ဝမ်းချုပ်ခြင်းသည် ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ကျနော်တို့ကိုယ်တိုင်လည်း တစ်ခါတစ်ရံမှာ ကြုံတွေ့ရတတ်ပါတယ်။ အချို့လူများသည် ဝမ်းချုပ် ခြင်း ပြဿနာကို ဆေးသောက်ခြင်း၊ ကုသမှုခံယူခြင်းတို့ဖြင့် သက်သာပျောက်ကင်းအောင် ပြုလုပ်ကြပြီး အချို့ကတော့ ယောဂ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ရောဂါသက်သာအောင် ပြုလုပ်ကြပါတယ်။
ဝမ်းချုပ် ခြင်းနဲ့ ပတ်သက်လာတဲ့အခါ ယောဂ ပြုလုပ်ရမယ်ဆိုတဲ့အတွေးက သင့်ခေါင်းထဲမှာ ပထမဦးဆုံး ပေါ်လာမယ့်အရာတစ်ခုမဟုတ်ပေမယ့် ယောဂသည် ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တာကို သက်သေအထောက်အထားများအရ သိရှိနိုင်ပါတယ်။
၂၀၁၅ ခုနှစ်က လေ့လာတွေ့ရှိထားတဲ့ တွေ့ရှိချက်အရ ယောဂသည် ဝမ်းချုပ်ခြင်းအပြင် ဝမ်းပျက်ဝမ်းလျှောက်ဖြစ်ခြင်းနှင့် အခြားသော အစာအိမ်ပြဿနာများကိုပါ သက်သာပျောက်ကင်းစေနိုင်တယ်လို့ သိရှိရပါတယ်။
ကွီးတို့အနေနဲ့ မကြာခဏ ဝမ်းချုပ် တတ်တဲ့ ကျန်းမာရေးပြဿနာများကို ကြုံတွေ့ရတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ယောဂ ပို့စ်များကို ပြုလုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း (၁)
Source: Yoga International
ညာခြေကို ဘယ်တင်ပါးနားမျာ ကွေးထားပြီး ဘယ်ဒူးကိုတော့ ပုံပါအတိုင်း ထောင်ထားလိုက်ပါ။
ခါးကို အနည်းငယ် စောင်းထားပြီးနောက် ညာတံတောင်က ဘယ်ဒူးနှင့် ထိကပ်ထားလိုက်ပါ။ အသက်ကို ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ် ပြုလုပ်ပါ။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ် ကြာအောင် တောင့်ထားလိုက်ပါ။
လေ့ကျင့်ခန်း (၂)
Photo: Pinterest
အရင်ဦးဆုံး ယောဂဖျာပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ညာလက်ကို ဘေးဘက်သို့ ဆန့်တန်းပြီး ညာခြေကိုတော့ ခန္ဓာကိုယ်ရဲ့ အခြားတစ်ဖက်သို့ စောင်းကာ ဘယ်လက်က ညာဒူးကို လှမ်းကိုင်ထားလိုက်ပါ။ ထိုအနေအထားအတိုင်း အသက်ရှူသွင်း ရှူထုတ်ပြုလုပ်ပြီး စက္ကန့်အနည်းငယ်ခန့် တောင့်ခံထားလိုက်ပါ။
ထို့နောက် ခန္ဓာကိုယ်ရဲ့ အခြားတစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ဆက်လက်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)
Source: GIPHY
အရင်ဦးဆုံး ဘယ်ခြေကို နောက်သို့ ပို့ကာ ညာဒူးကို ၉၀ ဒီဂရီ ကွေးညွှတ်ထားလိုက်ပါ။ ထို့နောက် ဘယ်ခြေကို အပေါ်သို့ ပင့်တင်လိုက်ပါ။ တဖြည်းဖြည်းချင်း ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ အခြားတစ်ဖက်ကိုလည်း ထိုကဲ့သို့ ဆက်လက်ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၄)
Source: Yoga Journal
ဒီလေ့ကျင့်ခန်းကတော့ Cobra Pose လို့ ခေါ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ ဝမ်းလျားမှောက်ထားပြီးနောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို မြွေဟောက်တစ်ကောင် ပါးပျဥ်းထောင်လာသကဲ့သို့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွထားတဲ့အချိန်မှာ အသက်ရှူသွင်း ရှူထုတ် မှန်မှန်ပြုလုပ်ပြီး စက္ကန့်အနည်းငယ်ကြာ တောင့်ထားပါ။ ပြီးမှ ကြမ်းပြင်ပေါ်သို့ မူလအနေအထားအတိုင်း ပြန်နေရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၅)
Source: Yoga Pose
ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်နှစ်ဖက်ကို နံရံနားမှာ ကပ်ထားပြီး အပေါ်သို့ မြှောက်ထားရမှာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ ကြမ်းပြင်ပေါ်မှာ လှဲလျောင်းထားပြီး လက်နှစ်ဖက်ကတော့ သက်သောင့်သက်သာအနေအထားမှာပဲ ထားထားလိုက်ပါ။ မိမိသက်သောင့်သက်သာဖြစ်တဲ့ အချိန်အထိ တောင့်ထားပြီး အသက်ကိုလည်း ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ်ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၆)
Source: Healthline
အရင်ဦးဆုံး ယောဂဖျာပေါ်တွင် လှဲလျောင်းနေပါ။ ထို့နောက် လက်နှစ်ဖက်က ဒူးနှစ်ဖက်ကို ကိုင်ထားပြီး ဒူးနှစ်ဖက်ကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ပုစွန်ထုပ်ကဲ့သို့ ကွေးနေတဲ့ အနေအထားအတိုင်း နေနေပြီး စက္ကန့်အနည်းငယ်ကြာ တောင့်ခံထားလိုက်ပါ။
Source: Medicalnewstoday
Featured Image: Freepik