အာဆင်နယ်အသင်းက မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲကျန် ပွဲစဉ်ကို Emirates မှာ ဧည့်ခံ ကစားရင်း (၁-၃)နဲ့ ရှုံးနိမ့်လိုက်ရတာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရသလို မန်စီးတီးကိုလည်း ပထမနေရာကနေပါ ဒုတိယနေရာဆီ ဖယ်ပေးလိုက်ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အာဆင်နယ် ဟာ ဒီနေ့မှာလည်း သူတို့ရဲ့ နည်းပြဟောင်း အူနိုင်း အမ်မရီ ရဲ့ အက်စတွန်ဗီလာအသင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့နေပြန်ပါတယ်။

Unai

Photo Credit : Pain in the Arsenal

လက်ရှိ ဗီလာကို ကိုင်တွယ်နေတဲ့ နည်းပြ အမ်မရီ ဟာ အာဆင်နယ် အသင်းကို (၁)နှစ်ခွဲ နီးပါးလောက်အထိ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး အခုတော့ သူ့အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရပါတော့မယ်။ အမ်မရီဟာ ဗီလာနည်းပြအဖြစ် စတင် ဆောင်ရွက်စဉ်တုန်းက ရလဒ်ကောင်းတွေ ဖော်ဆောင်ထားနိုင်ပေမဲ့ လက်ရှိမှာတော့ ဗီလာရဲ့ ရလဒ်တွေက အားရစရာ အနေအထားမှာ ရှိမနေတဲ့အပြင် (၂)ပွဲဆက်တိုက်လည်း ရှုံးပွဲတွေ့ထားခဲ့ရပါတယ်။

arseanal

Photo Credit : CNN Indonesia

ဆင်ပျံကြီးလို့ တင်စားခံထားရတဲ့ အာဆင်နယ်ကလည်း နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့ရပြီး အဝေးကွင်း (၂)ပွဲဆက်လည်း ရှုံးပွဲတွေ့ထားခဲ့ပါသေးတယ်။ ဒီအချိန်မှာ အသင်းရဲ့ နည်းပြဟောင်း အမ်မရီ ကိုင်တွယ်နေတဲ့ ဗီလာနဲ့ ဗီလာပတ်ခ်တွင် သွားရောက် ယှဉ်ပြိုင်ရမှာကလည်း အာဆင်နယ် အတွက်တော့ မလွယ်ကူနိုင်ပါဘူး။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့ အာဆင်နယ်တို့ ဒီပွဲကို ရလဒ်ပြန်ကောင်းဖို့က မဖြစ်မနေကို လိုအပ်နေပါတယ်။

Villa Arsenal

Photo Credit : Bola

အာဆင်နယ်မှာ အဓိက ကွင်းလယ်လူ သောမတ်စ် ပါတေး မပါဝင်နိုင်သေးအပြင် ကြားရက်မှာပါ မန်စီးတီးနဲ့ ပွဲကျပ် ကစားထားရလို့ ပွဲလည်းပန်းနေနိုင်တာက အာဆင်နယ်အတွက် ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်က မန်စီးတီးကို အဆင့်(၁)နေရာ ဖယ်ပေးထားရပေမဲ့လည်း ပွဲကျန် တစ်ပွဲ ကစားဖို့ ရှိနေသေးသလို ချန်ပီယံဆုကို စိန်ခေါ်နိုင်သေးတဲ့ အခြေအနေမျိုးလည်း ရှိနေသေးတာဖြစ်လို့ ဒီပွဲမှာ ရလဒ်ကောင်းတစ်ခုနဲ့ bounce back လုပ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒါက အာဆင်နယ် နည်းပြဟောင်း အမ်မရီက ဟန့်တားသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Featured Photo : The Sun