ကယ်လိုရီတွေကို လောင်မြိုက်ပြီး အဆီပို တွေကို ထာဝရ နှုတ်ဆက်ချင်သူများအတွက် ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းများကို ဝေမျှပေးချင်ပါတယ်။ ဒီလေ့ကျင့်ခန်းများကို နေ့စဥ် ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင်တော့ အဆီပို တွေကို ထာဝရ နှုတ်ဆက်နိုင်ပြီပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁) Burpees
ဒီလေ့ကျင့်ခန်းလေးကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးရှိ အဆီပိုများကို ဖယ်ရှားပေးဖို့အတွက် ကူညီပေးပါတယ်။ စုစုပေါင်း စက္ကန့် ၆၀ အတွင်း မြန်မြန်ဆန်ဆန် ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂) Oblique Crunch
Source: Flabfix
ခန္ဓာကိုယ်ကို ဘေးတစ်ဖက်သို့ စောင်းထားလိုက်ပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွကာ Crunch ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ စက္ကန့် ၆၀ ပြည့်အောင် ပြုလုပ်ပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ကို ဘက်ပြောင်းကာ နောက်ထပ် စက္ကန့် ၆၀ ဆက်လက်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃) Standing Medicine Ball Twists
Source: Vissco
မတ်တပ်ရပ်ကာ လေ့ကျင့်ခန်း ဘောလုံးကို လက်မှာ ကိုင်ထားလိုက်ပါ။ ထို့နောက် ပုံပါအတိုင်း ဘယ်စောင်းလိုက်၊ ညာစောင်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စုစုပေါင်း စက္ကန့် ၆၀အတွင်း မြန်မြန် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄) Bicycle Crunches
Source: GIFDB
ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေကာ ခြေထောက်နှစ်ဖက်ကာ စက်ဘီးစီးတဲ့ ပုံသဏ္ဍာန်အတိုင်း ဘယ် ညာ တစ်လှည့်စီ ပြုလုပ်ပေးလိုက်ပါ။ စက္ကန့် ၆၀ အတွင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၅) Skater Hop
Source: Menshealth
ခန္ဓာကိုယ်ကို အရှေ့ဘက်သို့ အနည်းငယ် ကိုင်းချထားပြီးနောက် စကိတ်စီးနေတဲ့ ပုံစံအတိုင်း ဟိုဘက်ခုန်လိုက်၊ ဒီဘက်ခုန်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ စုစုပေါင်း စက္ကန့် ၆၀ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၆) Turkish Get-Up
Source: Self.com
အလေးတုံး အသုံးပြုကာ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ညာဒူးကို ထောင်ထားပြီး ဘယ်ခြေကို ဆန့်တန်းထားပါ။ ထို့နောက် ညာလက်က အလေးတုံးကို ကိုင်ထားပါ။ ထို့နောက် ပုံပါအတိုင်း ခန္ဓာကိုယ်ကို ကြွကာ အပေါ်သို့ ကြွတက်လိုက်ပါ။ စက္ကန့် ၆၀ ပြုလုပ်ရပါမယ်။
ထို့နောက် အလေးတုံးကို ဘက်ပြောင်းကိုင်ကာ နောက်ထပ် စက္ကန့် ၆၀ ပြုလုပ်ရပါမယ်။
လေ့ကျင့်ခန်း အစကနေ အဆုံးအထိ ပြီးသွားတဲ့အခါ ၁ မိနစ် အနားယူနိုင်ပါတယ်။ ထို့နောက် နောက်ထပ် ၄ ကျော့ခန့် ဆက်လက်ပြုလုပ်ပေးလိုက်ပါ။
ကွီးတို့ရော အဆီပို တွေကို ထာဝရ နှုတ်ဆက်ဖို့အတွက် ဒီလေ့ကျင့်ခန်းတွေကို ပြုလုပ်ဖို့ ရယ်ဒီဖြစ်ပြီလား။
Source: Gq-magazine
Featured Image: Freepik