နာမည်ကျော်ကြား အားကစားသမားတွေရဲ့ ဘဝဟာ တကယ်ကို Luxury Life ပါပဲ။ ဝင်ငွေကြမ်းလှတဲ့ ထိပ်တန်း အားကစားသမားတွေဟာ အကောင်းဆုံးဆိုတဲ့ စူပါကားတွေ ၊ အလှဆုံးဆိုတဲ့ အမျိုးသမီးတွေ ၊ ခမ်းနားပေ့ဆိုတဲ့ တိုက်တာအိုးအိမ်တွေနဲ့ ဆန်းပြားသားနားလှတဲ့ ဖက်ရှင်အသုံးအဆောင်တွေကိုလည်း ထည်လဲသုံးစွဲတတ်သူတွေမျိုး ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ရင် အားကစားသမားတွေဟာ အဝတ်အစား ၊ ဆံပင် ၊ အသုံးအဆောင်အပြင် နာရီတွေကိုလည်း ခရေဇီဖြစ်ကြတာ ရှိပါတယ်။ နာရီကောင်းပတ်ရတာ သဘောကျတဲ့ အားကစားသမားတွေထဲမှာမှ ကမ္ဘာ့ထိပ်တန်း အားကစားသမား တချို့ ပတ်ကြတဲ့ နာရီ တချို့အကြောင်း မျှဝေတင်ဆက်ပေးချင်ပါတယ်။

(၁) David Beckham – TUDOR Black Bay Chrono

David Beckham

Photo : senatus

အင်္ဂလန်ဘောလုံး အကျော်အမော် ဒေးဗစ်ဘက်ခ်ဟမ်းကို ကွင်းထဲမှာ မမြင်ရတော့ပေမယ့် သူ့ရဲ့ ဆံပင်ပုံစံ ၊ တက်တူး ၊ ဖက်ရှင်နဲ့ သူသုံးတဲ့ Accessory တွေအကြောင်းကတော့ ဘောလုံးချစ်သူတွေ ရင်ထဲမှာ ကျန်နေတုန်းပဲလို့ ဆိုချင်ပါတယ်။ ဖရီးကစ်ဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဘက်ခ်ဟမ်းဟာ TUDOR Black Ray Chrono စတီးအိုး နာရီပတ်ပြီး လူမြင်ကွင်းမှာ တွေ့ရလေ့ရှိပါတယ်။

Black Bay Chrono 43mm ဟာ ယောင်္ကျားဆန်မှု ၊ အချိန်လေးစားမှုနဲ့ ယုံကြည်မှု Level ကို မြှင့်တင်နိုင်မယ့် နာရီပုံစံမျိုးပါပဲ။ စတိန်းလတ်စတီးအိုး နဲ့ စတီးလကတ်ပတ်ကြိုးဗားရှင်း ထွက်သလို လယ်သာကြိုးနဲ့လည်း လာတာ ရှိပါတယ်။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၃၇၀၀ ကနေ ၄၃၀၀ အထိ ကျသင့်နိုင်ပါတယ်။ မြန်မာငွေ နဲ့ဆို ကျပ်သိန်း ၇၀ ကျော်ကနေ ၈၅ သိန်းလောက်အထိ ကျသင့်ဖို့ ရှိပါတယ်။

(၂) Tiger Woods – Rolex Deepsea

Tiger Woods

Photo : Esquire

ကမ္ဘာကျော်ဂေါက်ရိုက်သမား တိုက်ဂါးဝုဒ်ဟာ အပန်းဖြေခရီးတွေ ထွက်တော့မယ်ဆိုရင် Rolex Deepsea နာရီ ပတ်လေ့ရှိပါတယ်။ ပင်လယ်ပြင်မှာ ရေငုပ်ရတာ ဝါသနာပါတဲ့ ဂေါက်သီးရိုက်အကျော်အမော်ဟာ Rolex နာရီကုမ္ပဏီရဲ့ အမှတ်တံဆိပ် သံတမန် Brand Ambassador လည်း ဖြစ်တာကြောင့် Rolex ထုတ် Rolex Deepsea နာရီ ပတ်ပါတယ်။

Deepsea နာရီက အကြမ်းခံပြီး ရေအနက် ပေ ၄၀၀၀ အထိ ရေလုံ Waterproof ဖြစ်လို့ Diving ဝါသနာအိုးလည်း ဖြစ်တဲ့ တိုက်ဂါးဝုဒ်နဲ့တော့ အကိုက်ပဲလို့ ဆိုရမှာပါ။ ရေဘယ်လောက်စိုစို မမှုတာကြောင့်အပြင် Rolex ရဲ့ နာရီအနုပညာ နဲ့ နည်းပညာဆိုင်ရာ အလှပြချက်တွေ စုစည်းနေတဲ့ နာရီတစ်လုံးလည်း ဖြစ်ပါတယ်။ မော်ဒယ်အမျိုးအစားပေါ်လိုက်ပြီး Rolex Deepsea နာရီတစ်လုံးကို ဒေါ်လာ ၁၆၀၀၀ (မြန်မာငွေ သိန်း ၃၂၀ အထိ) ဈေးပေါက်ပါတယ်။

