Workout တစ်ခု မလုပ်ခင်မှာ အရေးကြီးဆုံးအချက်သည် သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ၁၀ မိနစ် စာ သွေးပူလေ့ကျင့်ခန်း များကို နည်းစနစ်မှန်မှန်ဖြင့် သေချာပြုလုပ်ပေးမယ်ဆိုရင် Workout ပြုလုပ်ရတာ ပိုမိုထိရောက်မှုရှိတာကို တွေ့မြင်ရပါလိမ့်မယ်။

ဒီ ၁၀ မိနစ် စာ သွေးပူလေ့ကျင့်ခန်း များသည် အရိုးအဆစ်များ ကြွက်သားများကို သွေးပူသွားအောင် လှုံ့ဆော်ပေးပြီး နှလုံးခုန်မြန်လာအောင်လည်း ကူညီပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကိုလည်း လောင်ကျွမ်းစေပါတယ်။

လေ့ကျင့်ခန်း (၁)

၁၀ မိနစ် သွေးပူလေ့ကျင့်ခန်း

Photo: SparkPeople

တစ်နေရာတည်းမှာ ပဲ မတ်တပ်ရပ်ကာ လမ်းလျှောက်တဲ့ပုံစံ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ညာခြေ ကြွလိုက်တဲ့အခါမှာ ဘယ်လက်ကို အလိုက်သင့်လေး အရှေ့သို့ ထုတ်ကာ ရွေ့လျားလိုက်ပါ။ တစ်ဖန် ဘယ်ခြေ ကြွတဲ့အချိန်မှာလည်း ညာလက်ကို အလိုက်သင့်လေး လှုပ်ရှားပေးရပါမယ်။ စုစုပေါင်း ၁ မိနစ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

၁၀ မိနစ် သွေးပူလေ့ကျင့်ခန်း

Photo: AskMen

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက်ဆိုရင်တော့ ကြိုးတစ်ချောင်း လိုအပ်ပါလိမ့်မယ်။

ရိုးရိုးကြိုးခုန်လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ၁ မိနစ်ခန့် ကြိုးခုန်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

၁၀ မိနစ် သွေးပူလေ့ကျင့်ခန်း

Source: IceGif

အရင်ဦးဆုံး ခြေထောက်အနည်းငယ် ချဲထားကာ လက်နှစ်ဖက်က ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီတွင် ချထားပြီး အသင့်အနေအထားပြင်ပါ။

ထို့နောက် ခြေထောက်နှစ်ဖက်ကို ဘေးဘက်သို့ ကားထုတ်ကာ ခုန်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ လက်နှစ်ဖက်က ဦးခေါင်းအပေါ်မှာ စုဆုံကာ လက်ခုပ်တီးမယ့်ပုံသဏ္ဍာန် ပြုလုပ်လိုက်ပါ။

ဒီသွေးပူလေ့ကျင့်ခန်းကိုလည်း ၁ မိနစ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

၁၀ မိနစ် သွေးပူလေ့ကျင့်ခန်း

Source: Flab Fix

အရင်ဦးဆုံး မတ်တပ်ရပ်နေပါ။ ထို့နောက် ဘယ်ခြေကို အနောက်သို့ပစ်ကာ ဘယ်တင်ပါးနဲ့ ထိကပ်ပေးလိုက်ပါ။ တစ်ဖန် ညာခြေကို အနောက်သို့ပစ်ကာ ညာတင်ပါးဖြင့် ထိကပ်ပေးလိုက်ပါ။

စုစုပေါင်းကြာချိန် ၁ မိနစ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

၁၀ မိနစ် သွေးပူလေ့ကျင့်ခန်း

Source: Menshealth

ကြမ်းပြင်ပေါ်တွင် လေးဘက်ထောက်ကာ အသင့်အနေအထားပြင်ပါ။ လက်နှစ်ဖက်က ပုခုံးအောက်မှာ ထောက်ထားပါ။

ထို့နောက် ဘယ်ဒူးကို ရင်ဘတ်ဆီသို့ ဆွဲယူကာ ကွေးလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

တစ်ဖန် ညာဒူးကို ကွေးလိုက်ပြီးနောက် ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

