ချယ်လ်ဆီးအသင်းရဲ့ မော်ရိုကို ကစားသမား ဟာကင် ဇီယက်ရှ် ကတော့ ဒီတစ်ကြိမ်မှာ ချယ်လ်ဆီးနဲ့ သေချာပေါက် လမ်းခွဲရဖို့ ရှိနေပြီး GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရှိရာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ရဖွယ် ရှိနေတယ်လို့ ဘောလုံး အပြောင်းအရွှေ့ အကျော်အမော် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Sportlens
အေဂျက်စ်ကနေ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာပြီး အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ဥရောပ စူပါဖလား ကလပ် ကမ္ဘာ့ဖလားတို့ပါ ပိုင်ဆိုင်ခဲ့တဲ့ ဇီယက်ရှ်က မနှစ်ကပဲ အသင်းကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့သေးရာ အပြောင်းအရွှေ့က အထမမြောက်ခဲ့လို့ ချယ်လ်ဆီးမှာပဲ သောင်တင်နေခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဇီယက်ရှ်က ချယ်လ်ဆီးနဲ့ လက်တွဲြ့ဖုတ်ဖို့ ထပ်မံ ကြိုးပမ်းလာခဲ့ရာ သူ့ကို ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကလည်း ခေါ်ယူသွားဖို့ လုပ်ဆောင်လာခဲ့ပါတယ်။
Photo Credit : talkSPORT
ရိုမာနိုရဲ့ သတင်းဖော်ပြချက်အရ ချယ်လ်ဆီးကနေ ဇီယက်ရှ် ကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေကို ထပ်တိုးလုပ်ဆောင်နေပြီ ဖြစ်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ကမ်းလှမ်းမယ်ဆိုတာကိုလည်း လုပ်ဆောင်ထားပြီး ကစားသမားနဲ့လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ပါ ရှိနေပါတယ်။ ချယ်လ်ဆီးကတော့ FFP စည်းမျဉ်းနဲ့ လွတ်ကင်းစေဖို့အတွက် အသင်းက ကစားသမားတွေကို ရောင်းချရဖို့ ရှိနေပြီး ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေတဲ့ ဇီယက်ရှ် နဲ့ အူဘာမီယန်းတို့ကိုလည်း အမြန်ဆုံး ရောင်းချသွားချင်နေပါတယ်။
Photo Credit : Chelsea News
လက်ရှိမှာ အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဇီယက်ရှ် က ကစားသမားဘဝအတွင်း နယ်သာလန်ကလပ်တွေဖြစ်တဲ့ ဟီရန်ဗင်း တွမ်တီး နဲ့ အေဂျက်စ်တို့မှာ ဖြတ်သန်းခဲ့ပြီး လက်ရှိမှာတော့ ချယ်လ်ဆီးမှာ ရောက်ရှိနေကာ အသင်းရဲ့ လက်ရှိ အခြေအနေတွေကြောင့် လက်တွဲဖြုတ်သွားရဖို့ ရှိနေပါတယ်။ သိူု့ သူ့အသင်းဟောင်း အေဂျက်စ်က ပြန်ခေါ်ယူချင်နေပေမယ့် လတ်တလော အခြေအနေအရတော့ အယ်လ်နာဆာဆီသာ ရောက်ရှိဖွယ် ရှိနေပါတယ်။
Featured Photo : Fabrizio Romano