ကွီးတို့ရေ ကျစ်လစ်တဲ့ ကြွက်သားတွေနဲ့ အမိုက်စား ဘော်ဒီကို လိုချင်ပါသလား။ ကျစ်လစ်ပြီး ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ်ရှိခြင်းက ကွီးတို့ကို ဘယ်လိုအဝတ်အစားနဲ့ မဆို ကြည့်ကောင်းစေပြီး ဆွဲဆောင်မှုလည်း ရှိစေပါတယ်။ ကြွက်သားတွေနဲ့ အမိုက်စားဘော်ဒီကို တည်ဆောက်ဖို့ဆိုရင် အရမ်းတော့ မခက်ပါဘူး။ ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို နည်းစနစ်တကျ ပုံမှန်ပြုလုပ်ပေးရုံပဲ။ ဒါ့အပြင် Gym သွားဖို့ အချိန်မပေးနိုင်တဲ့ ကွီးတို့အတွက်လည်း အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်ရင်း ကြွက်သားတွေကို တည်ဆောက်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ အမိုက်စား ဘော်ဒီနဲ့ ဂေါ်ဖို့အတွက် ကွီးတို့ Muscles တွေ ကျစ်လစ်သန်မာစေမယ့် လေ့ကျင့်ခန်းတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

Push ups

အမိုက်စား ဘော်ဒီနဲ့

Photo : Inspire USA Foundation

ကွီးတို့ရေ ဒိုက်ထိုးခြင်းက ကျွန်တာ်တို့ရဲ့ အိမ်မှာ လုပ်လို့ရတဲ့အပြင် ဘာအကူကိရိယာမှမလိုဘဲ ကြွက်သားတွေကို တည်ဆောက်ပေးနိုင်တဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လက်မောင်း၊ နောက်ကျော၊ ပခုံးနဲ့ ရင်အုပ်စတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေကို ထိမှန်စေပြီး ကျစ်လစ်သန်မာစေပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေ တောင့်ဖို့ဆို ဒိုက်ထိုးခြင်းကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

Knee Touch Crunches

အမိုက်စား ဘော်ဒီနဲ့

Photo : Inspire USA Foundation

ဒီလေ့ကျင့်ခန်းက ကွီးတို့အလွယ်တကူ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ခါးတစ်ဝိုက်ရှိ ကြွက်သားထုထည်ကို တည်ဆောက်ရန် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ကြွက်သားများနဲ့ ပင်မကြွက်သားအုပ်စုကို အားကောင်းစေတဲ့အပြင် ဝမ်းဗိုက်အဆီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။ အခုမှစပြီး Crunches လေ့ကျင့်ခန်းကို ပြုလုပ်သူများအနေနဲ့ တစ်နေ့ကို ၅ ကြိမ်မှ ၁၀ ကြိမ် ပြုလုပ်နိုင်ပြီး နောက်ပိုင်းတွင် အကြိမ်အရေအတွက်ကို တိုးသွားနိုင်ပါတယ်။ Crunches လုပ်ပုံလုပ်နည်း အမျိုးမျိုးရှိပြီး ကွီးတို့နဲ့ ကိုက်ညီတာကို ပြုလုပ်ပေးနိုင်ပါတယ်။

Dips

အမိုက်စား ဘော်ဒီနဲ့

Photo : Inspire USA Foundation

ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ လက်မောင်းကြွက်သားတွေကို ကျစ်လစ်သန်မာ ဖွံ့ဖြိုးစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရင်အုပ်ကြွက်သားတွေကို ကျစ်လစ်သန်မာစေပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်တော့ ကုလားထိုင်၊ သေတ္တာ သို့မဟုတ် ခုံတန်းလျား တစ်ခုလိုအပ်ပါတယ်။

Squat

Photo : Inspire USA Foundation

Squat လေ့ကျင့်ခန်းက ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားများ တည်ဆောက်ဖို့နဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ရန်အတွက် အထူးကောင်းမွန်သော လေ့ကျင့်ခန်းဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းကို ပိုမိုသန်မာလာစေပါတယ်။ ခန္ဓာကိုယ် လှုပ်ရှားနိုင်မှုနဲ့ ဟန်ချက်ညီမှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ ကြွက်သားအုပ်စုတို့ကိုလည်း ထိရောက်စေပါတယ်။

Pull-Ups

Photo : Inspire USA Foundation

Pull-Ups လေ့ကျင့်ခန်းက ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် အကောင်းဆုံးသော လေ့ကျင့်ခန်းတစ်ခုပါ။ ကျော၊ လက်၊ ရင်ဘတ်နှင့် ပခုံးများကဲ့သို့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားအားလုံးကို ထိရောက်စေပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများ သန်မာစေဖို့ ကွီးတို့ လေ့ကျင်ခန်းတွေထဲမှာ ထည့်သွင်းသင့်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အမိုက်စားဘော်ဒီနဲ့ ကျစ်လစ်တောင့်တင်းတဲ့ Muscles တွေ ပိုင်ဆိုင်စေဖို့ ထိရောက်တဲ့လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ခြင်းက ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေရုံသာမက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းကိုမဆို ပြုလုပ်ရာမှာ နည်းစနစ်ကျဖို့နဲ့ ပုံမှန်ပြုလုပ်ဖို့က အရေးကြီးပါတယ်။ ဒါမှသာ ကွီးတို့လိုချင်တဲ့ Body Goal ကို အမြန်ဆုံး ရရှိမှာဖြစ်ပါတယ်။

Source : My Story

Featured Photo : Fintys