ရင်အုပ်ကျယ်ကျယ် ၊ ပခုံးကားကား နဲ့ ယောကျာ်းပီသတဲ့ ဖွံ့ဖွံ့ထွားထွား ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေကို ရစေဖို့ လေ့ကျင့်ခန်းနည်းတွေ ပြောပြပေးချင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက Dumbbell ကိုပဲ သီးသန့်သုံးပြီး ကစားပေးရမှာပါ။ Dumbbell ရှိရုံနဲ့ အချိန်နေရာမရွေး လွယ်လွယ်ကူကူနဲ့ ထိထိရောက်ရောက် ကစားလို့ရတဲ့ အမိုက်စား လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

(၁) Dumbbell Bent Over Row

Source : Marcus Filly

Dumbbell Bent Over Row လေ့ကျင့်ခန်းက ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ နောက်ကျော ကြွက်သား အစိတ်အပိုင်းတွေကို အဓိက ပစ်မှတ်ထားပါတယ်။ ကြွက်သား အဖုအထစ်တွေနဲ့ အမိုက်စား ကျောပြင်ကြီး ရရှိဖို့ဆိုရင် Dumbbell Bent Over Row လေ့ကျင့်ခန်းက သေချာပေါက် ကစားပေးရမယ့် လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ၁၂ ကြိမ် ၃ ကျော့ ကစားပေးပါ။

(၂) Bent Over Reverse Dumbbell Fly

Source : Functional Bodybuilding

Bent Over Reverse Dumbbell Fly ကတော့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေနဲ့ ပခုံးကြွက်သားတွေကို ကျစ်လစ်သန်မာလာစေမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ပခုံးကြွက်သားတွေရဲ့ ကြံ့ခိုင်မှုနဲ့ ဟန်ချက်ညီမှုကို တိုးစေပြီး ကိုယ်ဟန်အနေအထား ပိုမိုကောင်းမွန် မှန်ကန်လာစေဖို့ ကူညီပေးပါတယ်။ ၁၂ ကြိမ် ၃ ကျော့ ကစားပေးပါ။

(၃) Dumbbell Pullover

Source : Functional Bodybuilding

Dumbbell Pullover လေ့ကျင့်ခန်းက ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေဖြစ်တဲ့ ပခုံး ၊ နောက်ကျောအပေါ်ပိုင်း ကြွက်သားတွေအပြင် ရင်အုပ် ၊ လက်မောင်း ၊ ပခုံးအပေါ်ဘက်နဲ့ နံရိုးဘေးလိုင်း ကြွက်သားတွေကိုပါ တပြိုင်နက်တည်း ထိရောက်မှု ရှိစေပါတယ်။ ၁၂ ကြိမ် ၃ ကျော့ ကစားပေးပါ။

(၄) Renegade Row

Source : Functional Bodybuilding

Renegade Row လေ့ကျင့်ခန်းက နောက်ကျောကြွက်သားတွေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေကို ထိရောက်မှု ရှိစေပါတယ်။ ပခုံးနဲ့ ရင်အုပ်ကြွက်သားတွေရဲ့ တည်ငြိမ်မှုကို တိုးစေတဲ့အပြင် လက်မောင်းနောက်ဘက်ကြွက်သား ၊ ဝမ်းဗိုက်ကြွက်သားတွေကိုပါ ကျစ်လစ်သန်မာလာစေဖို့ ကူညီပေးနိုင်ပါတယ်။ ၁၂ ကြိမ် ၃ ကျော့ ကစားပေးပါ။

Featured Photo : ATH Sport