အင်္ဂလန်နည်းပြ ဆောက်ဂိတ် ၊ ဘိုင်ယန်နည်းပြဟောင်း တူဟယ်လ် ၊ ချယ်လ်ဆီးနည်းပြဟောင်း ပိုချက်တီနို ၊ နောက်ထပ် ချယ်လ်ဆီးနည်းပြဟောင်း ပေါ်တာ ၊ ဘရိုက်တန်နည်းပြဟောင်း ဒီဇာဘီနဲ့ လက်ရှိ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့် ဒီနည်းပြတွေထဲက တစ်ဦးဦးကို ဆာဂျင်ရက်ကလစ်ဖ်က အဲရစ် တန်ဟက်ဂ်နေရာမှာ အစားထိုးဖို့ စီစဉ်ခဲ့ပါတယ်။ တန်ဟက်ဂ် အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်မှု မလုပ်ခင်မှာတောင် အခုလို စီစဉ်မှုကို လုပ်ခဲ့တာက တန်ဟက်ဂ်အတွက်တော့ အတော်လေး လေးစားမှု ကင်းမဲ့တဲ့ လုပ်ရပ်လို့ပါ ဆိုနိုင်ပါတယ်။

ten hag sir jim

Photo Credit: Goal

ဒါပေမယ့် ဆာဂျင်တို့က သူတို့ ပစ်မှတ်ထားတဲ့ နည်းပြတွေ မရခဲ့ရင်လည်း တန်ဟက်ဂ်နဲ့ပဲ ဆက်ပြီး နှစ်ပါးသွားမယ်လို့ စီစဉ်ထားပုံရပါတယ်။ သူတို့ ခန့်အပ်ချင်တဲ့ နည်းပြတွေနဲ့ အဆင်မပြေခဲ့တော့တဲ့အချိန် လက်ရှိ အသင်းနည်းပြ တန်ဟက်ဂ်ကို အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့လိုက်ပါတယ်။ ဒါကြောင့် တန်ဟက်ဂ် အနေနဲ့ သူရဲ့စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ ၂၀၂၅ခုနှစ်အထိ မန်ယူနည်းပြအဖြစ် တာဝန်ယူသွားရတော့မှာ ဖြစ်တဲ့အပြင် ဆာဂျင်တို့ဘက်ကနေ တန်ဟက်ဂ်ကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုသွားဖို့အတွက်လည်း ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

erik ten hag

Photo Credit: TEAMtalk

တကယ်တော့ တန်ဟက်ဂ် က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရုပ်ပျက်ဆင်းပျက် အခြေအနေတွေအထိ ဖြစ်ခဲ့ရတယ် ဆိုပေမယ့်လည်း အက်ဖ်အေဖလားကိုတော့ ရအောင် ယူပေးနိုင်ခဲ့တယ်။ သူ ကိုင်တွယ်ခဲ့တဲ့ (၂)နှစ်တာအတွင်းမှာ ဖလားပြိုင်ပွဲတွေထဲ ဖိုင်နယ် (၃)ကြိမ်ဆီ ပို့ဆောင်ပေးခဲ့ပြီး ဖလား (၂)လုံး ရယူပေးခဲ့တယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် (၈)သာ ရခဲ့ပေမယ့် အက်ဖ်အေဖလားကြောင့် ယူရိုပါလိဂ်ဝင်ခွင့် ရခဲ့တယ်။ ဒါက ဒီရာသီ အရှုံးထဲက အမြတ်လို့ပဲ ပြောရပါမယ်။

sir jim ten hag

Photo Credit: Clutch Points

တန်ဟက်ဂ် ကလည်း သူ့အနာဂတ်အတွက် ထုတ်ပြန်ချက် မပြုလုပ်သေးခင် တခြားနည်းပြတွေနဲ့ ပတ်ဆွေးနွေးခဲ့တဲ့ ဆာဂျင်တို့ လုပ်ရပ်တွေကို စိတ်အနှောင့်အယှက်ဖြစ်ခြင်း မရှိပဲ မန်ယူမှာ သူရဲ့စာချုပ်သက်တမ်း ကျန်ရှိနေသေးချိန်ထိ မန်ယူနည်းပြတာဝန်ကိုသာ ဆက်လက် ထမ်းဆောင်သွားချင်နေပါတယ်။ အခုဆို ဆာဂျင်တို့ဘက်က တန်ဟက်ဂ်အပေါ် ယုံကြည်မှု အပြည့်အဝ ထားရှိလိုက်ပြီ ဖြစ်တာကြောင့် တန်ဟက်ဂ်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ပါ အရှိန်အဟုန်မြင့် လုပ်ဆောင်နေပြီး ဒီပုံစံအတိုင်းဆို မန်ယူက လာမယ့်ရာသီတွေအထိ တန်ဟက်ဂ်နဲ့သာ နှစ်ပါးဆက်သွားတော့မှာ သေချာပြီ ဖြစ်ပါတယ်။

Featured Photo: Sky Sports