နေ့စဉ်ဖြတ်သန်းနေရတဲ့ လူမှုဘဝမှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေ ၊ ပင်ပန်းနွမ်းနယ်မှုတွေ ၊ စိတ်ဖိစီးမှုတွေ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာ ခိုင်ခိုင်မာမာမရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူးဖြစ်နေပါသလား။ ဒါဆိုရင်တော့ အိပ်မပျော်တဲ့ ပြဿနာကို လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ဖြေရှင်းလို့ရပါတယ်။  ဇီဝကမ္မဖြစ်စဉ်အရ လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို အံသြဖွယ်ကောင်းလောက်အောင် အကျိုးရှိစေပြီး အိပ်စက်ခြင်း စက်ဝန်းကို ပိုမိုကောင်းမွန်စေပါတယ်။ စူးစမ်းလေ့လာသူများ၏ အကြံပြုချက်များအရ နေ့စဉ် ဘယ်အချိန်မဆို လေ့ကျင့်ခန်းလုပ်ခြင်းက အိပ်စက်ခြင်းကို မြှင့်တင်ပေးတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ အိပ်စက်မှုကို ကောင်းမွန်စေတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီပေးနိုင်မဲ့ ရိုးရှင်းတဲ့ Workout များ ကိုဝေမျှပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁) လမ်းလျှောက်ခြင်း

အိပ်ပျော်အောင် ကူညီပေးနိုင်မဲ့ Workout

Photo : FITrebel

ကွီးတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီပေးနိုင်မဲ့ ရိုးရှင်းတဲ့ Workout များ ထဲက ပထမဆုံး တစ်ခုကတော့ လမ်းလျှောက်ခြင်း ပဲဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်တဲ့ သူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းကို  ဖြေးဖြေးမှန်မှန်ဖြစ်စေ၊ မြန်မြန်သွက်သွက်ဖြစ်စေ၊ မည်သည့် အရှိန်အဟုန်နဲ့မဆို လမ်းလျှောက်ခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့ နေ့စဉ်လုပ်သင့်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ နေ့စဉ် မနက်စောစောဖြစ်စေ၊ ညနေဖြစ်စေ မိနစ် ၃၀ ခန့်လမ်းလျှောက်ကြည့်ပါ။ ကွီးတို့ရဲ့ စိတ်ဖိစီးမှုများကို လျှော့ချပေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေရုံသာမက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။

လေ့ကျင့်ခန်း (၂) ကြိုးခုန်ခြင်း

အိပ်ပျော်အောင် ကူညီပေးနိုင်မဲ့ Workout

Photo : Jump Rope Dudes

ကွီးတို့ အနေနဲ့ ညအချိန်မှာ အတွေးများပြီး အာရုံထွေပြားကာ ကောင်းစွာအိပ်မပျော်ဘူးဆိုရင် ကြိုးခုန်ခြင်းလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ စည်းချက်မှန်မှန် ကြိုးခုန်ခြင်းက ကွီးတို့ရဲ့ စိတ်အာရုံထွေပြားမှုကို လျော့ကျစေပါတယ်။ ကွီးတို့ အလိုရှိသလောက် နှေးနှေးဖြစ်စေ၊ မြန်မြန်ဖြစ်စေ၊ ခုန်လို့ရပါတယ်။ ကြိုးခုန်ခြင်းကို ၁ ကြိမ်လျှင် အခါ ၅၀ ခန့် ဖြင့်၄ ကြိမ်လုပ်ပါ။ ထို့နောက် အကြိမ် ၁ ခုပြီးတိုင်း ၁ မိနစ်ခန့်အနားယူပါ။ ကြိုးခုန်ခြင်းကို ကွီးတို့အဆင်ပြေတဲ့ မည်သည့်အချိန်မဆို လုပ်လို့ရပြီး ကျန်းမာရေးအတွက်ပါ တကယ်ကို အထောက်အကူပြု ပါလိမ့်မယ်။

လေ့ကျင့်ခန်း (၃) Flexibility Training

Sleep Exercise

Photo :  Einstein Perspective

ကွီးတို့ ကျန်းမာရေး အခြေအနေကြောင့်သော်လည်းကောင်း၊ ပင်ပန်းနွမ်းနယ်မှုတို့ကြောင့်လည်းကောင်း ခန္ဓာကိုယ် ညောင်းညာကိုက်ခဲ နာကျင်မှုတွေကြောင့် အိပ်မပျော်နိုင်ဖြစ်နေပါသလား။  နာကျင်ကိုက်ခဲမှုနဲ့ ညောင်းညာမှုတွေကို လျော့ကျစေပြီး အိပ်ပျော်အောင် ကူညီပေးနိုင်မဲ့ Workout ကတော့ Flexibility Training ပဲဖြစ်ပါတယ်။  ညဘက်မှာ အိပ်ပျော်ဖို့ ခက်နေတယ်ဆိုရင် တင်းကျပ်နေတဲ့ အကြောတွေကိုပြေလျော့စေဖို့နဲ့ နာကျင်မှုတွေ လျော့နည်းသက်သာစေဖို့ နည်းစန်စမှန်တဲ့ အကြောဆန့်လေ့ကျင့်ခန်းကို လုပ်ပါ။ ကွီးတို့ ခန္ဓာကိုယ်ရဲ့ နာကျင်နေတဲ့ အစိတ်အပိုင်းတစ်ခုစီအတွက် သင့်လျော်သော အကြောဆန့်လေ့ကျင့်ခန်းကို ၂ မိနစ်ခန့် ပြုလုပ်ပေးပါ။

ကောင်းမွန်စွာ အိပ်စက်ခြင်းက လူသားတစ်ယောက်ရဲ့နေ့စဉ်ဘဝမှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး အတွက်သာမက၊ စိတ်ပိုင်းဆိုင်ရာ အတွက်ပါ အရေးပါလှပါတယ်။ ဒါကြောင့် ကွီးတို့ကောင်းမွန်စွာ အိပ်စက်ဖို့ အခက်အခဲဖြစ်နေလျှင် အခုဖော်ပြပေးလိုက်တဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီပေးနိုင်မဲ့ ရိုးရှင်းတဲ့ Workout များကို လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : C Net

Featured Photo : Life