Gym ကစားတာ ဘာ dress Code မှ မလိုဘူး ဆိုပေမယ့် အားကစားလုပ်ချိန်မှာတောင် အများအကြား ကြည့်ကောင်းချင်တဲ့ Fashion Man တွေအဖို့တော့ Gym ကစားရာမှာလည်း ဖက်ရှင်ကျဖို့ အရေးကြီးတာပါပဲ။ Gym ဖက်ရှင် က သိပ်တော့လည်း အခက်ကြီး မဟုတ်ပါဘူး။
အားကစားဖက်ရှင်ကုမ္ပဏီတွေက ထုတ်တဲ့ Gym ဖက်ရှင် Brands တွေက သက်တောင့်သက်သာရှိမှု ၊ လိုက်ဖက်ပြီး ကြည့်ကောင်းမှုအပြင် တက်ကြွလှုပ်ရှားမှု နဲ့ အားကစားစွမ်းဆောင်ရည်အတွက်ပါ ထိထိရောက်ရောက် Support ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ Gym ကစားတဲ့ ယောကျာ်းဘသားတို့အတွက် လိုက်ဖက်တဲ့ Gym ဝတ်စားဆင်ယင်မှု ဖက်ရှင် ပုံစံအကြောင်း မျှဝေပေးချင်ပါတယ်။
(၁) Singlet & Shorts

Photo : Dmarge
Gym Kits တွေထဲမှာ အခြေခံအကျဆုံး ဖက်ရှင် က ချိုင်းပြတ် Singlet နဲ့ ဘောင်းဘီတို Shorts တွဲဝတ်တာပဲ ဖြစ်ပါတယ်။ လှုပ်ရှားရလွယ်သလို ပေါ့ပါးသလောက် ယောကျ်ားတွေနဲ့ လိုက်ဖက်တဲ့ စတိုင်လည်း ဖြစ်ပါတယ်။ ဘောင်းဘီတို Shorts ကိုတော့ အရောင်ရင့်ရင့်နဲ့ ချပ်ချပ် ရပ်ရပ် ရှိဖို့ပဲ လိုပါတယ်။
(၂) Compression Tights

Photo : Dmarge
Joggers တွေ ဝတ်တာက ဖက်ရှင် လည်း မိသလို Workout ကစားရာမှာလည်း ပေါ့ပါးလွတ်လပ်တာ မှန်ပါတယ်။ ဒါပေမယ့်လည်း Weight ကစားတဲ့သူတွေအတွက်တော့ Compression Tights ကိုယ်ကျပ်ဘောင်းဘီတွေ ဝတ်တာ ပိုကောင်းပါတယ်။ Slim Fit စတိုင်မျိုး ရွေးဖို့နဲ့ အနက် ၊ နက်ပြာလိုမျိုး Dark Block ကာလာတွေ ဦးစားပေး ရွေးချယ်သင့်ပါတယ်။
(၃) Essential Trainers

Photo : Dmarge
Gym မှာ စီးမယ့် ဖိနပ်ဟာ ရိုးရိုး Shoes တွေ အစား Training Sneakers တွေ ဖြစ်ဖို့ လိုပါတယ်။ အားကစားလုပ်ချိန် ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်တဲ့အပြင် လှုပ်ရှားမှုကိုပါ ထောက်ပံ့ပေးနိုင်လို့ ဖြစ်ပါတယ်။ ကာလာအနေနဲ့ အနက် နဲ့ မီးခိုးရောင်တွေက ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်လို့ ဦးစားပေး ရွေးချယ်နိုင်ပါတယ်။
(၄) Sports Socks
Photo : Dmarge
အားကစားလုပ်သူတွေအတွက် Sports Socks တွေက ခြေကျင်းဝတ်ကို ပံ့ပိုးပေးနိုင်သလို ခြေထောက်လှုပ်ရှားချက်တွေကိုပါ ပိုသွက်လက်စေနိုင်ပါတယ်။ Compression Sock တွေဆို Performance ကောင်းဖို့ လိုတဲ့ Bodybuilder သမားတွေ ဝတ်ကြပါတယ်။ Gym ကစားသူတို့အဖို့ ချွေးစုပ်နိုင်ပြီး ခြောက်သွေ့လွယ်မယ့် ချည်သားသုံး အဝတ်အစားမျိုး ရွေးချယ်သင့်ပါတယ်။ နာမည်ရ Sportswear ဖက်ရှင် အဝတ်အစားတွေမှာဆို ချွေးနံ့ထိန်းချုပ်နိုင်ပြီး ဘက်တီးရီးယားတွေ မကူးစက်အောင် ကာကွယ်နိုင်တဲ့ နည်းပညာတွေအထိ ပါဝင်လို့ Gym ဖက်ရှင်အတွက်ဆို Brand ရှိတဲ့ အားကစားအဝတ်အစားတွေ ရွေးချယ်ဖို့လည်း အကြံပေးချင်ပါတယ်။
Featured Photo : realmenrealstyle
 
											
				 
									
 
	 
	 
	 
	 
	 
	