Tony Jeffries ကို လက်ဝှေ့ခရေဇီတွေကတော့ သိကြပါတယ်။ သူသည် အင်္ဂလိပ်လူမျိုး လက်ဝှေ့အကျော်အမော်တစ်ယောက်ဖြစ်ပြီး ၂၀၀၉ ခုနှစ် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့သူဖြစ်ပါတယ်။ သို့သော် သူသည် ၂၀၁၂ ခုနှစ်မှာတော့ သူ့ရဲ့လက်ကဒဏ်ရာကြောင့် လက်ဝှေ့လောကမှ အနားယူဖို့ရန်အတွက် အကြောင်းဖန်လာပါတော့တယ်။ ဒီလိုမျိုး အားကစားသမားဘဝကနေ အနားယူလိုက်တယ်ဆိုပေမယ့် Tony Jeffires သည် Beginner လက်ဝှေ့ကစားသမားများအတွက် အိုလံပစ် အထိ တက်လှမ်းဆော့ကစားနိုင်မယ့် လက်ဝှေ့ အားကစားသမားတစ်ယောက်ဖြစ်အောင် သူ့ရဲ့အတွေ့အကြုံများ၊ အကြံဉာဏ်များကို ဝေမျှလေ့ရှိပါတယ်။

အခုမှ လက်ဝှေ့စထိုးမယ့် Beginner လက်ဝှေ့သမားများအတွက် အိုလံပစ် လက်ဝှေ့ အားကစားသမားဟောင်းတစ်ယောက်က ဘယ်လို အကြံပေးထားသလဲဆိုတော့…

ဖြတ်လမ်းနည်း မလိုက်ပါနဲ့

Beginner အိုလံပစ် လက်ဝှေ့

ဘယ်အရာမဆို အခြေခံအုတ်မြစ်ကောင်းမှ တစ်ဆင့်ချင်းစီ အဆင်ပြေချောမွေ့စွာ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ အသေးအဖွဲ့ လေးကအစ လျစ်လျူရှုလို့မရကြောင်း၊ အခြေခံအချက်များကို သိထားမှသာလျှင် ပြိုင်ပွဲမှာ အကောင်းဆုံး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

လေ့ကျင့်ပါ

Beginner အိုလံပစ် လက်ဝှေ့

ကိုယ့်ရဲ့ သတ်မှတ်ရက်၊ သတ်မှတ်ချိန်အတိုင်း မပျက်မကွက် ပုံမှန်လေ့ကျင့်သွားဖို့လိုအပ်ပါတယ်။ လေ့ကျင့်တဲ့အခါမှာ ကိုယ့်ရဲ့ ပြိုင်ဘက်ကို အလဲထိုးနိုင်ရမယ်ဆိုတဲ့ အနိုင်ရစိတ်ထက် ကိုယ့်ရဲ့ နည်းဗျူဟာတွေကို တိုးတက်လာအောင် သင်ယူခြင်းသည် ပိုအဓိကကျကြောင့် Tony က ပြောကြားခဲ့ပါတယ်။

ကိုယ့်နည်းပြရဲ့စကားကို နားထောင်ပါ

Beginner အိုလံပစ် လက်ဝှေ့

ကိုယ့်နည်းပြရဲ့စကားကို သေချာနားထောင်ခြင်းသည် ကိုယ့်အတွက် အကျိုးမယုတ်စေပါဘူး။

ကိုယ့်ရဲ့ ပြိုင်ဘက်ကို မျက်ခြေမပျက်ပါစေနဲ့

Beginner အိုလံပစ် လက်ဝှေ့

အခုမှ စဆော့မယ့် Beginner သမားများသည် အိုလံပစ် လက်ဝှေ့ ပြိုင်ပွဲမဆိုထားနဲ့ ရိုးရိုးလက်ဝှေ့ပွဲမှာ ဆော့ကစားရင်တောင် စိတ်လှုပ်ရှားမှာအမှန်ပါပဲ။ ဒီလိုစိတ်လှုပ်ရှားတဲ့အခါ တစ်ဖက်ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို သတိမထားမိတော့ဘဲ ကိုယ် အထိုးမခံရဖို့အရေး ကိုယ့်ခေါင်းကို ကွယ်ထားတာမျိုး ကြမ်းပြင်ကိုပဲ ငိုက်စိုက်ကြည့်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအကျင့်မျိုးကို အစကတည်းက ပယ်ဖျောက်ပစ်ရပါမယ်။ ကိုယ့်ရဲ့ ပြိုင်ဘက်ကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

အသက်မှန်မှန်ရှူပါ

boxing tips for kwee

စလေ့ကျင့်တယ်ဆိုကတည်းက အသက်ရှုသွင်း ရှုထုတ်ခြင်းက လက်ဝှေ့ထိုးပြီဆိုတာနဲ့ တစ်ပြိုင်နက် စီးချက်ညီနေဖို့လိုအပ်ပါတယ်။ အသက်မှန်မှန်ရှူမှသာလျှင် အချိန်ကြာကြာအမောခံနိုင်မှာပါ။

ကိုယ့်ထက် အတွေ့အကြုံများတဲ့သူနဲ့ လေ့ကျင့်ပါ

boxing tips for kwee

ကြိုးဝိုင်းထဲ ဝင်ပြီး လေ့ကျင့်တော့မယ်ဆိုတာနဲ့ ကိုယ့်ထက် အတွေ့အကြုံပိုများတဲ့ သူနဲ့ လေ့ကျင့်ရပါမယ်။ ဒါမှ သူ့ဆီက နည်းဗျူဟာအသစ်များကို သင်ယူလေ့လာနိုင်မှာဖြစ်ပြီး သူ့ကို လှုပ်ရှားမှုတွေကိုလည်း ဟန်ချက်မပြတ် စောင့်ကြည့်သင်ယူနိုင်မှာဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာတွေအတွက်လည်း ကြိုပြင်ထားပါ

boxing tips for kwee

Photo: Fightingreport

လက်ဝှေ့ပြိုင်ပွဲဆိုကတည်းက ထိခိုက်ဒဏ်ရာ မရမှာတော့ မပူပါနဲ့။ ဒီလိုထိခိုက်ဒဏ်ရာတွေအတွက် စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီး စိတ်ခိုင်မှသာလျှင် လက်ဝှေ့အားကစားကို ဆော့ကစားသင့်ပါတယ်။

ဒီအချက်များသည် လက်ဝှေ့အကျော်အမော် Tony Jeffries ကိုယ်တိုင် အကြံပေးထးတဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။

Source: Menshealth

Featured Image Source: Independent