စိတ်ပူပန်စရာများ၊ သောကများ၊ စိတ်ဖိစီးစရာများက ကွီးတို့ကို ညဘက်မှာ မအိပ်စက်နိုင်အောင် အနှောင့်အယှက်ပေးနေမှာ အမှန်ပါပဲ။ ညဘက်မှာ တော်တော်နဲ့ အိပ်မပျော်ဘဲ တစ်ခါ တစ်ခါ အိပ်ပျော် ဖို့အရေး ခက်ခဲ စွာ အချိန်ယူနေရပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။

ကွီးတို့သည် ဘာအကြောင်းကြောင်း ကြောင့်ပဲ အိပ်ပျော် ဖို့ ခက်ခဲ နေပါစေ၊ ဒီလေ့ကျင့်ခန်းများကိုသာ ပြုလုပ်ကြည့်လိုက်ပါ။ အကျိုးထူးကို မျက်မြင်ခံစားရမှာပါ။

လေ့ကျင့်ခန်း (၁)

man exercise

ပထမဦးဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ အသက်ရှူ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အသက်ရှူ လေ့ကျင့်ခန်းသည် ကွီးတို့ရဲ့ အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းတို့ကို ပိုမိုကောင်းမွန်လာအောင် ဖန်တီး ကူညီပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။​ အသက်ရှူ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပေးခြင်းအားဖြင့် ကွီးတို့ရဲ့ နှလုံးကျန်းမာရေးနှင့် သွေးလှည့်ပတ်မှုကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ မနက်ခင်း နိုးထလာတိုင်းမှာ အသက်ရှူ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်းအားဖြင့် တစ်နေ့တာလုံး ပေါ့ပါးလန်းဆန်းနေပြီး ညဘက်ကျရင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေနိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

အိပ်ပျော် ခက်ခဲ

နောက်ထပ် ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းကတော့ တရားထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ စိတ်ကို တည်ငြိမ်လာအောင် ကူညီပေးပါလိမ့်မယ်။ မနက်ခင်း အချိန်မှာပဲဖြစ်ဖြစ် ညအိပ်ရာဝင်ခါနီးမှာပဲဖြစ်ဖြစ် တရားထိုင်ပေးနိုင်ပါတယ်။ တရားထိုင်ပေးခြင်းအားဖြင့် ဦးနှောက်ကို အနားပေးဖို့အတွက် အစပျိုးနေတာဖြစ်ပြီး ဘာအတွေးမှ ဝင်ရောက်မလာအောင် တားဆီးပေးပါတယ်။ လေ့လာချက်များအရ တရားထိုင်ခြင်းသည်လည်း ကွီးတို့ရဲ့ အိပ်စက်မှုစက်ဝန်းကို ချက်ချင်းပြောင်းလဲပေးပြီး အိပ်မောကျအောင် ကူညီပေးတဲ့နေရာမှာ ထိရောက်မှု အရှိဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်တယ်ဆိုတာကို သိရှိရပါတယ်။

လေ့ကျင့်ခန်း (၃)

အိပ်ပျော် ခက်ခဲ

နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ ယောဂ ပို့စ် ပြုလုပ်ကာ အိပ်ချင်စိတ်ကို နှိုးဆွပေးရမှာ ဖြစ်ပါတယ်။

အရင်ဦးဆုံး ဒူးနှစ်ဖက်ကို ထောက်ထားကာ ခန္ဓာကိုယ် အပေါ်ပိုင်းက ကြမ်းပြင်ပေါ်သို့ တဖြည်းဖြည်းချင်းစီ ကိုင်းညွှတ်လိုက်ပါ။  ထို့နောက် ပုံပါအတိုင်း လက်နှစ်ဖက်ကို ဆန့်တန်းပြီး နဖူးက ကြမ်းပြင်ဖြင့် ထိကပ်ပေးလိုက်ပါ။  ထိုအနေအထားအတိုင်း အသက် ရှူသွင်း ရှူထုတ်ခြင်းကို ၅ ကြိမ်ခန့် (စက္ကန့် ၅၀) ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

အိပ်ပျော် ခက်ခဲ

နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ခြေထောက်နှစ်ဖက်ကို မိုးပေါ် ထောင်ထားကာ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

ဒီယောဂ ကျင့်စဉ်က ကွီးတို့‌ တစ်နေ့တာလုံးအလုပ်ကြောင့် ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေပါတယ်။ ဒီရိုးရှင်းတဲ့ ကိုယ်ဟန်အနေအထားက ကွီးတို့ရဲ့သွေးတွေကို ပြန်လည်လည်ပတ်ဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့အိပ်စက်ခြင်းကိုလည်း ကောင်းမွန်စေပါတယ်။ဒီကျင့်စဉ်ကို လုပ်မယ်ဆိုရင် ကွီးတို့အိန်ရဲ့ နံရံမှာ လွတ်နေတဲ့နေရာကိုရှာပြီး ကို နံရံနဲ့အညီ ချထားလိုက်ပါ။ ပြီးလျှင် ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို နံရံနဲ့ကပ်ပြီးနောက် ခြေထောက်များကို နံရံပေါ်တွင် ၉၀ ဒီဂရီ အနေအထားဖြင့် ထောင်လိုက်ပါ။ လက်နှစ်ဖက်ကို ကွီးတို့ခန္ဓာကိုယ်ဘေးတွင် ဖြေလျှော့ထားလိုက်ပါ။ဒီ အနေအထားအတိုင်း ၅ မိနစ်မှ ၁၀ မိနစ် အထိထားပါ။ သို့မဟုတ် ကွီးတို့ သင်သက်တောင့်သက်သာရှိသရွေ့ နေနိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများထဲက ကိုယ်နဲ့ သင့်တော်မယ့် လေ့ကျင့်ခန်း အချို့ကို ရွေးချယ်ကာ ညအိပ်ရာ ဝင်ခါနီးမှာ ပြုလုပ်ပေးလိုက်ပါ။ ကွီးတို့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှာပဲဖြစ်ပါတယ်။

Source: Menshealth

Featured Image: Gq-magazine.co.uk