ပင်ပန်းနွမ်းနယ်တဲ့ နေ့တစ်နေ့ရဲ့ အဆုံးသတ်ချိန်ကို အိပ်ရာထဲမှာ ဖြတ်သန်းတဲ့နည်းလမ်းက ရိုးရှင်းတဲ့အားဖြည့်ဆေးတစ်လက် ဖြစ်ပေမယ့် ပင်ပန်းနွမ်းနယ်မှုတွေ အားလုံးကို အစွန်းဆုံး မသက်သာစေနိုင်ပါဘူး။ ဒါပေမယ့် ယောဂ လေ့ကျင့်ခန်းတွေကတော့ စိတ်ဖိအား နဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို သက်သာစေဖို့အတွက် အထိရောက်ဆုံး နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ဖိအား တွေအားလုံးကို ထိရောက်စွာ ဖယ်ရှားပေးပြီး စိတ်ရောကိုယ်ပါ လန်ဆန်းတက်ကြွမှု အားအင်တွေပြန်လည် ဖြည့်တင်းပေးနိုင်ဖို့ ယောဂ Pose ၅ ခုကို မျှဝေပေးချင်ပါတယ်။
(၁) Balasana (Child Pose)

Photo : Yogateket
Balasana သို့မဟုတ် Child Pose ကတော့ မိခင်ဝမ်းဗိုက်အတွင်းက သန္ဓေသား ပုံစံနဲ့ ဆင်တူပါတယ်။ Bala ဆိုတာ သက္ကတစကားလုံးဖြစ်ပြီး ကလေးလို့ အဓိပ္ပါယ်ရပါတယ်။ ဒီ ယောဂ လေ့ကျင့်ခန်းဟာ Beginner Level တွေအတွက် အကောင်းဆုံး Pose တစ်ခုဖြစ်ပြီး ဗိုက်ထဲ အစာမရှိတဲ့အချိန် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Balasana သို့မဟုတ် Child Pose ကိုယ်ဟန်အနေအထားကို ၁ မိနစ်ကနေ ၃ မိနစ်အထိ ကွီးတို့တက်သလောက် ပြုလုပ်နိုင်ပါတယ်။
(၂) Viparita Karani (Legs-Up-The-Wall Pose)

Photo : Freedom Genesis
Viparita Karani သို့မဟုတ် Legs-Up-The-Wall Pose ကတော့ လွယ်ကူရိုးရှင်းပြီး လူတိုင်းပြုလုပ်နိုင်တဲ့ ယောဂ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ စိတ်ဖိအားနဲ့ ခန္ဓာကိုယ်ရဲ့တင်းကြပ်မှုတွေအားလုံးကို ပြေလျော့သက်သာစေဖို့ ကူညီးပေးနိုင်တဲ့ အပျော့စားယောဂ ကျင့်စဉ်ဖြစ်ပါတယ်။ မနက်ခင်း ဝမ်းဗိုက်ထဲအစာမရှိတဲ့ အချိန်ပြုလုပ်ဖို့ အကောင်းဆုံးဖြစ်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်ခန့်အထိ ပြုလုပ်ပေးနိုင်ပါတယ်။
(၃) Makarasana (Crocodile Pose)
Photo : Yoga Pose
Makarasana သို့မဟုတ် Crocodile Pose ကတော့ ရေပေါ်မှာ ခေါင်းထောင်နေတဲ့ မိကျောင်းတစ်ကောင်နဲ့ ဆင်တူပါတယ်။ အရိုးရှင်းဆုံး ကိုယ်ဟန်အနေအထားနဲ့ နေရာမရွေး လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ ယောဂ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလည်း မနက်ခင်း အစားမစာခင်မှာ ပြုလုပ်ပေးသင့်ပြီး ၃ မိနစ်ကနေ ၅ မိနစ်ခန့်အထိ ပြုလုပ်ပေးနိုင်ပါတယ်။
(၄) Supta Baddha Konasana (Bound Angle Pose)

Photo : PixaHive.com
Supta Baddha Konasana သို့မဟုတ် Bound Angle Pose ကတော့ ကြမ်းပြင်ပေါ်မှာ လှဲလျောင်းတဲ့ပုံစံနဲ့ အလွယ်ကူဆုံးပြုလုပ်နိုင်မယ့် ယောဂ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အခုမှယောဂ စကစားမယ့်သူတွေအတွက် အထူးသင့်တော်ပါတယ်။ မနက်ခင်း ဒါမှမဟုတ် ညနေခင်းတွေမှာ ဗိုက်ထဲအစာမရှိတဲ့အချိန် ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး တစ်ကြိမ်ကို စက္ကန့် ၃၀ ကနေ ၆၀ အထိ ထိန်းထားပေးရမှာ ဖြစ်ပါတယ်။
(၅) Shavasana (Corpse Pose)

Photo : Freepik
Shavasana သို့မဟုတ် Corpse Pose ကတော့ Classic Relaxation ယောဂ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ သက်တောင့်သက်သာ အနေအထားလှဲလျောင်းပြီး ခန္ဓာကိုယ်ကို မလှုပ်မရှက် ငြိမ်သက်စွာနေပေးရမှာ ဖြစ်ပါတယ်။ တစ်နေ့တာအတွင်း စိတ်ဖိအား များတဲ့အချိန်တိုင်းမှာ ပြုလုပ်နိုင်ပြီး ၅ မိနစ်ကနေ ၁၀ ခန့် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Featured Photo : GQ México

