ကွီးတို့ထဲမှာ Battle Rope လေ့ကျင့်ခန်းတွေကို လုပ်ဖို့ စဉ်းစားနေတဲ့ သူတွေရှိပါသလား။ Battle Rope လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ပြည့်လေ့ကျင့်ခန်း ဖြစ်ပြီး ဥပမာအားဖြင့် လက်နှစ်ဖက်လုံးဖြင့် တစ်ချိန်တည်းတွင် ကြိုးများကို လွှဲပေးကာ Erector Spinae ကြွက်သားများကို ပိုမိုကောင်းမွန်စွာ ပစ်မှတ်ထားနိုင်သော လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။ ဒါ့အပြင် ကယ်လိုရီများကို ပြင်းထန်စွာလောင်ကျွမ်းစေပါတယ်။ ဒီနေ့မှာတော့ Battle Rope လေ့ကျင့်ခန်း တွေကို လုပ်ဖို့ စိတ်ဝင်စားနေတဲ့ ကွီးတို့အတွက် ရရှိနိုင်တဲ့ အကျိုးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
ကြွက်သားထုကို တည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်
Photo : Muscles & Fitness
လေ့ကျင့်ခန်းတော်တော်များများက ကြွက်သားများကို ထိရောက်စေတာမှန်သော်လည်းပဲ Battle Rope လေ့ကျင့်ခန်းတွေကတော့ ပုံမှန်လေ့ကျင့်ခန်းတွေမှာ မကြာခဏကျန်ခဲ့တတ်တဲ့ ကြွက်သားများကို ပစ်မှတ်ထားနိုင်ပြီး ထိရောက်စေပါတယ်။ မတူညီသော ကြွက်သားများစွာကို လေ့ကျင့်ရန် ကြိုးများကိုနည်းမျိုးစုံနဲ့ ကိုင်ပြီး လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းက ကြွက်သားထုကို တည်ဆောက်ဖို့အတွက် အထောက်အပံ့ကောင်း ဖြစ်စေပါတယ်။
အဆီများကို ပြင်းထန်စွာလောင်ကျွမ်းစေပါတယ်
Photo : Men’s Journal
အဆီတွေကို ခပ်ကြမ်းကြမ်းပဲ ဖျောပစ်ချင်တယ်ဆိုရင် ကြိုးခုန်တာ၊ ပြေးတာတို့အပြင် Battle Rope လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခွန်အားကိုအခြေခံသည့် လေ့ကျင့်ခန်းဖြစ်သလို နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းဖြစ်သောကြောင့် အဆီကို ထိထိမိမိ လောင်ကျွမ်းစေပါတယ်။ အဆီတွေကို လောင်ကျွမ်းစေရင်း ကြွက်သားတွေကိုလည်း တည်ဆောက်ချင်တယ်ဆိုရင် Battle Rope လေ့ကျင့်ခန်းတွေကိုလုပ်ပေးသင့်ပါတယ်။
ခန္ဓာကိုယ်လှုပ်ရှားနိုင်မှုနဲ့ တည်ငြိမ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်
Photo : Men’s Health
Battle Rope လေ့ကျင့်ခန်းတွေရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်လှုပ်ရှားနိုင်မှုကို မြှင့်တင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကွီးတို့ရဲ့ ပခုံး၊ တင်ပါး၊ အူတိုင်၊ ဒူး၊ ခြေကျင်းဝတ်များနှင့် ခြေဖဝါးတို့တွင် လှုပ်ရှားသွားလာနိုင်မှုကို တဖြည်းဖြည်း တိုးတက်စေနိုင်ပါတယ်။ ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်ခြင်းဖြင့် ကွီးတို့ရဲ့ လေ့ကျင့်ခန်းများကို ပိုမိုထိရောက်လာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တည်ငြိမ်မှုကိုလည်း မြှင့်တင်ပေးနိုင်တာကြောင့် အားကစားနှင့် အခြားလေ့ကျင့်ခန်းများလုပ်နေစဉ်မှာ ဒဏ်ရာရနိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။
နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်
Photo : Facty Health
Battle Rope လေ့ကျင့်ခန်းတွေကဲ့သို့ လှုပ်ရှားမှုတွေက သွေးလည်ပတ်မှုကောင်းမွန်စေခြင်း အပါအဝင် နှလုံးကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိတယ်လို့ Johns Hopkins Medicine2မ မှာ ထောက်ပြထားပါတယ်။ ဒါ့အပြင်လေ့ကျင့်ခန်းကို ဆက်တိုက်ပြုလုပ်ပြီး ခြောက်ပတ်အကြာမှာ အေရိုးဗစ် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကို မြှင့်တင်ချင်ရင် Battle Rope လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
အဆစ်များအပေါ် သက်ရောက်မှု နည်းစေတယ်
Photo : Healthgains
ပြေးခြင်း၊ ဘောလုံးကစားခြင်း စတာတွေကဲ့သို့ မဟုတ်ဘဲ Battle Rope လေ့ကျင့်ခန်းတွေက ကွီးတို့ရဲ့ အဆစ်များအပေါ် ဖိအားသက်ရောက်မှု နည်းပါတယ်။ အဆစ်များ (ဥပမာအားဖြင့် ဒူးနဲ့ တံတောင်ဆစ်) စတာတွေကို ကို ဖိအားနည်းစေခြင်းဖြင့် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ဒဏ်ရာရနိုင်ခြေ နည်းပါးသွားပါတယ်။
ကွီးတို့ရေ Battle Rope လေ့ကျင့်ခန်းတွေက ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ဒီလိုအကျိုးများရရှိပါတယ်။ ဒါ့ကြောင့် Battle Rope လေ့ကျင့်ခန်းတွေကို လုပ်ဖို့စိတ်ဝင်စားနေရင် အခုပဲလုပ်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးရင် ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို များစွာအထောက်အကူပြုတယ်ဆိုတာ လက်တွေ့ ခံစားရပါလိမ့်မယ် ခင်ဗျာ။
Source : OriGym
Featured Photo : Steel Supplement