ပိန်‌ညောင်ညောင် ခန္ဓာကိုယ် (သို့မဟုတ်) ဝဖိုင့်ဖိုင့်နဲ့ အဆီတွေ ပြည့်နေတဲ့ ခန္ဓာကိုယ်ထက် ယောက်ျားတိုင်းက ကျစ်လစ်ပြီး အမြှောင်းထနေတဲ့ ကြွက်သားတွေနဲ့ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြမှာပါ။ ကျစ်လစ်ပြီး အမြောင်းထနေတဲ့ ကြွက်သားတွေရှိခြင်းက ဆွဲဆောင်မှုရှိတဲ့အပြင် ကြံ့ခိုင်သန်မာမှုရှိခြင်းကိုပါ ပြသပြီးသား ဖြစ်စေပါတယ်။ ဒီလို Body မျိုးကို ဆော်လေးတွေ ကြည်တဲ့အပြင် ဘဲတွေကပါ အားကျမှာ အသေအချာပါပဲ။ ကျစ်လစ်ပြီး အမြှောင်းထနေတဲ့ Six Packs ရဖို့ဆို ကွီးတို့အနေနဲ့ လေ့ကျင့်ခန်းတွေ ကိုတော့ ပုံမှန်ပြုလုပ်ရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ဝမ်းဗိုက်ကြွက်သားများကို ထိမိစေပြီး Six Packs ရဖို့ ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁) Barbell Floor Wiper

အမြှောင်းထနေတဲ့ Six Packs

Photo : Men’s Health

ဒီလေ့ကျင့်ခန်းကို ပြုလုပ်မည်ဆိုပါက ပုံမှာပြထားတဲ့အတိုင်း ကျောကို ကြမ်းပြင်ပေါ်တွင် လှဲလျောင်းပြီး လက်နှစ်ဖက်ဖြင့် Barbell ကို ကိုင်ထားပြီး ရင်ဘတ်ပေါ်မှာ မြှောက်ထားပါ။ ထို့နောက် ခြေထောက်များကို‌ ပုံမှာပြထားတဲ့ အတိုင်းမြှောက်လိုက်ပါ။ ပြီးလျှင် ခြေထောက်များကို ပြန်ချပါ။ ခြေထောက်များကို ကြမ်းပြင်နဲ့မထိစေဘဲ ပြန်မြှောက်တင်ပါ။

လေ့ကျင့်ခန်း (၂) Side Jackknife

အမြှောင်းထနေတဲ့ Six Packs

Photo : Men’s Health

ဒီလေ့ကျင့်ခန်းကို ပြုလုပ်မည်ဆိုပါက ကြမ်းပြင်ပေါ်တွင် ဘေးတိုက်အနေအထားဖြင့် လှဲ‌လျောင်းလျက် ဘယ်ဘက်လက်ကို ကြမ်းပြင်ပေါ်တွင် ဖြန့်ထားပြီး ညာဘက်လက်ဖြင့် ပုံတွင်ပြထားသည့်အတိုင်း ထိထားပါ။ ထို့နောက် ကွီးတို့ ခြေထောက်မြှောက်ပြီး ဦးခေါင်းကိုလည်း ပုံတွင်ပြထားသည့်အတိုင်း တစ်ပြိုင်နက်တည်း ကွေးလိုက်ပါ။ ထို့နောက်ဖြည်းဖြည်းချင်း ပြန်ချပြီး စတင်သည့်အနေအထားသို့ ပြန်သွားပါ။

လေ့ကျင့်ခန်း (၃) Hollow Holds

အမြှောင်းထနေတဲ့-six-packs

 

