Gym ကစားကြတဲ့သူအများစုမှာ တစ်ခါတစ်လေ မထင်မှတ်ထားတဲ့ အမှားတွေ လုပ်မိတက်ကြပါတယ်။ အမှားတွေက အချိန်ကြာလာရင် အမှန်လို့ ထင်မှတ်မှားမိကြပြီး အမှားတွေကိုပဲ အမှန် အထင်နဲ့ ဆက်လုပ်နေကြသူတွေလည်း ရှိကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူတိုင်းလိုလို မထင်မှတ်ဘဲ လုပ်မိတက်တဲ့ Gym ကစားခြင်းနဲ့ ပတ်သတ်တဲ့ အလေ့အထ အမှား တွေအကြောင်းပြောပြပေးချင်ပါတယ်။
(၁) ဝိတ် မ မခင် သွေးပူပြေးခြင်း
Photo : Best Life
ဝိတ်မ မခင် Cardio လေ့ကျင့်ခန်းတွေ ချက်ချင်းလုပ်တာ မကောင်းပါဘူး။ Cardio အလုပ်များတာကြောင့်ပဲ နောက်လာမယ့် လေ့ကျင့်ခန်းတွေ လုပ်ဖို့ အားအင်သိပ်မရှိသလို ဖြစ်ပြီး မြန်မြန်ဆန်ဆန် မောပန်းနွမ်းနယ်နိုင်ပါတယ်။ ခန္ဓာကိုယ် စွမ်းအင် နည်းနေချိန်မှာ ဝိတ်သွားမရင် သိပ်ပြီး ထိမှာလည်း မဟုတ်သလို ထိခိုက်ဒဏ်ရာပါ ရနိုင်ပါတယ်။
(၂) ဝိတ်တုံးအကြီးကြီး မ ခြင်း
Photo : Men’s Health
Gym ကစားသူတွေမှာ ကိုယ်ခန္ဓာပေါ်က အဆီတွေ ချဖို့ Light Weight မ ဖို့နဲ့ ဘော်ဒီတက်လာဖို့ Heavy Weight တွေ မ ရမယ်လို့ အယူအဆလွဲနေကြတယ်လို့ LA မှာရှိတဲ့ နာမည်ကြီး Gym Trainer အဲရစ် ဘိုးလင်းက ဆိုပါတယ်။ သူ့အဆိုအရ Gym ကစားရာမှာ ကိုယ့်ခန္ဓာကိုယ်ကို အကြိမ်တိုင်း စိန်ခေါ်နေရမယ်လို့ ပြောပါတယ်။ ကြွက်သားအတွက်ဆိုရင် Light Weight လည်း ကစားနိုင်ပြီး Heavy Weight ကို အဆီချဖို့အတွက်လည်း ဆော့ပေးလို့ရပါတယ်။
(၃) မနားဘဲနဲ့ ဆက်တိုက် ကစားခြင်း
Photo : Unsplash
Body Building လုပ်ရင်း မှားတတ်တာက အနားမယူဘဲ Gym ပဲ သွားသွားဆော့နေရင် ခရီးရောက်မယ် ထင်တာပါ။ အနားယူတာဟာ ခန္ဓာကိုယ် ကြွက်သားတွေ ဒဏ်ဖြစ်တာကို ပြန်ကောင်းစေပါတယ်။ မောနေရင် Gym ကစားတာ မမှန်ဖြစ်လာပြီး လူလည်း ပိုပြီး နာလာပါလိမ့်မယ်။ ခန္ဓာကိုယ်က အသံကို နားထောင်ဖို့ဟာ အားကစားလုပ်သူတွေမှာ အရေးကြီးပါတယ်။
(၄) ထိုင်ထ အကြိမ် ရာပေါင်းများစွာ လုပ်ခြင်း
တစ်နေ့ကို အခါတစ်ထောင် ထိုင်ထလုပ်လည်း ဗိုက်ချပ်မသွားပါဘူး။ ဗိုက်အဆီကျဖို့က အစားအသောက် ပေါ် မူတည်သလို ဘယ်နေရာကနေ ဒီအဆီတွေ ရောက်လာသလဲ ဆိုတာပါ ကြည့်ရမှာပါ။ ကယ်လိုရီ ထိန်းချုပ်တဲ့ Diet လုပ်တာတွေ ၊ ဝိတ်မတာနဲ့ Squats ထိုင်တာတွေကလည်း ဗိုက်ချပ်စေနိုင်ပါတယ်။
(၅) Workout လုပ်နေတုန်း ရေသောက်ခြင်း
Photo : Impact Sports CBD
အားကစားလုပ်ချိန်မှာ ရေဓာတ်ပြည့်နေဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် အားကစားခန်းထဲ မဝင်ခင် ၂ နာရီလောက် ၊ အားကစားလုပ်ပြီး ၂ နာရီလောက် ရေသောက်ပေးဖို့က ပိုအရေးကြီးပါတယ်။ ဝိတ်တစ်ခါ မ ပြီးတိုင်း ရေသောက်တာဟာ မှားပါတယ်။ အားကစားလုပ်တုန်း ရေသောက်များတာဟာ လှုပ်ရှားမှုကို လေးလံ နှေးကွေးစေပါတယ်။
Featured Photo : Unsplash