ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကို လျော့ကျစေပြီး ကြံ့ခိုင်မှုတိုးစေကာ ကြွက်သားကျစ်လစ် စွမ်းအင်မြှင့်ပေးမယ့် အကောင်းဆုံး လေ့ကျင့်ခန်းကတော့ Barbell Training ပါပဲ။ ဝိတ်ကျချင်သူတွေရော Bodybuilding လုပ်နေတဲ့ အမျိုးသားတွေပါ Barbell လေ့ကျင့်ခန်း တွေကို ဆော့ကစားလို့ ရပါတယ်။ အခုပြောပြပေးမှာကတော့ အမျိုးသား တွေအတွက် အကောင်းဆုံး Barbell လေ့ကျင့်ခန်း ၅ ခု အကြောင်းပါ။

(၁) Barbell Back Squat

Source : National Academy of Sports Medicine (NASM)

Barbell Back Squat လေ့ကျင့်ခန်းကတော့ Barbell အသုံးပြုပြီး Squat ထိုင်ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အဓိက ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေကို သန်မာစေပြီး နောက်ကျော ကြွက်သားတွေရဲ့ ကြံ့ခိုင်မှုကို တိုးစေပါတယ်။

(၂) Barbell Rack Pull

Source : Barbell Logic

Barbell Rack Pull လေ့ကျင့်ခန်းက Deadlift နီးတူ တူညီတဲ့ ကြွက်သားအစိတ်အပိုင်း အားလုံးအပေါ် သက်ရောက်မှုရှိတဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့် လက်ရဲ့ဆုပ်ကိုင်မှုအားတွေ ပိုကောင်းလာမယ် ၊ ပခုံးကြွက်သားနဲ့ ခန္ဓာကိုယ်နောက်ကျော အပေါ်ပိုင်း ကြွက်သားတွေရဲ့ သန်မာကြံ့ခိုင်မှုကို တိုးစေမှာ ဖြစ်ပါတယ်။

(၃) Barbell Bench Press

Source : LIVESTRONG.COM

ရင်ဘတ် ၊ Triceps နဲ့ ပခုံးကြွက်သားတွေကို အထိရောက်ဆုံး ကြံ့ခိုင်သန်မာစေမယ့် လေ့ကျင့်ခန်းကတော့ Barbell Bench Press ပါပဲ။ ခန္ဓာကိုယ်ကို ပလက်အနေအထား Barbell တန်းကို ဖြည်းဖြည်းချင်း တွန်းတင်ပေးရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

(၄) Barbell Bent Over Row

Source : Marcus Filly

Barbell Bent Over Row လေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ် အပေါ်ပိုင်း ကြွက်သားတွေ ၊ နောက်ကျောဘေးဘက်ကြွက်သားနဲ့ ကျောရိုးမအလည် ကပ်လျက်က ကြွက်သားတွေကို သန်မာစေဖို့ ကူညီပေးပါတယ်။ ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားကိုလည်း တိုးတက်ကောင်းမွန်စေပြီး ကြံ့ခိုင်မှုအားကောင်းစေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။

(၅) Barbell Hip Thrust

Source : Functional Bodybuilding

Barbell Hip Thrust တင်ပဆုံ ကြွက်သားတွေရဲ့ တွန်းအားနဲ့ အဓိက ကစားရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဝမ်းဗိုက်အောက်ဘက် ကြွက်သား ၊ ပေါင်တွင်း ကြွက်သား ၊ တင်ပဆုံ ကြွက်သားနဲ့ ခန္ဓာကိုယ်အောက်ပိုင်း အနောက်ဘက်ကြွက်သားကို ပိုမိုကြံ့ခိုင်သန်မာလာစေဖို့ ထောက်ပံ့ပေးပါတယ်။

Featured Photo : Muscle & Fitness