ကွီးတို့ ကျန်းမာရေးအတွက် ကိုယ်ခန္ဓာလှုပ်ရှားမှု ကို နေ့စဉ်လုပ်ဆောင်သင့်ပါတယ်။ ထိုသို့ Exercise လုပ်တဲ့နေရာမှာ စနစ်တကျနဲ့ ထိခိုက်ဒဏ်ရာ မဖြစ်အောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကွီးတို့ Exercise လုပ်နေစဉ်ထိခိုက်ဒဏ်ရာ မဖြစ်စေရန်အတွက် ရှောင်ရှားနိုင်ဖို့ လိုက်နာရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သင့်လျော်သော သွေးပူလေ့ကျင့်ခန်းကို အချိန်ယူပြီးလုပ်ပါ
Photo : Real Insurance
သွေးပူလေ့ကျင့်ခန်း မလုပ်ဘဲ Exercise ကို တန်းပြီးလုပ်မယ်ဆိုပါက ကွီးတို့ရဲ့ ကြွက်သားတွေဟာ အေးနေခြင်းကြောင့် ပျော့ပြောင်းမှုနည်းပြီး Exercise လုပ်ရာမှာ အဆင်မပြေဘဲ ထိခိုက် နိုင်ပါတယ်။ဒါကြောင့် ကွီးတို့အနေနဲ့ ကိုယ်လုပ်မယ့် Exercise မလုပ်ခင် ၅ မိနစ်မှ ၁၀ မိနစ်ခန့် သင့်လျော်တဲ့ သွေးပူလေ့ကျင့်ခန်းကို အချိန်ယူပြီးလုပ်သင့်ပါတယ်။
(၂) Exercise လုပ်ရန်အတွက် သင့်လျော်သော ဝတ်စုံကိုဝတ်ပါ
Photo : Urban Men Outfits
Exercise လုပ်ရာတွင် မတော်သော အားကစားဖိနပ်များ၊ ကျပ်လွန်းချောင်လွန်းသော ဝတ်စုံများကြောင့် လည်း ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ထိုကြောင့် Exercise လုပ်တော့မယ်ဆိုရင် အားကစားဖိနပ်ကို သေချာရွေးချယ်သင့်ပါတယ်။ ဝတ်စုံကိုလည်း သက်တောင့်သက်သာဖြစ်ပြီး အရမ်းမကျပ်လွန်းတာမျိုး ရွေးချယ်ရပါမယ်။ ကိုယ်လုပ်မယ့် Exercise ကိုလိုက်ပြီး ထိခိုက်ဒဏ်ရာ ဖြစ်ခြင်းမှကာကွယ်နိုင်ရန် ဦးထုပ်၊ ဒူးကာ စသည်တို့ကိုလည်း အလေးထားဝတ်ဆင်ရန် လိုအပ်ပါတယ်။
(၃) မိမိခန္ဓာကိုယ်ကပြောတာကို နားထောင်ပါ
Photo : Exercise.co.uk
Exercise လုပ်နေရင်း ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခုမူမမှန်တာ၊ နာကျင်တာမျိုးရှိလာရင် Exercise လုပ်နေခြင်းကို ရပ်တန့်လိုက်ပါ။ နာကျင်မှု ခံစားရခြင်းသည် ကွီးတို့ Exercise လုပ်နေစဉ် အမှားတစ်ခုခု လုပ်နေမိခြင်း သို့မဟုတ် Exercise လုပ်ဆောင်ရန် ခန္ဓာကိုယ်က အဆင်သင့်မဖြစ်သေးသော လက္ခဏာ ဖြစ်ပါတယ်။ ဒါကြောင့် နာကျင်မှုကို ခံစားရတာနဲ့ Exercise လုပ်ခြင်းကို ရပ်တန့်ပါ။ ခဏအနားယူပြီး နာကျင်မှုဖြစ်စေတဲ့ အကြောင်းအရင်းကို ပြန်လည်သုံးသပ်ကြည့်ပါ။
(၄) မှန်ကန်သော နည်းစနစ်ကို လေ့လာပါ
Photo : Men’s Health
အကယ်၍ ကွီးတို့က Exercise တစ်ခုကို စလုပ်တော့မယ်ဆိုရင် မှန်ကန်တဲ့နည်းစနစ်ကိုလေ့လာထားဖို့ လိုပါတယ်။ မှန်ကန်သောနည်းစနစ်ကို မသိရှိထားဘဲ Exercise လုပ်ခြင်းကလည်း ကွီးတို့ကို ပြင်းထန်သော ထိခိုက်ဒဏ်ရာ ရစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ဘယ်လို Exercise မျိုးမဆို စတင်လုပ်ဆောင်ချိန်တွင် ကျွမ်းကျင်သော Trainers များ၏ အကူအညီကို ယူပြီး ဖြည်းဖြည်းချင်း မှန်ကန်စွာ လုပ်ဆောင်ခြင်းက အမှန်တကယ်ပင် အကျိုးကျေးဇူးရရှိနိုင်ပါတယ်။
(၅) အချို့သော Exercise များလုပ်ရာတွင် ဖျာကို မဖြစ်မနေအသုံးပြုပါ
Photo : Health Digest
ခုန်ခြင်း၊ Planks ထောက်ခြင်းစတဲ့ လေ့ကျင့်ခန်းများ လုပ်ရာတွင် ချော်ကျပြီး အဆစ်နာခြင်း ထိခိုက်ဒဏ်ရာများဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် ယောဂဖျာကို မဖြစ်မနေအသုံးပြုပေးပါ။ ကော်ဇော၊ သစ်သားကြမ်းခင်းပေါ်မှာ Exercise လုပ်ခြင်း သို့မဟုတ် မျက်နှာသုတ်ပဝါခင်းပြီး Exercise လုပ်ခြင်းတို့က ချော်လဲနိုင်ခြင်းကြောင့် လုံးဝရှောင်ရှားသင့်ပါတယ်။
ဖော်ပြပါ အချက်လေးများကို သတိထားလိုက်နာခြင်းဖြင့် ကွီးတို့ Exercise လုပ်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာရခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ Exercise လုပ်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့လျှင် အမြန်ဆုံးဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Source : Modorthospecialists
Featured Photo : Firstaidforlife