အမေရိကန် Rapper ကန်ဒရစ် လာမား ဟာ Mr.Morale & The Big Steppers အယ်လ်ဘမ်နဲ့အတူ Billboard Artist 100 Chart မှာ နံပါတ် ၁ နေရာကို ရောက်လာခဲ့တယ်လို့ Billboard က ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့က ဖြန့်ချိလိုက်တဲ့ Mr.Morale & The Big Steppers ဟာ လာမားရဲ့ ပဉ္စမမြောက် စတူဒီယို အယ်လ်ဘမ်ဖြစ်ပြီး ဒီအယ်လ်ဘမ်ကြောင့် လာမားဟာ Billboard Artist 100 စာရင်းမှာ နံပါတ် ၉ နေရာကနေ နံပါတ် ၁ ကို ခုန်တက်လာနိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၇ အလွန် ၅ နှစ်အကြာမှာ နောက်တစ်ကြိမ် Billboard Artist 100 မှာ နံပါတ် ၁ ပြန်ဖြစ်ခဲ့တာပါ။

kendrick-lamar

Photo: landscapeinsight

အယ်လ်ဘမ်အချပ်ရေရောင်းအားအနေနဲ့လည်း Mr.Morale & The Big Steppers ဟာ စုစုပေါင်း အချပ်ရေ ၂၉၅၅၀၀ အထိ ရှိလာခဲ့ပြီး Billboard 200 မှာ နံပါတ် ၁ ကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ သူ့နောက်မှာ Bad Bunny ရဲ့ Un Verano Sin Ti က ချပ်ရေ ၂၇၄၀၀၀ ချပ်နဲ့ ရှိပါတယ်။ Bad Bunny ဟာ သူ့အရင် အချပ်ရေ ၂၂၂၀၀၀ ရောင်းအားရှိတဲ့ Future ရဲ့ I Never Liked You ကို ကျော်ဖြတ်ခဲ့တာပါ။

လားမားဟာ သူ့မျိုးဆက် Rappers တွေအပေါ် ဩဇာအကြီးဆုံး ရက်ပ်ပါတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရပြီး စတုတ္ထမြောက် အယ်လ်ဘမ် Damn (2017) ဟာ Pulitzer Prize For Music ဆု ချီးမြှင့်ခံရတဲ့ ပထမဆုံး Non-Classical ၊ Non-Jazz အယ်လ်ဘမ်အဖြစ်ပါ မှတ်တမ်းဝင်ထားပါတယ်။ Damn အယ်လ်ဘမ်မှာ ပါတဲ့ Humble သီချင်းဟာ US Billboard Hot 100 မှာ နံပါတ်တစ် ဖြစ်ခဲ့တဲ့ ပထမဆုံးသီချင်းလည်း ဖြစ်ခဲ့ပါတယ်။

Photo: Billboard

အခု Mr.Morale & The Big Steppers အယ်လ်ဘမ်သစ်မှာ သီချင်းသစ် ၁၈ ပုဒ် ပါရှိပြီး အယ်လ်ဘမ်ထဲမှာ မပါတဲ့ The Heart Part 5 နဲ့ဆို ၁၉ ပုဒ်စလုံးဟာ Billboard Hot 100 မှာ ဖော်ပြခံထားရပါတယ်။ ဒီ ၁၉ ပုဒ်ထဲမှာ Top 10 ဝင်တဲ့ ၄ ပုဒ်အဖြစ် N95 (နံပါတ် ၃) ၊ Die Hard (နံပါတ် ၅) ၊ Silent Hill (နံပါတ် ၇) နဲ့ United In Grief (နံပါတ် ၈) တို့ ပါဝင်နေပါတယ်။

Artist 100 ရဲ့ နံပါတ် ၁ မှာ ၆ ပတ်ကြာ ဖော်ပြခံရတဲ့ လာမားဟာ Drake (၃၆ ပတ်) နဲ့ Post Malone (၁၄ ပတ်) ပြီးရင် တတိယအကြာမြင့်ဆုံး ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လားမားဟာ ဂရမ်မီ ၁၄ ဆု အပါအဝင် အနုပညာရပ်ဆိုင်ရာဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ကမ္ဘာကျော်ရက်ပ်ပါတစ်ဦး ဖြစ်ပြီး သူ့ရဲ့ စတူဒီယို အယ်လ်ဘမ်တွေထဲက ၃ ချပ်ဟာ Rolling Stone ရဲ့  ၂၀၂၀ ပြည့်နှစ်အတွက် 500 Greatest Albums Of All time မှာ ဖော်ပြခံထားရပါတယ်။

Featured Photo : Billboard