စက်ဘီးစီးတယ်ဆိုတာ လူတိုင်းအတွက် တကယ်ကို ကောင်းမွန်တဲ့ အားကစားနည်းတစ်ခုပါ။ အားကစားတစ်ခုလည်း ဖြစ်သလို သယ်ယူပို့ဆောင်ရေးဘက်မှာပါ အသုံးဝင်တဲ့ စက်ဘီးစီးခြင်းကို ပုံမှန်လုပ်ဆောင်ကြည့်မယ်ဆိုရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ ဘာအကျိုးကျေးဇူးတွေ ရှိနေမလဲဆိုတာ တစ်ချက်လောက် လေ့လာကြည့်ရအောင်။
ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ခြင်း
Photo : Kleinwalsertal
စက်ဘီးစီးခြင်းက ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့အပြင် အထူးသဖြင့် အရှိန်အဟုန်ပြင်းပြင်းနဲ့ စက်ဘီးစီးခြင်းဟာလည်း ခန္ဓာကိုယ်ထဲက အဆီပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ပုံမှန် စက်ဘီးစီးခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ်နဲ့ ကြွက်သားတည်ဆောက်ခြင်းတို့ကို ယာယီတိုးမြှင့်ပေးနိုင်ပြီး အနားယူချိန်မှာတောင် ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း လေ့လာမှုများအရ သိရပါတယ်။
ခြေထောက်တွေကို သန်မာစေခြင်း
Photo : Polygon Bikes
စက်ဘီးစီးခြင်းဆိုတာက အဓိက ခန္ဓာကိုယ် အောက်ပိုင်းကို လှုပ်ရှားပေးရတာဖြစ်လို့ ခန္ဓာကိုယ် အောက်ပိုင်းက အလုံးစုံ လုပ်ဆောင်မှုကို တိုးတက်စေပြီး အဆစ်များကို ဖိစီးခြင်းမရှိဘဲ ခြေထောက်ကြွက်သားများကို သန်မာစေပါတယ်။
ကိုလက်စထရောကို လျော့ကျစေခြင်း
Photo : Hero Cycles
စက်ဘီးစီးခြင်းကြောင့် ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ကိုလက်စထရောအဆင့်ကို မြှင့်တင်ပေးနိုင်ပြီး ဒါက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်သလို လေဖြတ်ခြင်းနဲ့ နှလုံးဖောက်နိုင်ခြေတို့ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အတွင်းမှာ ရှိနေတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်အတွက် ကောင်းမွန်လာခြင်း
Photo : Everyday Health
စက်ဘီးစီးခြင်းကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျခြင်းတွေနဲ့ စိုးရိမ်ကြောင့်ကြခြင်းတွေကို ပယ်ဖျက်ပေးနိုင်တဲ့အပြင် စက်ဘီးကို အာရုံစူးစိုက်ပြီး စီးခြင်းကြောင့်လည်း စိတ်အာရုံစူးစိုက်မှုအပိုင်းမှာ အားကောင်းလာနိုင်သလို အရာရာကိုလည်း သတိထား လုပ်ဆောင်လာနိုင်တက်ပါတယ်။ ဒါ့အပြင် စက်ဘီးစီးခြင်းက မှတ်ညဏ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကိုလည်း တိုးတက်စေတယ်လို့ လေ့လာ တွေ့ရှိထားပါသေးတယ်။
ဆေးဝါးမှီဝဲနေရမှုကနေ ကင်းဝေးလာခြင်း
Photo : iStock
ကိုယ်က ကျန်းမာရေး သိပ်မကောင်းလို့ ဆေးဝါးတွေ မှီဝဲနေရတယ်ဆိုရင်လည်း စက်ဘီးကို ပုံမှန်စီးပေးခြင်းကနေ ဆေးဝါးသောက်သုံးရတာတွေ တဖြည်းဖြည်း နည်းလာနိုင်ပါတယ်။ ကိုယ်ရဲ့ ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီး စက်ဘီးစီးတာကို ချိန်ဆလုပ်ပေးကြည့်မယ်ဆိုရင် များစွာ အကျိုးရှိလာမှာပါ။
Featured Photo : STYRKR