အာဆင်နယ်က ချန်ပီယံလိဂ်ပြိုင်ပွဲဆီကို ဝင်ရောက် ဆင်နွဲခွင့်ရလို့ ဘိုင်ယန်မြူးနစ် နဲ့ ဆုံလိုက်ရတိုင်း အမြဲလိုလို ရှုံးနိမ့်ရတတ်ပေမယ့် အခုတစ်ကြိမ် ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို အပြိုင်လုရမယ့် ပြိုင်ပွဲမှာရော ဘယ်အသင်းက အသာရသွားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

declan rice

Photo Credit : Plante Sport

အာဆင်နယ်က ဒီရာသီမှာ ပါတေး ချာကာနဲ့ ဆောင်းဈေးကွက်တုန်းကမှ ခေါ်ယူထားတဲ့ ဂျော်ဂျင်ဟိုတို့နဲ့ အသင်း ကွင်းလယ်ပိုင်းက ကောင်းမွန်ခဲ့ရပေမယ့်လည်း ဆွစ်ဇာလန် ကွင်းလယ်လူကြီး ချာကာက လာမယ့်နှစ်မှာ လေဗာကူဆင်အသင်းဆီ ပြောင်းရွှေ့တော့မှာဖြစ်လို့ ကွင်းလယ်ပိုင်း ကွက်လပ်အတွက် အရည်အသွေးမြင့် ကွင်းလယ်လူကို လိုအပ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဈေးကွက် မဖွင့်ခင်ကတည်းက အာဆင်နယ်အသင်းဟာ အသင်း ကွင်းလယ်အတွက် ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒက်ကလန်ရိုက်စ်ကို တဖြည်းဖြည်း စိတ်ဝင်စားလာခဲ့တာပဲ ဖြစ်ပါတယ်။

rice

Photo Credit : Yorkshire Evening Post

ဘိုင်ယန်မြူးနစ် ကျတော့ လက်ရှိမှာ သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ်လူ ဂျိုရှုအာ ကင်မစ်ချ်ကို ရီးယဲလ် မက်ဒရစ် ၊ ဘာစီလိုနာ နဲ့ မန်စီးတီးအသင်းတွေက အပြိုင် စိတ်ဝင်စားနေကြတာမို့ တကယ်လို့ ကင်မစ်ချ်ကိုသာ လက်လ်ွရမယ်ဆိုရင် သူ့နေရာမှာ ဒက်ကလန်ရိုက်စ်နဲ့ ပြန်လည် အစားထိုးချင်တာ ဖြစ်ပါတယ်။ လက်ရှိ ဘိုင်ယန် နည်းပြ သောမတ်စ် တူဟယ်လ်က ချယ်လ်ဆီး နည်းပြအဖြစ် ပရီးမီးယားလိဂ်မှာ ကျင်လည်တုန်း ဝက်စ်ဟမ်း ကွင်းလယ်လူ ရိုက်စ်ရဲ့ ခြေစွမ်းပိုင်းတွေကို အနီးကပ် မြင်တွေ့ထားတာဖြစ်လို့ ကင်မစ်ချ်ကို ဆုံးရှုံးရမယ်ဆိုရင် ရိုက်စ်နဲ့ အစားထိုးမှာ သေချာပါတယ်။

rice west ham

Photo Credit : Sky Sports

ဒီလို အခြေအနေတွေကြောင့် ဝက်စ်ဟမ်းအနေနဲ့ ကွန်းဖရန့်စ်လိဂ် ဖိုင်နယ်မှာ ဖီအိုရင်တီးနားကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့မယ်ဆိုရင်တောင် ရိုက်စ်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့က မလွယ်တော့ပဲ သေချာပေါက်ကို ရောင်းထုတ်သွားရနိုင်ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းဘက်ကတော့ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀)လောက်အထိ တောင်းဆိုမှာဖြစ်လို့ ဒီတန်ကြေးအတိုင်းသာဆို အာဆင်နယ်အတွက်ရော ဘိုင်ယန်အတွက်ပါ ခေါင်းခဲရနိုင်ပါတယ်။

Featured Photo : The Times