(၃) Conor Mcgregor – Jacob & Co Astronomia Tourbillon Baguette

Conor Mcgregor

Photo : lxqsite

MMA ကြယ်ပွင့်တွေထဲက ထင်ရှားလှတဲ့ ဖိုက်တာကြီး မက်ဂရီဂေါ်ဟာ နာရီတစ်လုံးအတွက် ဒေါ်လာ သန်းချီ ငွေသုံးခဲ့တဲ့ နာရီခရေဇီတစ်ဦးပါ။ မက်ဂရီဂေါ်ဟာ မက်ဟန်တန်အခြေစိုက် Jacob & Co ကုမ္ပဏီမှာ စိန်စီထားတဲ့ ရွှေနာရီတစ်လုံးကို ဒေါ်လာ ၁ သန်းကျော် ပေးပြီး ဝယ်ခဲ့ပါတယ်။ Jacob & Co Astronomia Tourbillon Baguette နာရီရဲ့ ပုံက မြင်ဖူးသမျှ နာရီတွေထဲက အဆန်းဆုံးမော်ဒယ်တစ်လုံးလို့ ဆိုနိုင်ပါတယ်။

နာရီဟာ ထွင်းဖောက်မြင် ရွှေကွပ်မှန်အိမ်အတွင်းက အလင်းဖောက် ညကောင်းကင်ကို အလင်းပြန်စက်လုံးပုံ စိန်တစ်လုံးက လှည့်ပတ်ရင်း အလှဆင်ထားပါတယ်။ တိုက်တေနီယံ ၊ အလူမီနီယံ နဲ့ ၁၈ ကာရက် ရွှေအိမ်တွေပါပြီး ၅၀ မီလီမီတာအကျယ် ၂၅ မီလီမီတာ ထူတဲ့ Jacob & Co Astronomia Tourbillon Baguette နာရီကို ဒေါ်လာ ၁၀၁၅၀၀၀ (မြန်မာငွေ သိန်း ၂ သောင်းကျော်) ပေးပြီး ဝယ်ထားတာ ဖြစ်ပါတယ်။

(၄) Cristiano Ronaldo – Rolex Daytona

Rolex

Photo : Hypebeast

ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဘောလုံးသမားတွေထဲမှာ အအောင်မြင်ဆုံး နဲ့ အထူးချွန်ဆုံးအဖြစ် အသိအမှတ်ပြုခံထားရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အများထက် သာအောင် မြှင့်တင်နေတဲ့ ရော်နယ်ဒိုဟာ ဝင်ငွေအမြင့်ဆုံး ဘောလုံးသမားပီပီ Luxury Lifestyle နဲ့ နေသလို အကောင်းစားဆိုတဲ့ နာရီမျိုးမှလည်း ပတ်တတ်သူ ဖြစ်ပါတယ်။

ရော်နယ်ဒို ပတ်တဲ့ Rolex Daytona နာရီဆိုရင် ရွှေဝါရောင် ၁၈ ကာရက် နှင်းဆီရွှေကာလာကိုမှ စိန်စီထားတာ ဖြစ်ပါတယ်။ ဈေးကလည်း ဒေါ်လာ ၁ သောင်းခွဲ ( မြန်မာငွေ သိန်း ၃၀၀ ခန့်) တန်ပါတယ်။ ရော်နယ်ဒိုဟာ Rolex နာရီသမိုင်းမှာ ဈေးအကြီးဆုံး နာရီပိုင်ရှင်လည်း ဖြစ်ပါတယ်။ သူ ဝယ်ထားတဲ့ Rolex GMT Master Ice ဆိုရင် Rolex က ထုတ်သမျှထဲမှာ ဈေးအကြီးဆုံးဖြစ်ပြီး ဒေါ်လာ ၅ သိန်း (မြန်မာငွေ ကျပ်သိန်း ၁၀၀၀ ခန့်) တန်ပါတယ်။

(၅) Lionel Messi – Rolex Oyster Perpetual Yacht-Master

TOPSHOT-FBL-FRA-LIGUE1-PSG-MESSI

Photo :

Paris Saint-Germain (PSG) အသင်းကို ပြောင်းရွှေ့လာတဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း လိုင်ယွန်နယ် မက်ဆီ ပိုင်ဆိုင်တဲ့ နာရီတွေထဲမှာ Rolex ထုတ် Rolex Oyster Perpetual Yacht-Master ရွှေနာရီလည်း ပါပါတယ်။ ဒီနာရီက ရော်နယ်ဒိုပိုင်တဲ့ Rolex နာရီလောက် ဈေးမမြောက်ပေမယ့် ဩဇီဒေါ်လာ ၃၇၀၀၀၀ ( မြန်မာငွေ သိန်း ၄၅၀ ခန့်) တန်ပါတယ်။ အကြမ်းခံတဲ့ Oyster Flex လက်ပတ်ကိုမှ Rolex ရဲ့ မျိုးဆက်သစ် 3225 Auto စက်မောင်းစနစ် ပါပြီး ၁၈ ကာရက် နှင်းဆီရောင်ရွှေကိုယ်ထည်နဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။

Featured Photo : The Irish Sun