Parc des Princes ကွင်းကြီးထဲ ကျင်းပခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင် ပီအက်စ်ဂျီက ဘိုင်ယန်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မက်ဆီ၊ နေမာ၊ ဘာပေတို့ ပါဝင်ကစားခဲ့ပေမဲ့လည်း အိမ်ရှင်အသင်းက ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး အခု ဂျာမန်မြေမှာ ကစားရမဲ့ ဒုကျော့ပွဲစဉ်ကိုတော့ မက်ဆီ၊ နေမာ၊ ဘာပေ တိုက်စစ်အတွဲအဖက် အစုံအလင် မပါဝင်နိုင်တော့ပဲ နေမာ လွဲချော်လိမ့်မယ်လို့ သိရပါတယ်။
Photo Credit : The Sun
နေမာက သူရဲ့ညီမ ရာဖယ်လ်လာရဲ့ မွေးနေ့နား ကပ်လာချိန်တိုင်းမှာ တိုက်တိုက်ဆိုင်ဆိုင် ပွဲပယ်ပြစ်ဒဏ်တွေ ဒဏ်ရာပြသာနာတွေနဲ့ ကြုံတွေ့ရတတ်ပြီး အခုလည်း ရာဖယ်လ်လာရဲ့ မွေးနေ့ (၁၁)ရက်နေ့ကို ကပ်လာချိန်မှာ နေမာ က ခြေချင်းဝတ် အဆစ်လွဲသွားတာကြောင့် ပီအက်စ်ဂျီရဲ့ အရေးတကြီး ပွဲစဉ်ဖြစ်သော ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် အပါအဝင် (၂)ပွဲခန့် လွဲချော်ရတော့မယ်လို့ ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖာဂယ်လ်တီယာက ထုတ်ပြန်သွားခဲ့ပါတယ်။
Photo Credit : The Sun
“ နေမာ က နောက်ထပ်(၂)ပွဲ ကစားခွင့် ရနိုင်တော့မှာ မဟုတ်ဘူး။ သူက လီဂူးဝမ်းမှာ ဂိုးသွင်းအများဆုံးသူနဲ့ ဂိုးဖန်တီးမှု အများဆုံးသူပါ။ ဒါကြောင့် ဒါဟာ အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ” လို့ ဂယ်လ်တီယာက ပြောဆိုသွားခဲ့ပါတယ်။ ဂယ်လ်တီယာရဲ့ ပြောဆိုချက်အရ နေမာက နန့်စ်အသင်းနဲ့ ကစားရမဲ့ လီဂူးပွဲနဲ့ ဘိုင်ယန်နဲ့ ကစားရမဲ့ ချန်ပီယံလိဂ် အဲ့(၂)ပွဲကို ဆက်တိုက် လွဲချော်ရမှာဖြစ်ပြီး ဘိုင်ယန်နဲ့ပွဲက မတ်(၉)ရက်နေ့မှာ ကစားရမှာဖြစ်လို့ အဲ့ဒီနေ့မှာ အသင်းနဲ့အတူ ဘိုင်ယန်နဲ့ပွဲကို လိုက်ပါကြည့်ရှုရင်း ပြီးတာနဲ့ (၁၁)ရက်နေ့အမီ ရာဖယ်လ်လာ မွေးနေ့ပွဲကို အရောက်သွားဖွယ် ရှိနေပါတယ်။
Photo Credit : The Sun
နေမာဟာ နှစ်တိုင်းလိုလို မတ်လဆန်းပိုင်းထဲ ရောက်တာနဲ့ မွေးနေ့ကျိန်စာ ရရှိတတ်ပြီး ဒဏ်ရာရရင် ရ မဟုတ်ရင် ပွဲပယ်ပြစ်ဒဏ်ထိရင် ထိ တစ်ခုမဟုတ်တစ်ခု ဖြစ်တတ်ပါတယ်။ အဲ့လို ဖြစ်ပြီးတာနဲ့ သူ့ညီမ ရာဖယ်လ်လာရဲ့မွေးနေ့ကို ရောက်သွားလေပါရောပဲ။ ဒီကျိန်စာကို နေမာ ကိုယ်တိုင် သူ့ညီမအပေါ် အရမ်း ချစ်လွန်းလို့ ကျိန်စာအသင့်ခံထားတာဖြစ်ပြီး အခု အသက်(၂၇)နှစ်ပြည့်မဲ့ ရာဖယ်လ်လာရဲ့ မွေးနေ့ကိုလည်း ရာဖယ်လာ ချစ်အစ်ကိုကြီး နေမာ သေချာပေါက် တတ်ရောက်လာပါလိမ့်မယ်။
Featured Photo : The Sun