နယူးကာဆယ်အသင်းက ချန်ပီယံလိဂ်အတွက် အခြေအနေ ကောင်းနေချိန်မှာ မန်ယူနိုက်တက်ကတော့ အဆင့်(၅)က လီဗာပူးလ်အသင်းနဲ့ (၁)မှတ်သာ ကွာဟနေတဲ့အတွက် လက်ကျန်(၃)ပွဲအတွင်း အနည်းဆုံး (၂)ပွဲကိုတော့ အနိုင်ရဖို့ လိုအပ်ပါလိမ့်မယ်။ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်ကြောင်း ပြသနိုင်ဖို့အတွက်ဆိုရင်လည်း ဒီည ဘုန်းမောက် နဲ့ အဝေးကွင်းမှာ ရလဒ်ကောင်းဖို့ မဖြစ်မနေ လိုအပ်ပါမယ်။
Photo Credit : Goal
ယူနိုက်တက်က ဒီရာသီမှာ အဝေးကွင်း ရလဒ်ပိုင်းတွေ စုတ်ပြတ်နေခဲ့တယ်။ အဝေးကွင်းရလဒ်ဆိုးတွေက ရာသီကုန်ဆုံးခါနီးမှ ဆက်တိုက်ဆိုသလို ကြုံတွေ့့နေရပါတယ်။ အခု ဘုန်းမောက် ကို ဗိုက်တယ်လက်တီကွင်းမှာ သွားရောက် ရင်ဆိုင်ရမယ့် ပွဲစဉ်ကတော့ ဒီရာသီ ယူနိုက်တက်ရဲ့ နောက်ဆုံး အဝေးကွင်းပွဲပါ။ ဒီပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်ပါလိမ့်မယ်။ ဒီပွဲမှ ယူနိုက်တက် ထပ်ပြီး ခြေချော်မယ်ဆိုရင်တော့ ယူနိုက်တက်အတွက် top 4 နေရာ ချန်ပီယံလိဂ်ဝင်ခွင့်က ထိုက်တန်ပါတော့မလားဆိုတာ မေးခွန်းထုတ်ချင်စရာ ဖြစ်သွားပါလိမ့်မယ်။
Photo Credit : The Sun
ဒီနေ့ညပွဲစဉ်မှာတော့ ယူနိုက်တက်ရဲ့ main player ဖြစ်သူ မားကပ်စ်ရပ်ရှ်ဖို့ဒ်က leg injury သက်သာသွားပေးမယ့် အဖျားဝေဒနာနဲ့ ထပ်မံ ရင်ဆိုင်နေရတဲ့အတွက် ပါဝင်ကစားခွင့်ရဖို့က မသေချာနိုင်ပါဘူး။ တစ်ဖက်က ဘုန်းမောက်ကတော့ တန်းဆင်း အန္တရာယ်နဲ့ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်သွားခဲ့ပြီမို့ သူတို့ဆီမှာ ရုန်းအားတွေ မရှိနိုင်တော့ပေမယ့်လည်း ဖိအားကင်းကင်းနဲ့ ယူနိုက်တက်ကို ရင်ဆိုင်ရမှာမို့ ဒီတစ်ချက်ကတော့ သတိထားစရာပါ။ ယူနိုက်တက်အနေနဲ့လည်း ဒီပွဲမှာ ပွဲအစပိုင်း အထမနှေးဖို့နဲ့ ဒုတိယပိုင်း ပွဲချိန်အတွင်းမှာ ကစားအားမကျသွားဖို့ လိုအပ်ပါတယ်။
Photo Credit : talkSPORT
ယူနိုက်တက်အတွက် တစ်ခုကောင်းတာကတော့ ဝုလ်ဗ်နဲ့ ပွဲစဉ်လိုပဲ အခု ဘုန်းမောက် နဲ့ပွဲမှာလည်း နားရက်ရှည် ရရှိထားတာပါပဲ။ တစ်ရာသီလုံး ပွဲဆက်များစွာနဲ့ ပွဲပန်းထားခဲ့ရတဲ့ ကစားသမားတွေ အခုလို (၆)ရက်နီးပါးလောက် အနားရချိန်မှာ အင်ပြည့်အားပြည့်နဲ့ အသင်းအတွက် အကောင်းဆုံး ကြိုးပမ်း ကစားပေးနိုင်သင့်ပါတယ်။ နောက်ပြီး လက်ကျန်(၃)ပွဲမှာလည်း လိုအပ်နေတဲ့ နိုင်ပွဲတွေ ရယူပြီး အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ဖို့ပါ အစွမ်းကုန် အားထုတ်သွားဖို့လည်း မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။
Featured Photo : The Sun