လည်း အထိုင်စက်ဘီးဖြင့် လေ့ကျင့်ခန်းပြုလုပ်နိုင်ခြင်း

cycling vs running

Photo: Mensjournal

စက်ဘီးမစီးတတ်သူတွေအနေနဲ့လည်း အားငယ်စရာမလိုပါဘူး။ အထိုင်စက်ဘီးတွေ ရှိတဲ့အတွက်ကြောင့် ထိုစက်ဘီးတွေရဲ့ အကူအညီရယူကာ လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။

အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း

cycling vs running

Photo: Marathonhandbook

စက်ဘီးအားကစား ပြုုလုပ်ခြင်းကြောင့် ဒူးနာခြင်း ဝေဒနာကို သက်သာစေပြီး အဆစ်အမြစ်များ နာကျင်ကိုက်ခဲသော ဝေဒနာကိုလည်း များစွာ လျော့ပါးသက်သာစေပါတယ်။ စက်ဘီးခြေနင်းကို အားသွန်ခွန်စိုက် နင်းရတဲ့အတွက်ကြောင့်လည်း ကြွက်သားများကို သန်မာတောင့်တင်းစေပါတယ်။

အထက်ဖော်ပြချက်များအရ အပြေး အားကစားရော စက်ဘီးအားကစားမှာပါ အားသာချက်ကိုယ်စီ ရှိကြတာကို သိသွားပြီဖြစ်ပါတယ်။ ဒါဆိုရင် အကောင်းဆုံးအားကစားတစ်ခုကို ဘယ်လိုရွေးချယ်ကြမလဲ။

အကောင်းဆုံးနှင့် အရိုးရှင်းဆုံး အဖြေကတော့ ကွီးတို့ ပိုပြီး နှစ်သက်တဲ့ အားကစား၊ ပြုလုပ်ရတာ ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အားကစားတစ်ခုကို ရွေးချယ်လိုက်ပါ။

အားကစားများ၊ လေ့ကျင့်ခန်းများသည် ကြွက်သားများ ကြီးထွားစေဖို့နဲ့ ကယ်လိုရီများ လောင်ကျွမ်းစေဖို့သာ အဓိကကျတာမဟုတ်ပါဘူး။ ပြုလုပ်သူရဲ့ စိတ်ပါဝင်စားမှု ပျော်ရွှင်မှုသည်လည်း အရေးကြီးပါတယ်။ အားကစားပြုလုပ်ရတာ ပျော်ရွှင်မှသာလျှင် နေ့စဉ်ရက်ဆက် မပျက်မ ကွက်နဲ့ လေ့ကျင့်ခန်းပြုလုပ်ချင်စိတ်တွေ ပေါ်လာမှာမဟုတ်လား။ ဒါ့ကြောင့် ကွီးတို့ ပိုပြီးနှစ်သက်တဲ့ အားကစားတစ်ခုကိုသာ ရွေးချယ်လိုက် ပါ။ ရွေးရခက်နေတယ်ဆိုရင်တော့ ထိုအားကစားနှစ်မျိုးစလုံးကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ကျန်းမာရေးအတွက် ပိုပြီး ကောင်း ကျိုးပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

Source: Nike

Featured Image: Sportsincycling