Cristiano Ronaldo ရဲ့ နာမည်အပြည့်အစုံကတော့ Cristiano Ronaldo dos Santos Aveiro ဖြစ်ပြီး ပေါ်တူဂီလူမျိုး ဘောလုံးသမားတစ်ယောက်ပဲဖြစ်ပါတယ်။ သူသည် ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၅ ရက်နေ့က ဖွားမြင်တာဖြစ်ပြီး ဘောလုံးလောကမှာဆိုရင် မသိသူမရှိရလေအောင် နာမည်ကြီးသူတစ်ယောက် ဖြစ်ပါတယ်။ ဘောလုံးသမားများသည် ဘောလုံးစွမ်းရည် တစ်ခုတည်းနဲ့ အောင်မြင်နိုင်တာ မဟုတ်ပါဘူး။ ဘောလုံးကန်တဲ့ နည်းဗျူဟာများအပြင် သက်လုံကောင်းပြီး အမောခံနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။ CR7 သည်လည်း သက်လုံကောင်းပြီး ခန္ဓာကိုယ် ကြွက်သားများ ကျစ်လျစ်သန်မာလာအောင် Workout များကို အချိန်ပေးပြီး ဆော့ကစားခဲ့ရတာဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ CR7 ရဲ့ Workout Routine များကို စိတ်ဝင်စားတယ်ဆိုရင် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို လိုက်လံပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်းမစခင်မှာ သွေးပူလေ့ကျင့်ခန်းများကို ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ပြုလုပ်ဖို့ကိုလည်း မမေ့ပါနဲ့ဦး။

လေ့ကျင့်ခန်း (၁)

exercises

Source: Gfycat

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်က ခါးပေါ်မှာ တင်ထားကာ ခါးထောက်လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ခါးကို ဘယ်လှည့်လိုက်၊ ညာလှည့်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။ တစ်မိနစ် ပြည့်သည်အထိ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် အနားမယူဘဲ နောက်လေ့ကျင့်ခန်းတစ်ခုကို ဆက်လက်လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

exercises

Source: 24Life

ကြမ်းပြင်ပေါ်တွင် ခန္ဓာကိုယ်ကို ဘေးတစ်ခြမ်းစောင်းကာ လှဲလျောင်းနေပါ။ ထို့နောက် ညာဒူးကို အပေါ်သို့ ထောင်ပေးလိုက်ပါ။ ထို့နောက် ဒူးပြန်ချပါ။

ထိုနည်းအတိုင်း စက္ကန့် ၄၀ ပြုလုပ်ရပါမယ်။ ထို့နောက် ခန္ဓာကိုယ်ကို အခြားတစ်ဖက်သို့ စောင်းကာ စောစောကနည်းအတိုင်း နောက်ထပ် စက္ကန့် ၄၀ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

exercises

Source: Myworkouts

စောစောကလိုပဲ ကြမ်းပြင်ပေါ်တွင် ခန္ဓာကိုယ်ကို ဘေးတစောင်း လှဲလျောင်းနေပါ။ ဘယ်ဒူးကို ကွေးထားပြီး ညာဒူးကိုတော့ အပေါ်အနည်းငယ် မြှောက်ကာ ဆန့်တန်းထားပါ။ ထို့နောက် လက်နှစ်ဖက်က ဦးခေါင်းအထက်မှာ စုစည်းထားကာ လက်နှစ်ဖက်ကိုလည်း ဆန့်တန်းထားပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၄၀ ခန့် အကြောဆန့်နေရပါမယ်။

သတ်မှတ်ချိန်ပြည့်ပါက ခန္ဓာကိုယ်ကို ဘက်ပြောင်းကာ စောစောကနည်းအတိုင်း ဆက်လက်လုပ်ဆောင်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

exercises

Source: Mitrecsports

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်နေလိုက်ပါ။ ထို့နောက် ဘယ်လက်ကို အရှေ့သို့ ဆန့်တန်းတဲ့အချိန်မှာ ညာခြေထောက်ကိုလည်း အနောက်သို့ ဆန့်ထုတ်ရပါမယ်။ ထို့နောက် မူလအနေအထားအတိုင်း ခြေထောက်နှင့် လက်ကို ပြန်ချလိုက်ပါ။ တစ်ဖန် ညာလက်ကို ရှေ့သို့ ဆန့်တန်းပြီး ဘယ်ခြေထောက်ကိုတော့ အနောက်သို့ ဆန့်ထုတ်ရပါမယ်။

ထိုနည်းအတိုင်း စက္ကန့် ၅၀ ခန့် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

CR7 Workout

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို သန်မာလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်လိုက်ပါ။ တကယ်လို့ လက်နှစ်ဖက်က အလေးတုံးကိုင်ပြီး ပြုလုပ်မယ်ဆိုရင်လည်း ပြုလုပ်နိုင်ပါတယ်။ အလေးတုံး အသုံးပြုမယ်ဆိုရင်တော့ ပိုမိုထိရောက်မှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

CR7 Workout

Source: Gfycat

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားလိုက်ပါ။ ခါးထောက်ထားပါ။ ထို့နောက် ညာခြေကို အနောက်သို့ ပို့ကာ ညာဒူးကို ကွေးချလိုက်ပါ။ တစ်ဖန် ထိုညာခြေကိုပဲ အရှေ့သို့ပို့ကာ ညာဒူးကို ကွေးချလိုက်ပါ။

ဘယ်ခြေကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဘယ်ခြေကို အနောက်သို့ ပို့ပါ။ ဘယ်ဒူးကို ကွေးချလိုက်ပါ။ တစ်ဖန် ဘယ်ခြေကို အရှေ့သို့ ပို့ပါ။ ဘယ်ဒူးကို ကွေးချလိုက်ပါ။ စက္ကန့် ၄၀ ပြုလုပ်ပြီးနောက် ၁၀ စက္ကန့်ခန့် အနားယူလိုက်ပါ။

လေ့ကျင့်ခန်း (၇)

CR7 Workout

Source: Menshealth

ဒီလေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင်တော့ အခြေညီပြီး ခိုင်ခံ့တဲ့ ခုံတစ်လုံး လိုအပ်ပါလိမ့်မယ်။ ထို့နောက် ပုံပါအတိုင်း ခုံပေါ်သို့ ခြေစုန်ပစ်ကာ ခုန်လိုက်ပါ။ ထို့နောက် ခုံအောက်သို့ ပြန်ဆင်းလိုက်ပါ။ ထိုနည်းအတိုင်း ခုံလိုက် ပြန်ဆင်းလိုက်ဖြင့် ၁၀ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၈)

CR7 Workout

Source: Menshealth

ဒီလေ့ကျင့်ခန်းလေးကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားနှင့် ရင်အုပ်ကြွက်သားများကို သန်မာလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ပုံထဲက အတိုင်း ကြမ်းပြင်ပေါ်သို့ ဒိုက်ထိုးချလိုက်၊ ခုန်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၉)

CR7 Workout

Source: Gfycat

ဒီလေ့ကျင့်ခန်းကတော့ ဘောလုံးသမားများ ဘောလုံးကစားခါနီးမှာ ပြုလုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ လက်နှစ်ဖက်ကို အားယူပြီး ခြေထောက်နှစ်ဖက်က အစုံလိုက် ခုန်ရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းများကတော့ CR7 ပုံမှန် ပြုလုပ်နေကျ Workout လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း အားလုံး ပြုလုပ်ပြီးတဲ့အခါ အကြောလျော့လေ့ကျင့်ခန်းများကိုလည်း ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

Featured Image: Menshealth