ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီး နောက်ထပ် (၄)နှစ်အကြာ အမေရိကန် ကနေဒါ မက္ကဆီကို (၃)နိုင်ငံ ပူးတွဲ ကျင်းပသွားမယ့် ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့တစ်ဝန်းလုံးက ဘောလုံးပရိသတ်တွေဆီ အသွင်သစ်တစ်မျိုးနဲ့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

3 countries wc

Photo Credit : Footy Headlines

အရင်ကတည်းက ကျင်းပနေကျ ပုံစံအရ ပြိုင်ပွဲဝင် အသင်းပေါင်း (၃၂)သင်းကို (၄)သင်း (၈)အုပ်စုခွဲပြီး ကျင်းပစေခဲ့တာ ဖြစ်ပေမယ့်လည်း လာမယ့် ၂၀၂၆ကမ္ဘာ့ဖလားမှာတော့ အသင်းအရေအတွက်ကို (၄၈)သင်းအထိ တိုးမြှင့်လိုက်တာကြောင့် (၄)သင်း အုပ်စု (၁၂)စုခွဲကာ ယှဉ်ပြိုင်စေမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ အုပ်စု (၁၂)စုမှာ အုပ်စုပထမ အုပ်စုဒုတိယရမယ့် အသင်းအရေအတွက်ပေါင်း (၂၄)သင်းအပြင် အုပ်စုတတိယရတဲ့ အသင်းတွေထဲကမှ အကောင်းဆုံး တတိယ (၈)သင်းကို ဆက်လက် ရွေးချယ်ပြီး ရှုံးထွက် (၃၂)သင်းအဆင့်ကို ကစားစေမှာ ဖြစ်ပါတယ်။

Photo Credit : RealSports101

ဒီလို အပြောင်းအလဲ တစ်ရပ်နဲ့ ကျင်းပသွားမယ့် ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစကနေ အဆုံးထိ ပွဲအရေအတွက် စုစုပေါင်း (၁၀၄)ပွဲအထိ ရှိသွားမှာဖြစ်သလို အသင်းအရေအတွက် တိုးမြှင့်လိုက်တာဖြစ်လို့ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲနိုင်မယ့် အခွင့်အရေးတွေဟာလည်း ပိုပြီးတော့ကို များပြားလာနိုင်ပါတယ်။

wc

Photo Credit : Fox 13 Tempa Bay

၁၉၃၀ခုနှစ်ကနေ စတင် ကျင်းပလာခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၂၀၀၂ခုနှစ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် ဂျပန်-တောင်ကိုရီးယား (၂)နိုင်ငံတို့က ပူးတြဲ ကျင်းပခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၆မှာတော့ အိမ်ရှင်အဖြစ် (၃)သင်းပူးတွဲ ကျင်းပတာကို ပထမဆုံးအကြိမ် စတင် ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ ဒီ(၃)နိုင်ငံထဲမှာ မက္ကဆီကိုက ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် (၂)ခါတောင် ကျင်းပခဲ့ဖူးသလို အမေရိကန်ကလည်း ၁၉၉၄ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ဖူးပါတယ်။

Featured Photo : Sports Travel Magazine