ဒီလိုမျိုး ဘယ် ညာ တစ်လှည့်စီကို ၁ မိနစ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတ်ယ။

လေ့ကျင့်ခန်း (၆)

warm up exercises

Source: Flab Fix

လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းထားပါ။ မတ်တပ်ရပ်တဲ့အနေအထားပြင်ထားပြီးနောက် ညာခြေကို အနောက်သို့ ပစ်ထားပါ။

တစ်ဖန် ညာခြေကို အပေါ်သို့ လွှဲမြှောက်လိုက်ကာ ဘယ်လက်ဖြင့် ထိတွေ့ပေးလိုက်ပါ။

စက္ကန့် ၃၀ ခန့် ပြုလုပ်ပါ။

ထို့နောက်မှာတော့ ဘယ်ခြေကို အနောက်သို့ ပစ်ထားလိုက်ပါ။ အပေါ်သို့ လွှဲမြှောက်ကာ ညာလက်ဖြင့် ထိတွေ့ပေးလိုက်ပါ။ စက္ကန့် ၃၀ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၇)

warm up exercises

Source: Menshealth

ခြေထောက်နှစ်ဖက်ကို အကျယ်ကြီး ချဲထားလိုက်ပါ။ အလေးတုံးကတော့ ကိုင်ထားလည်း ရပါတယ်။ အလေးတုံးအလွတ် အသုံးပြုလည်းရပါတယ်။

ထို့နောက် ညာဒူးကို ကွေးချလိုက်ကာ ဘယ်ဒူးက ဆန့်တန်းသွားအောင် ပြုလုပ်ပါ။ မူလအနေအထားအတိုင်း ပြန်ရပ်ပါ။

တစ်ဖန် ဘယ်ဒူးကို ကွေးချလိုက်ပြီး ညာဒူးကို ဆန့်တန်းလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

စုစုပေါင်း ၁ မိနစ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၈)

warm up exercises

Source: Flab Fix

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် အနည်းငယ် ပိုကျယ်အောင် ချဲထားပါ။

လက်နှစ်ဖက်က ပုံပါအတိုင်း လက်ဝှေ့ထိုးတဲ့ ပုံစံ ဘယ် တစ်လှည့်၊ ညာ တစ်လှည့်စီ ပြုလုပ်ပေးလိုက်ပါ။ ၁ မိနစ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၉)

warm up exercises

Source: Pinterest

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။

အဆင့် (၂) လက်နှစ်ဖက်ကတော့ ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီတွင် ပုခုံးအမြင့်နဲ့တူအောင် ဘေးသို့ ဆန့်တန်းထားလိုက်ပါ။

အဆင့် (၃) လက်နှစ်ဖက်က နာရီလက်တံအတိုင်း စက်ဝိုင်းပုံသဏ္ဍာန် ဝိုက်ပေးလိုက်ပါ။ စက္ကန့် ၃၀ ပြုလုပ်ပေးရပါမယ်။

အဆင့် (၄) ထို့နောက် လက်နှစ်ဖက်ကို နာရီလက်တံပြောင်းပြန်အတိုင်း စက်ဝိုင်းပုံသဏ္ဍာန် ဝိုက်ပေးရပါမယ်။ စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၁၀)

warm up exercises

Source: Foodspring

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ခါးထောက်ကာ အသင့်အနေအထားပြင်လိုက်ပါ။

အဆင့် (၂) ထို့နောက် တင်ပါး နောက်ပစ်ကာ စက်ဝိုင်းပုံသဏ္ဍာန် ဝိုက်ချလိုက်ပါ။ နာရီလက်တံအတိုင်း စက္ကန့် ၃၀ ဝိုက်ချပြီးတဲ့နောက်မှာတော့ နာရီလက်တံပြောင်းပြန်အတိုင်း စက္ကန့် ၃၀ ဝိုက်ချလိုက်ပါ။

အခုဖော်ပြသွားတဲ့ ၁၀ မိနစ် စာ သွေးပူလေ့ကျင့်ခန်း များကို Workout မလုပ်ခင်မှာ ပြုလုပ်ပေးနိုင်ပါတယ်။

Source: Spotebi

Featured Image: Barbend