Margarita ဆိုတာ မြောက်အမေရိကရဲ့ အကျော်ကြားဆုံး နဲ့ လူကြိုက်အများဆုံး ကော့တ်တေးလ်တွေထဲက တစ်ခုပါပဲ။ Blue Agave ၁၀၀% ကနေ ထုတ်လုပ်ထားတဲ့ Blanco Tequila နဲ့ Fresh Lime Juice သံပရာရည်လေးကြောင့် ချဉ်ပြီး ရှတတခံစားရပါတယ်။

fresh-margarita-cocktail-recipe

Photo : thespruceeats

Margarita မှာ လိမ္မော် Liqueur လည်း ပါလို့ ပေါ့ပေါ့ပါးပါး နဲ့ ခေါင်းကြည်စေရာ နွေရာသီ ကော့တ်တေးလ်အဖြစ် ဖော်စပ် သောက်သုံးကြပါတယ်။ Margarita တစ်ခွက် ဖော်စပ်ဖို့ Blanco Tequila ၂ အောင်စ ၊ Orange Liqueur ၁/၂ အောင်စ ၊ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ Lime Juice ၁ အောင်စ ၊ Agave Syrup ၁/၂ အောင်စ ၊ သံပရာခွံ ၊ Kosher ဆားအနည်းငယ် လိုပါတယ်။

ဖော်စပ်ပုံကတော့ Tequila ၊ Orange Liqueur ၊ Lime Juice နဲ့ Agave Syrup တို့ကို ရေခဲဖြည့်ထားတဲ့ Cocktail Shaker ထဲ ထည့်ပြီး ကောင်းကောင်းနှံ့သွားအောင် Shake ရပါတယ်။ ပြီးရင်တော့ ရေခဲသစ်ထည့်ထားတဲ့ ဖန်ခွက်တစ်ခုထဲ လောင်းထည့်ပြီး ခွက်အဝမှာ သံပရာခွံ နဲ့ Kosher Salt လေး ထည့်လိုက်ရင် ပြီးပြည့်စုံ Margarita တစ်ခွက် ရပြီ ဖြစ်ပါတယ်။

Featured Photo : simplyrecipes