ကြွက်သားအပြည့်နဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရဖို့ Bodybuilding လုပ်နေပေမယ့် ထင်သလောက် တိုးတက်မှုမရှိ ဖြစ်နေပြီလား။ အချိန်တွေရင်းပြီး အားစိုက်ထုတ်နေပေမယ့် ခန္ဓာကိုယ်ပြောင်းလဲမှုရလဒ်က ထင်ထားသလို ဖြစ်မလာဘူးဆိုရင်တော့ အမှားတချို့ ကွီးတို့ သေချာပေါက် လုပ်နေမိပါပြီ။ Bodybuilding လုပ်နေချိန်မှာ ထင်သလောက် တိုးတက်မှုမရှိရခြင်းက အခုပြောပြမယ့် အမှား တွေကြောင့် ဖြစ်နိုင်ပါတယ်။

(၁) Weight မ တဲ့ နည်းစနစ် မှားယွင်းနေခြင်း

Photo : Men’s Journal

Weight Training တွေ ကစားတဲ့အခါ နည်းစနစ်ပိုင်းမှန်ကန်ဖို့က အရမ်းအရေးကြီးပါတယ်။ Weight မတဲ့ ပုံစံ ၊ နည်းစနစ်တွေ မှားယွင်းနေမယ်ဆိုရင် ဘယ်လောက်ကစားကစား ရလဒ်က သိသာထူးခြားလာမှာ မဟုတ်ပါဘူး။ ပိုဆိုးတာက မှားယွင်းတဲ့ လေ့ကျင့်ခန်းပုံစံအမှားတွေကြောင့် ကြွက်သားတွေ နာတာ ၊ ကြွက်သား ပုံမှန်မဟုတ်တာအပြင် ထိခိုက်ဒဏ်ရာတွေပါ ရနိုင်ပါတယ်။

(၂) ထိထိရောက်ရောက် မလုပ်ခြင်း

Photo : Jiujitsu

Bodybuilding လုပ်တယ်ဆိုတာ ခိုကပ်နေလို့ မရပါဘူး။ ဒီနေ့မှာ တက်တက်ကြွကြွ လုပ်ဆောင်ပေမယ့် နောက်ရက်မှာ ပျင်းပြီး ခိုနေမယ်ဆိုရင် ထိရောက်မှုက သိသိသာသာ မဖြစ်နိုင်ပါဘူး။ Gym ကစားချိန်တဲ့အခါမှာ နည်းပြရဲ့လမ်းညွှန်မှုအတိုင်း ပြည့်ပြည့်ဝဝ နည်းလမ်းတကျနဲ့ မခိုပဲ ၊ မပျင်းပဲ နေ့ရက်တိုင်းမှာ ကြွက်သားအစိတ်အပိုင်းတစ်ခုစီအတွက် ထိရောက်မှုရှိအောင် သေချာအားထုတ်မှသာလျှင် ကြွက်သားအား ကောင်းပြီး လိုချင်တဲ့ Body Goal ကိုရောက်ဖို့ လွယ်ပါလိမ့်မယ်။

(၃) ဝိတ်မျှတမှု မရှိခြင်း

Photo : Men’s Health

ဝိတ်တုံးတွေနဲ့ ကစားရာမှာ သတိထားရမယ့်အရာတစ်ခုက အလွန်အကျွံ အစွန်းမရောက်ဖို့ပါပဲ။ ဝိတ်အများကြီး တင်ပြီး မ လို့လည်း ဘော်ဒီတက်မလာနိုင်သလို ၊ လိုတာထက် လျော့ပြီး မ ရင်လည်း ကြွက်သားတွေ ကြီးထွားလာမှာ မဟုတ်ပါဘူး။ အလားတူ ဝိတ်တုံးတွေ မ တဲ့အခါမှာ အရှိန်ကို အရမ်းကြီး မြန်မြန် မ တင်တာကလည်း ကြွက်သားကို မထိပါဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန် တစ်ချက်ချင်း မ တင် ကစားဖို့ လိုပါတယ်။

(၄) ပြည့်စုံမျှတအောင် မစားခြင်း

Photo : Verywell Fit

Gym ကစားတဲ့အခါမှာ လေ့ကျင့်ခန်းအပြင် အစားအသောက်ပိုင်းကိုပါ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အဓိက အားဖြင့် ကြွက်သားတည်ဆောက်ခြင်းအတွက် ပရိုတင်းဓါတ်က အရေးကြီးပါတယ်။ ပရိုတိန်းဓါတ် မပြည့်ဝရင် ကြွက်သားပရိုတိန်း ပေါင်းစပ်မှု ဖြစ်စဉ် နှေးကွေးမှာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ကြွက်သားကို တစ်ဆင့်ချင်း တည်ဆောက်ရတာဖြစ်ဖို့ ကြွက်သားတက်တာမြန်ဖို့ဆိုရင် အာဟာရဓာတ်ရဲ့ အကူလည်း လိုအပ်ပါတယ်။ ဒါကြောင့် Gym ကစားတဲ့အခါ အာဟာရဓာတ်ပြည့်စုံ မျှတအောင် စားပေးဖို့ လိုအပ်ပါတယ်။

(၅) အိပ်ရေးပျက်ခြင်း

Photo : Muscle & Fitness

အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်တွင်း ဖြစ်စဉ်တွေကို ပြန်ကောင်းဖို့နဲ့ ကြွက်သားတွေ ပြုပြင်ပေးဖို့ အားပေးပါတယ်။ အိပ်စက်ခြင်း ပုံစံပျက်စီးသွားမယ်ဆိုရင် စိတ်ဖိစီးမှု ဟော်မုန်းတွေကို ပိုမြင့်လာစေပြီး ခန္ဓာကိုယ်အဆီတွေကို လွယ်လွယ်ကူကူနဲ့ တက်လာစေနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် စွမ်းအင် Level ကျဆင်းသွားပြီး Workout လုပ်မှုပေါ် ဆိုးကျိုးရှိလာနိုင်ပါတယ်။

Photo : T-Nation