ရီးယဲလ် မက်ဒရစ် အသင်းရဲ့ ဘရာဇီးလ် ကြယ်ပွင့် ကစားသမားလေး ဗင်နီစီယပ်စ် ဟာ စပိန် လာလီဂါ ပြိုင်ပွဲတွေအတွင်း အမြဲတမ်းလိုလို အသားအရောင် ခွဲခြား စော်ကားမှုတွေနဲ့ မကြာခဏ ကြုံတွေ့နေရခြင်းအပေါ် အလွန် စိတ်ပျက်နေရပြီး လာလီဂါ နဲ့ လာလီဂါကလပ် ရီးယဲလ်အသင်းကနေ ထွက်ခွာသွားချင် နေပါတယ်။

vinijr

Photo Credit : Sky Sports

ရီးယဲလ် နဲ့ ဗလင်စီယာအသင်းတို့ ရင်ဆိုင်ခဲ့ရတဲ့ လာလီဂါ ပွဲစဉ်အတွင်း အိမ်ရှင် ဗလင်စီယာ ပရိသတ်တွေက ရီးယဲလ် ကစားသမားလေး ဗင်နီစီယပ်စ်ကို မျောက် ဆိုတဲ့ အသုံးအနှုန်းနဲ့ စော်ကား လှောင်ပြောင်ခဲ့သလို တခြားသော လူမျိုးရေး ခွဲခြားမှုတွေပါ တစ်ပွဲလုံး နီးပါး လုပ်ဆောင်သွားခဲ့ပါတယ်။ ဗင်နီစီယပ်စ်က အသက် ငယ်ရွယ်သေးသူ ဖြစ်တဲ့အပြင် သူ့အပေါ် ဒီလို စော်ကားမှုတွေကိုလည်း တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်တဲ့ အနေအထားမှာ မရှိသေးတဲ့အတွက် အခြေအနေတွေက ဆိုးသထက် ဆိုးလာခဲ့ရပြီး နောက်ဆုံးမှာတော့ သူကိုယ်တိုင်ပါ အနီကတ်ပြ ထုတ်ပယ်ခံလိုက် ရပါတော့တယ်။

vini racism

Photo Credit : CNN

ဗင်နီစီယပ်စ် ကတော့ လက်ရှိမှာ လာလီဂါပြိုင်ပွဲရဲ့ တာဝန်ရှိသူတွေနဲ့ စပိန် ဘောလုံးအဖွဲ့ချုပ်အပေါ် အတော်လေး စိတ်ပျက်နေရပြီး ဒီလို လူမျိုးရေး ခွဲခြားမှုတွေကို အသေအချာ မကိုင်တွယ် မဖြေရှင်ပေးနိုင်ဘူးဆိုရင်တော့ သူ့အနေနဲ့ ဒီပြိုင်ပွဲနဲ့ ဝေးရာကို ပြောင်းရွှေ့သွားရဖွယ်သာ ရှိနေပါတော့တယ်။ ဒီအချိန်မှာ ရီးယဲလ်အသင်းဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို လက်မလွတ်ရဖို့အတွက် စပိန်နိုင်ငံက အကောင်းဆုံး ရှေ့နေ့တွေနဲ့ သူတို့ ကစားသမားအပေါ် လူမျိုးရေး စော်ကားမှုတွေကို တရား ဥပဒေကြောင်းအရ လုပ်ဆောင်သွားဖို့ ကြိုးပမ်းနေပါတယ်။

vini real

Photo Credit : NBC News

တစ်ဆက်တည်းမှာပဲ ဒီအခြေအနေတွေကို ပရီးမီးယားလိဂ်က ထိပ်သီးကလပ် အသင်းတွေတိုင်းက စောင့်ကြည့်လျက် ရှိနေပြီး တကယ်လို့ ဗင်နီစီယပ်စ်သာ ရီးယဲလ်ကနေ ထွက်ခွာမယ်ဆိုရင်တော့ ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် လုပ်ဆောင်ကြဖွယ်လည်း ရှိနေပါတယ်။ လက်ရှိ အခြေအနေတွေအရလည်း အင်္ဂလန် ဘောလုံးနယ်ပယ်မှာသာ လူမျိုးရေး ခွဲခြားမှုတွေအပေါ် အသေအချာ လုပ်ဆောင်မှု ရှိနေတာကြောင့် ဗင်နီစီယပ်စ် အနေနဲ့ ရီးယဲလ်နဲ့သာ လက်တွဲဖြုတ်ဖြစ်မယ်ဆိုရင် ပရီးမီးယားလိဂ်ကို ခြေချလာနိုင်ပါတယ်။