ပြီးခဲ့တဲ့ တစ်ပတ် မန်ယူနိုက်တက်အသင်းနဲ့ ဆီဗီလာ အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ယူနိုက်တက်က ပွဲကစားချိန် (၂၁)မိနစ်အတွင်းမှာပဲ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့လို့ ဒီတစ်ခါတော့ ယူနိုက်တက်တို့ ဆီဗီလာကို အနိုင်ရပြီလို့ ထင်ခဲ့ရပေမယ့် ပွဲပြီးခါနီး ဂေါင်းကြီးတို့ တစ်သိုက်က own goals တွေ အလှူပေးခဲ့ရင်း (၂)ဂိုးစီ သရေကျသွားခဲ့ရပါတယ်။
Photo Credit : DAZN
ယူနိုက်တက်အတွက်ကတော့ အိမ်ကွင်းမှာ အနိုင်ရလဒ် ဖော်ဆောင်နိုင်မယ့် အခြေအနေကနေ လွဲသွားခဲ့ရတဲ့အပြင် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် လီဆန်ဒရိုမာတီနက်ဇ် ရာဖယ်လ်ဗာရန်းတို့ပါ ပွဲပယ်တွေ ဒဏ်ရာတွေနဲ့ပါ ရင်ဆိုင်လိုက်ရလို့ မိအေးနှစ်ခါနာသလို ဖြစ်ခဲ့ရပါတယ်။ ပိုဆိုးတာက ဆီဗီလာ ဆိုတာ ဥရောပပွဲစဉ်တွေအတွင်း ယူနိုက်တက်နဲ့ ဆုံတိုင်းလိုလိုမှာ အမြဲ ဒုက္ခပေးနိုင်တဲ့ အသင်းဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခုလုံးမှာပါ ယူနိုက်တက်ကို အရှုံးမပေးရအောင် ကစားထားနိုင်ခဲ့ပါတယ်။
Photo Credit : Sporting News
အခု ယူရိုပါလိဂ် ကွာတား ဒုကျော့ပွဲမှာ ယူနိုက်တက်ဘက်က မာတီနက်ဇ် ဗာရန်း ဂနာချို ဗန်ဒယ်ဘိခ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်သလို ဖာနန်ဒက်စ်ကလည်း ပွဲပယ်ထိနေပါတယ်။ ဆီဗီလာ ဘက်ကတော့ ညာနောက်ခံလူ မွန်တီရယ် ပွဲပယ်ထိနေပြီး ကျန်တဲ့ ဒဏ်ရာရ ကစားသမားတွေတော့ အနည်းငယ်လေးပဲ ရှိနေပါတယ်။ ဒါပေမယ့် ဒီရာသီ ယူရိုပါလိဂ်မှာလည်း ဂိုးသွင်း အများဆုံး ကစားသမားဖြစ်သူ ရပ်ရှ်ဖို့ဒ်က ဒဏ်ရာမှ ပြန်လည် သက်သာလာပြီဖြစ်လို့ အခုပွဲကို ပါဝင်လာနိုင်ဖွယ် ရှိနေတာက ယူနိုက်တက်အတွက် သတင်းကောင်းပါပဲ။
Photo Credit : ESPN
ဆိုတော့ ယူနိုက်တက်အတွက် ပွဲတိုင်းလိုလို အဓိက ကစားသမားနေရာကနေ ပါဝင်ထားသူ ဖာနန်ဒက်စ် ပွဲပယ်ခံရတာက အသင်းအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိလာနိုင်မလဲဆိုတာ တစ်ချက် ကြည့်ရပါမယ်။ နောက်ပြီး ဂေါင်းကြီး ဦးဆောင်လာမယ့် ခံစစ်က အိမ်ရှင် ဆီဗီလာ တိုက်စစ်ကို ဘယ်လောက်အထိ တောင်ခံထားနိုင်မလဲ ပကျော့ပွဲကလို stupid errors တွေ ထပ် ဖြစ်လာဦးမလားဆိုတာကလည်း ယူနိုက်တက် ပရိသတ်တွေအတွက် ရင်တမမနဲ့ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရပါလိမ့်မယ်။
Featured Photo : Eurosport