Photo : Men’s Health

ဒီလေ့ကျင့်ခန်းကို ပြုလုပ်မည်ဆိုပါက အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ကွီးတို့ရဲ့ လက်များကို ဆန့်တန်းထားပြီး လှဲလျောင်းလိုက်ပါ။ ပြီးလျှင်ကွီးတို့ရဲ့ လက်များ၊ ဦးခေါင်း၊ ပခုံးနဲ့ ခြေထောက်များကို ကြမ်းပြင်ပေါ်မှ မြှောက်လိုက်ပါ။ ပုံတွင်ပြထားသည့် အနေအထားအတိုင်း ဖြစ်ပါစေ။ ဒီအနေအထားကို ကွီးတို့ တတ်နိုင်သလောက် ထိန်းထားပါ။

လေ့ကျင့်ခန်း (၄) Russian Twists

အမြှောင်းထနေတဲ့-six-packs

Photo : Men’s Health

ဖျာပေါ်တွင် ထိုင်ကာ လက်နှစ်ဖက်ကိုမြှောက်ပြီး ရင်ဘတ်ကို ကပ်ထားပါ။ အလေးတုံး ကဲ့သို့ အကူကိရိယာသုံးလည်း ရပါတယ်။ ထို့နောက် ခြေနှစ်ဖက်ကို မြှောက်ပြီး ဒူးများကို အနည်းငယ်ကွေးကာ ကိုယ်ကို အနောက်သို့ အနည်းငယ်ဆန့်ထားပါ။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဘယ်ဘက်နှင့် ညာဘက်သို တစ်လှည့်စီလှည့်ပါ။

လေ့ကျင့်ခန်း (၅) Dumbbell Deadbugs

Photo : Men’s Health

ကွီးတို့ လက်တစ်ဖက်တစ်ချက်စီမှာ Dumbbell အလေးတုံးများကို ကိုင်ထားပြီး လက်များကို မျက်နှာကျက်ဆီသို့ တည့်တည့်ဆန့်တန်းထားပါ။ ထို့နောက် ခြေထောက်များကို ပုံတွင်ပြထားသည့်အတိုင် ၉၀ ဒီဂရီ ကွေးလိုက်ပါ။ ပြီးလျှင် ကွီးတို့ရဲ့ ဘယ်လက်နှင့် ညာခြေထောက်ကို တပြိုင်နက် ဆန့်ထုတ်ကာ နောက်ကျောကို ဖြောင့်တန်းနေအောင် ဖြည်းညှင်းစွာ ဆန့်တန်းပါ။ ပြီးလျှင် နောက်တစ်ဖက်ကို ပြုလုပ်ပါ။ ထိုကဲ့သို့ တစ်ဖက်တစ်ချက်စီ ပြုလုပ်သွားပါ။

လေ့ကျင်ခန်း (၆) Cocoon

Photo : Men’s Health

အရင်ဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းလိုက်ပါ။ ပြီးလျှင် လက်နှစ်ဖက်ကို ဦးခေါင်းအပေါ်သို့ ချထားပြီး ခြေထောက်များကို လည်း ကြမ်းပြင်ပေါ်မှာ ချထားပါ။ ထို့နောက် ဒူးကို ရင်ဘတ်ဆီသို့ ဆွဲတင်ကာ ကြမ်းပြင်ပေါ်မှ ကျောကို မတင်လိုက်ပြီး တစ်ပြိုင်နက်တည်း လက်များကိုလည်း ပုံတွင်ပြထားသည့်အတိုင်း ခြေထောက်နဲ့ ထိလုထိခင်အထိ လှုပ်ရှားမှုကို ပြုလုပ်ပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အမြှောင်းထနေတဲ့ Six Packs ရဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းများထဲက အချို့ပဲ ဖြစ်ပါတယ်။ မည့်သည့်လေ့ကျင့်ခန်းမဆို ပုံမှန်ပြုလုပ်ပြီး နည်းစနစ် မှန်ကန်မှသာ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်မျိုး ရရှိနိုင်မှာ ဖြစ်တာကြောင့် ကွီးတို့အနေနဲ့ လိုအပ်ပါက ကျွမ်းကျင်သော Trainers များထံမှ အကူအညီ ရယူနိုင်ပါတယ်။

Source : Men’s Health

Featured Photo : Washingtonian