မနေ့က ဥရောပ ပြိုင်ပွဲတွေရဲ့ ကွာတား ဆီမီးနဲ့ ဖိုင်နယ် ပွဲစဥ်များအတွက် မဲနှိုက်ရေးဆွဲမှုတွေ ပြုလုပ်ခဲ့ရာ ယူရိုပါလိဂ်ဘက်မှာတော့ ထူးထူးခြားခြား အနေနဲ့ မန်ယူနိုက်တက်အသင်းက စပိန်ကလပ်တွေနဲ့ ရေစက်ဆုံနေရပြီး (၈)သင်းထဲမှာ (၁)သင်းသာ ကျန်ရှိနေတော့တဲ့ စပိန်ကလပ် ဆီဗီလာ နဲ့ ကွာတားအဆင့်မှာ တွေ့ဆုံနေရပါတယ်။
Photo Credit : The Sun
မန်ယူနိုက်တက်က ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ရှုံးထွက်ပလေးအော့အဆင့်နဲ့ (၁၆)သင်းရှုံးထွက်အဆင့်တွေမှာ စပိန်အသင်းများနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ထားခဲ့ရပါတယ်။ အုပ်စုအဆင့်မှာ ဆိုစီဒက် ရှုံးထွက်ပလေးအော့မှာ ဘာစီလိုနာ (၁၆)သင်းအဆင့်မှာ ဘက်တစ်တို့နဲ့ တောက်လျှောက် ဆုံတွေ့ထားရတဲ့ ယူနိုက်တက်ဟာ ဆိုစီဒက်နဲ့ အုပ်စုပွဲစဥ်တွေမှာသာ ရလဒ်မကောင်းခဲ့ရပေမယ့် ဘာစီလိုနာ ဘက်တစ်တို့လို စပိန်အသင်းကောင်းတွေကိုတော့ ကျော်ဖြတ်ထားနိုင်ခဲ့ပါတယ်။
Photo Credit : The Busby Babe
အခု ကွာတားမှာ ယူနိုက်တက် ထပ်ဆုံရမယ့် စပိန်ကလပ်က ယူရိုပါလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း ဆီဗီလာပါ။ ၂၀၂၀ ခုနှစ်တုန်းက ယူနိုက်တက်ကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဖြုတ်ထားခဲ့ဖူးတဲ့ ဆီဗီလာနဲ့ အခုတစ်ကြိမ် ကွာတားဖိုင်နယ်မှာ ထပ်မံ လာဆုံနေရတာက အလွန် စိတ်ဝင်စားစဖွယ် ဖြစ်နေပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ကနေ အုပ်စုပြုတ်လာခဲ့တဲ့ ဆီဗီလာ က ရှုံးထွက်ပလေးအော့မှာ PSV နဲ့ (၁၆)သင်းအဆင့်မှာ ဖီနာဘာချီတို့ကို ကျော်ဖြတ်ပြီး ကွာတားမှာ ယူနိုက်တက်နဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။
Photo Credit : Goal
ယူနိုက်တက်က ဆီဗီလာ အသင်းနဲ့ ဥရောပပြိုင်ပွဲတွေအတွင်း ထိပ်တိုက် တွေ့ဆုံမှုတိုင်းမှာ လုံးဝကို အနိုင်မရထားခဲ့ပဲ (၂)ပွဲရှုံး (၁)ပွဲသရေကျထားခဲ့ပါတယ်။ ဒီလို head-to-head ရလဒ်တွေနဲ့ ယူနိုက်တက်ရဲ့ လက်ရှိ စပိန်အသင်းတွေနဲ့ ရေစက်ဆုံလွန်းမှုတွေက အခုပွဲကို စိတ်ဝင်စားမှု မြင့်တတ်စေနိုင်တဲ့ အကြောင်းအရင်းတွေ ဖြစ်နေရပြီး ဒီတစ်ကြိမ်မှာ ယူနိုက်တက်တို့ နောက်ထပ် စပိန်ကလပ်အသင်းကို ဖြတ်ကျော်သွားနိုင်ဦးမလားဆိုတာ…
Featured Photo : Sporing News