အသက်အရွယ်ကြောင့်ပဲ ဖြစ်ဖြစ် Gentleman ဆန်ဆန် ဝတ်ဖို့ စဉ်းစားထားရင် ကိုယ့်ရဲ့ Styling ပုံစံကို ပြောင်းဖို့ လိုလာပါပြီ။ တကယ်တော့ လူကြီးလူကောင်းဆန်ဆန် ကြည့်ကောင်းတဲ့ ဖက်ရှင်အတွက် ပိုက်ဆံသိပ်ပြီး ထပ်သုံးစရာတော့လည်း မလိုပါဘူး။ အခုပြောမယ့် စည်းကမ်းလေးတွေ လိုက်နာရင်ကိုပဲ အဆင်ပြေနိုင်ပါတယ်။

(၁) ဆိုဒ်မှန်ဂိုက်မှန်ပါစေ

Suit

Photo: Pexels

Gentleman စတိုင်မှာ Tailor Made လို့ ခေါ်ကြတဲ့ ကိုယ်တိုင်နဲ့ ကွက်တိဖြစ်မယ့် ဖက်ရှင်တချို့ လိုပါတယ်။ ရှပ်အင်္ကျီ ၊ Pant ဘောင်းဘီ ၊ ဂျက်ကတ် ဒါမှမဟုတ် Blazer ကို Custom-Tailored မှာလို့ ရရင် မှာပါ။ မရရင်တော့ ကိုယ့်အရွယ်အစား ပုံစံ Shape နဲ့ Adjust လုပ်ပြီးသားကိုပဲ ဝယ်ဖို့ ပြောချင်ပါတယ်။

(၂) စမတ်ကာလာရွေးပါ

Color

Photo: Pexels

အဝတ်အစားတွေမှာ ဒီဇိုင်းနဲ့ ဆိုဒ်အပြင် ကာလာကလည်း အရေးကြီးပါတယ်။ အရောင်ငြိမ်ပြီး သန့်တဲ့ ကာလာတွေက ဖက်ရှင်တစ်ခုကို အဆုံးအဖြတ်ပေးလောက်အောင် အရေးကြီးပါတယ်။ ဝတ်သင့်တဲ့ ဖက်ရှင်တွေက နက်ပြာ ၊ သံလွင်စိမ်း နဲ့ နီညို Burgundy တွေလိုမျိုး တွေ ဖြစ်သင့်ပါတယ်။

(၃) Dress Shoe စီးပါ

Shoe

Photo: Pexels

ဖိနပ်တွေကလည်း ဖက်ရှင်ပုံစံမှာ သိပ်စကားပြောတဲ့ Accessory တွေပါ။ Formal ဘက်နွှယ်တဲ့ ဝတ်စားဆင်ယင်မှုအတွက် Sneaker လို ဖိနပ်တွေထက် Oxfords ၊ Brogues ၊ Derbies နဲ့ Monk Straps လို Dressy ဆန်တာတွေ ရွေးစီးဖို့ လိုပါတယ်။ အရောင်ကိုတော့ အနက် ၊ အညို ၊ ချောကလက်ရောင် ၊ နီညိုစတာတွေ ရွေးချယ်နိုင်ပါတယ်။

(၄) သပ်သပ်ရပ်ရပ် နေထိုင်ဝတ်စားပါ

Style

Photo: Pexels

နောက်ဆုံးပြောချင်တာက Care ဆိုတဲ့ စကားပါပဲ။ အဝတ်အစားတွေက အမျိုးအစားကောင်းနေရုံနဲ့ မဖြစ်ပါဘူး။ သန့်ရှင်းသပ်ရပ်နေဖို့လည်း လိုပါတယ်။ တတ်နိုင်ရင် မီးပူထိုးပြီးမှ ဝတ်ပါ။ ကိုယ့်ကိုယ်ကိုယ်လည်း သေချာ Hygiene Care လုပ်ပြီးမှ အပြင်ထွက်ပါလို့ ပြောချင်ပါတယ်။

Featured Photo : apetogentleman